အျခားသီးႏွံအမ်ိဳးအစားမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ထုတ္ေခ်းေငြ တိုးျမႇင့္သတ္မွတ္

အျခားသီးႏွံအမ်ိဳးအစားမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ထုတ္ေခ်းေငြ တိုးျမႇင့္သတ္မွတ္
အောက်တိုဘာ 20, 2018
By Tachileik News Agency

၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္တြင္  အျခားသီးနွံ အမ်ိဳးအစားအတြက္ တစ္ဧကလွ်င္ စုိက္ပ်ဳိးစရိတ္ေခ်းေငြ က်ပ္(၅၀,၀၀၀)မွ က်ပ္ (၁၀၀,၀၀၀)အထိ တိုးျမႇင့္ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ထုတ္ေပးရာတြင္ ေဆာင္းေခ်းေငြအျဖစ္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ေန႔မွ ဒီဇင္ဘာလကုန္အထိ၊ မိုးႀကိဳေခ်းေငြကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ မတ္လကုန္အထိ၊ မိုးေခ်းေငြကို ၂၀၁၉ ခုႏွစ္ ေမလ(၂)ရက္ေန႔မွ စက္တင္ဘာလကုန္အထိ ျမန္မာ့လယ္ယာစိုက္ပ်ိဳးေရးဘဏ္မ်ားမွ ထုတ္ေခ်း ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို တိုးျမႇင့္ထုတ္ေခ်းေပးေနရာ ၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္တြင္ စပါးသီးႏွံအတြက္ တစ္ဧကလွ်င္ က်ပ္(၁၀၀,၀၀၀)မွ က်ပ္(၁၅၀,၀၀၀)သို႔ လည္းေကာင္း၊ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ အျခားသီးႏွံမ်ားအတြက္ တစ္ဧကလွ်င္ က်ပ္(၂၀,၀၀၀)မွ (၅၀,၀၀၀)သို႔ လည္းေကာင္း၊ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ အျခားသီးႏွံမ်ားအတြက္ တစ္ဧကလွ်င္ က်ပ္(၅၀,၀၀၀)မွ က်ပ္ (၁၀၀,၀၀၀)သို႔ လည္းေကာင္း အသီးသီး တိုးျမႇင့္ထုတ္ေခ်းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စုိက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးရာတြင္ ေတာင္သူတစ္ဦးခ်င္း ၎တို႔ပိုင္ဆုိင္ေသာ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပံုစံ - ၇)မူရင္းကို ဘဏ္သို႔အေပါင္ထား၍ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် အခြားသီးနှံ အမျိုးအစားအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၅၀,ဝဝဝ)မှ ကျပ် (၁၀၀,ဝဝဝ)အထိ တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးရာတွင် ဆောင်းချေးငွေအဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ၊ မိုးကြိုချေးငွေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မတ်လကုန်အထိ၊ မိုးချေးငွေကို ၂၀၁၉ ခုနှစ် မေလ(၂)ရက်နေ့မှ စက်တင်ဘာလကုန်အထိ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်များမှ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးနေရာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စပါးသီးနှံအတွက် တစ်ဧကလျှင် ကျပ်(၁၀၀,ဝဝဝ)မှ ကျပ်(၁၅၀,ဝဝဝ)သို့ လည်းကောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ်(၂၀,ဝဝဝ)မှ (၅၀,ဝဝဝ)သို့ လည်းကောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ်(၅၀,ဝဝဝ)မှ ကျပ် (၁၀၀,ဝဝဝ)သို့ လည်းကောင်း အသီးသီး တိုးမြှင့်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးချင်း၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇)မူရင်းကို ဘဏ်သို့အပေါင်ထား၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~