တာချီလိတ်တွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော် ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်မည်
တာချီလိတ်တွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော် ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်မည်
အောကျတိုဘာ 22, 2018
By Tachileik News Agency
ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ရန် အတွက် အောက်တိုဘာလ (၆)ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ (၂၁)ရက်နေ့က တစ်ကြိမ် တွေ့ဆုံကာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီးနောက် ပွဲတော်ရက်အား ဒီဇင်ဘာလ (၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျင်းပရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ကျင်းပမည့်  ၂၁၁၃ခုနှစ်  ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော်အား ကြိုဆိုသည့်အနေဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့(TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင်ပြီး နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၁၂)သင်းမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Tachileik News Agency
ဓါတ်ပုံ - STZL ၊ SNT
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ (၇)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ရန် အတွက် အောက်တိုဘာလ (၆)ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ (၂၁)ရက်နေ့က တစ်ကြိမ် တွေ့ဆုံကာ အစည်းအေဝး ကျင်းပပြုလုပ်ခဲ့ပြီးနောက် ပွဲတော်ရက်အား ဒီဇင်ဘာလ (၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျင်းပရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
"အခု ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းမှာ ဆောက်နေတဲ့ အဆောက်အဦး ရန်ပုံငွေအတွက် ပွဲတော်ကာလအတွင်းမှာတော့ ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်လည်း စီစဉ်ထားကြပါတယ်။ ကားဖောက် ပေးမလား ဘာဖောက်ပေးမလားတော့ မသိရသေးပါဘူး၊ ထပ်ပြီးဆွေးနွေးကြဦးမှာပါ၊ တခြား အစီအစဉ်တွေအနေနဲ့ကတော့ ပြခန်း ပြထားဖို့ရှိတယ်၊ နောက်ပြီး ပွဲဈေးမှာ ရှမ်းတိုင်းရင်းသားရိုးရာ ဝတ်အထည်နဲ့ အသုံးအဆောင်တွေ ရောင်းတာတွေရှိပါမည်၊ နောက်ပြီး တခြားအစီအစဉ်တွေကတော့ အရင်နှစ်လိုပါပဲ"ဟု တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဌ ( တာလမြေို့ ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူး ) ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ပွဲတော်အား ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဒီဇင်ဘာလ(၆)ရက်နေ့တွင် သီဆိုဖျော်ဖြေမှုများဖြင့် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာလ(၇)ရက်နေ့ ညပိုင်းတွင် နှစ်သစ်ကြိုဆိုပွဲ ကျင်းပမည်ဖြစ်ကြောင်း နှင့် ဒီဇင်ဘာလ(၉)ရက်နေ့တွင် တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဘုန်းကြီးကျောင်းတွင် ရေစက်ချတရားနာမည့် အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးရာ အစဉ်အလာအဖြစ် အိမ်တိုင်ရာရောက် မေတ္တာပို့ ဆုမွန်ကောင်းတောင်းခြင်းနှင့် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သခြင်း (တုတ်ဆူး) အစီအစသ်အား ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ရပ်ကွက်အလိုက် စတင်မည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် ကျင်းပမည့် ၂၁၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော်အား ကြိုဆိုသည့်အနဖြေင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့(TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင်ပြီး နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၁၂)သင်းမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - STZL၊ SNT
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~