တာချီလိတ်တွင် အုတ်၊သဲ၊ကျောက်၊မြေ သယ်ယာဉ်များ စည်းကမ်းလိုက်နာရန် စည်ပင်က သတိပေးထားသော်လည်း လိုက်နာမှု အားနည်း
တာချီလိတ်တွင် အုတ်၊သဲ၊ကျောက်၊မြေ သယ်ယာဉ်များ စည်းကမ်းလိုက်နာရန် စည်ပင်က သတိပေးထားသော်လည်း လိုက်နာမှု အားနည်း
အောကျတိုဘာ 14, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ် ဖိတ်ကျမှု မရှိစေဘဲ သယ်ဆောင်ရန် အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်ပေါင်း(၂၀)ပညာပေး ဆောင်ရွက်ပြီးနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒေဖြင့် အရေးယူမှုများ လုပ်ဆောင် နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့တွင်လည်း အုတ်၊သဲကျောက်နှင့် ထုံးသယ်သည့်ယာဉ်များကြောင့် လမ်းပေါ် ဖိတ်စင်မှုများရှိသဖြင့် စည်ပင်သာယာရေးဌာနက လုပ်ငန်းရှင်များအား သတိပေးစာများ ထုတ်ထားပြီး အရေးယူမှုဆောင်ရွက်ထားကြောင်း သိရသည်။
ကျိုင်းတုံနှင့် တာလေတို့တွင် အုတ်၊သဲ၊ကျောက်၊ ထုံး၊ မြေသယ်ယာဉ်များအနေဖြင့် ပစ္စည်းများ သယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှု မရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ ဘေးဘောင်သို့ကျော်၍ တင်ဆောင်ခြင်း မပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်းမပြုရန်တို့ကို ပညာပေးလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အုတ်သဲကျောက်မြေသယ်ယာဉ်များ အဖုံးအကာမပါဘဲ သယ်ယူနေသဖြင့် လမ်းပေါ်တွင် ဖိတ်စင်မှုများကြောင့် လမ်းအန္တရာယ်ဖြစ်စေသည့် အတွက် သတိပေးစာ ထုတ်ထားသော်လည်း လိုက်နာမှု အားနည်းနေကြောင်း စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။
"ကျွန်တော်တို့ဌာန အနေနဲ့ အုတ်၊သဲ၊ကျောက်လုပ်ငန်းရှင်တွေကို ဖုံးအုပ်သယ်ဆောင်ဖို့ဆိုပြီး စာထုတ်ထားသေးတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းတယ်။ မြေသယ်ယာဉ်တွေ ဖုံးအုပ်သယ်ဆောင်မှု မရှိတာတွေကို ယာဉ်ထိန်းတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးဖို့တော့ အစီအစဉ်တော့ ရှိတယ်။ လမ်းမပေါ် တအားကျတော့ မိုးရွာရင် လမ်းပေါ်မှာ ဗွက်တွဖြေစ်တယ်လေ။ အဲဒီအတွက် ကျွန်တော်တို့ စာထုတ် တားလိုက်တာပါ။ ကျွန်တော်တို့ စည်ပင်သာယာနယ်နမိတ် မြို့တွင်းက လုပ်ငန်းရှင်တွေကို တားတာပေါ့။ ဒါပေမဲ့ စာထုတ်လည်း သက်ဆိုင်ရာ လုပ်ငန်းရှင်တွေက ပြောနိုင်တဲ့သူက ပြောတယ်။ မပြောနိုင်တဲ့သူက မပြောဘူး အဲဒီလိုဖြစ်နေတယ် ထင်တယ်။ လိုက်နာမှုအားနည်းတော့ ယာဉ်ထိန်းတပ်ဖွဲ့နဲ့ ပေါင်းပြီး ပညာပေးက ပိုထိရောက်မယ်လို့ ယူဆတဲ့အတွက် ပညာပေးတော့ လုပ်ဖို့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ် ဖိတ်ကျမှု မရှိစေဘဲ သယ်ဆောင်ရန် အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်ပေါင်း(၂၀)ပညာပေး ဆောင်ရွက်ပြီးနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒဖြေင့် အရေးယူမှုများ လုပ်ဆောင် နခြေင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလမြေို့တွင်လည်း အုတ်၊သဲကျောက်နှင့် ထုံးသယ်သည့်ယာဉ်များကြောင့် လမ်းပေါ် ဖိတ်စင်မှုများရှိသဖြင့် စည်ပင်သာယာရေးဌာနက လုပ်ငန်းရှင်များအား သတိပေးစာများ ထုတ်ထားပြီး အရေးယူမှုဆောင်ရွက်ထားကြောင်း သိရသည်။
“ဒီမှာတော့ မြေသယ်တာ မရှိဘူး။ ထုံးသယ်တဲ့ကားတွေက ဖိတ်စင်တာတွေတော့ ရှိတယ်။ သဲထုတ်တဲ့ လုပ်ငန်းတော့ရှိတယ်။ သဲတင်တဲ့ယာဉ်တွေ စည်းကမ်းလိုက်နာဖို့လည်း သဲထုတ်လုပ်ငန်းရှင်အသင်းကို စည်ပင်က အသိပေးထားတယ်။ စည်ပင်က ကောင်းကောင်းဆောင်ရွက်ထားတာတွေ့ရပါတယ်”ဟု တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက ပြောသည်။
ကျိုင်းတုံနှင့် တာလေတို့တွင် အုတ်၊သဲ၊ကျောက်၊ ထုံး၊ မြေသယ်ယာဉ်များအနဖြေင့် ပစ္စည်းများ သယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှု မရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ ဘေးဘောင်သို့ကျော်၍ တင်ဆောင်ခြင်း မပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်းမပြုရန်တို့ကို ပညာပေးလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~