မႏၱေလးမွ မူဆယ္သို႔ ေက်ာက္စိမ္းျဖတ္စမ်ား သယ္ေဆာင္လာသူကို ေရပူအၿမဲတမ္းစစ္ေဆးေရးအဖြဲ႔မွ ဖမ္းဆီးရမိ

မႏၱေလးမွ မူဆယ္သို႔ ေက်ာက္စိမ္းျဖတ္စမ်ား သယ္ေဆာင္လာသူကို ေရပူအၿမဲတမ္းစစ္ေဆးေရးအဖြဲ႔မွ ဖမ္းဆီးရမိ
အောက်တိုဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မႏၱေလးမွ မူဆယ္သို႔ ေက်ာက္စိမ္းျဖတ္စမ်ား သယ္လာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ယာဥ္ေမာင္းကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ညေန(၅)နာရီခြဲက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕သည္ မူဆယ္ဘက္သို႔ အတက္ယာဥ္မ်ားကို စစ္ေဆးေနစဥ္ ခရီးသည္တစ္ဦး တင္ေဆာင္လာၿပီး မႏၱေလးမွ မူဆယ္သို႔ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္၏ေနာက္ဘက္ထိုင္ခံုေအာက္တြင္ ဝွက္၍ သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္စိမ္းမ်ား တရားမဝင္သယ္လာသည့္ ယာဥ္ေမာင္း သုေမာင္အား အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးေပၚရိွ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ေန႔ကလည္း မူဆယ္ဘက္သို႔ ေက်ာက္စိမ္းမ်ား တရားမဝင္ သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးကို ဖမ္းမိၿပီး ယာဥ္ေမာင္းတစ္ဦး ထြက္ေျပးလြတ္ေျမာက္သြားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - အေကာက္ခြန္ဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မန္တလေးမှ မူဆယ်သို့ ကျောက်စိမ်းဖြတ်စများ သယ်လာသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ညနေ(၅)နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မူဆယ်ဘက်သို့ အတက်ယာဉ်များကို စစ်ဆေးနေစဉ် ခရီးသည်တစ်ဦး တင်ဆောင်လာပြီး မန္တလေးမှ မူဆယ်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်၏နောက်ဘက်ထိုင်ခုံအောက်တွင် ဝှက်၍ သယ်လာသည့် ကျောက်စိမ်းဖြတ်စများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းများ တရားမဝင်သယ်လာသည့် ယာဉ်မောင်း သုမောင်အား အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ကလည်း မူဆယ်ဘက်သို့ ကျောက်စိမ်းများ တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီးကို ဖမ်းမိပြီး ယာဉ်မောင်းတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~