တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
အောက်တိုဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္တြင္ အသက္(၁၉)ႏွစ္အရြယ္ လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုးမႈ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္(၉)နာရီ (၁၅)မိနစ္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဆခမ္းရပ္ကြက္ရိွ ေနအိမ္တြင္ အိမ္သာအတြင္း ႀကိဳးဆြဲခ်ေသဆံုးေနသည့္ သားျဖစ္သူ စိုင္းခမ္းဆီ၏ အေလာင္းကို မိခင္ျဖစ္သူက ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား သက္ဆုိင္ရာက စစ္ေဆးၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ ထမင္းစားေနရင္း ထသြားရာမွ ျပန္မေရာက္လာသျဖင့္ လုိက္ရွာရာ ေနအိမ္ေဘး အိမ္သာႏွင့္တြဲလ်က္ ေရခ်ိဳးခန္းအတြင္း ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္သည္ဟု ေသဆံုးသူ၏ ဖခင္က ေျပာျပေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးထံမွ သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၃၂/၂၀၁၈ ျဖင့္ အမႈဖြင့္ ထားျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြင္း (၈)ခုေျမာက္ ႀကိဳးဆြဲခ် ေသဆံုးမႈျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်(၉)နာရီ (၁၅)မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်ရှိ နေအိမ်တွင် အိမ်သာအတွင်း ကြိုးဆွဲချသေဆုံးနေသည့် သားဖြစ်သူ စိုင်းခမ်းဆီ၏ အလောင်းကို မိခင်ဖြစ်သူက တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား သက်ဆိုင်ရာက စစ်ဆေးပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူမှာ ထမင်းစားနေရင်း ထသွားရာမှ ပြန်မရောက်လာသဖြင့် လိုက်ရှာရာ နေအိမ်ဘေး အိမ်သာနှင့်တွဲလျက် ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ ဖခင်က ပြောပြကြောင်း တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးထံမှ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃၂/၂၀၁၈ ဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်အတွင်း (၈)ခုမြောက် ကြိုးဆွဲချ သေဆုံးမှုဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~