Writen by
Web Admin
11:41:00 AM
-
0
Comments
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ သီတင္းကၽြတ္လျပည့္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄) ရက္ေန႔ နံနက္ပိုင္းမွစ၍ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ အပါအဝင္ ၿမိဳ႕တြင္း လည္ပတ္ရာ ေနရာမ်ားတြင္ ဘုရားဖူးသူမ်ား၊ လာေရာက္လည္ပတ္သူမ်ားျဖင့္ စည္ကားေနသည္ကို ေတြ႔ရသည္။
ယေန႔ သီတင္းကြ်တ္လျပည့္ေန႔ ေအာက္တိုဘာလ(၂၄)ရက္ေန႔ ညေနပိုင္းတြင္ တာခ်ီလိတ္ေရႊတိဂံု ေစတီေတာ္၌ ပ႒ာန္းရြတ္ပြဲ၏ ဆုေပးပြဲႏွင့္အတူ ည(၆)နာရီတြင္ ဆီမီးတစ္ေထာင္ ကပ္လွဴပူေဇာ္ပြဲအား က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ေဒသတြင္းမွ အလုပ္ပိတ္ရက္အတြင္း လည္ပတ္သူမ်ားအျပင္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားမွ ဝင္ေရာက္လည္ပတ္သည့္ ထုိင္းႏိုင္ငံသားမ်ား၊ တတိယႏုိင္ငံသားခရီးသြားမ်ားလည္း လာေရာက္ လည္ပတ္ၾကျခင္း ျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းမှစ၍ တာချီလိတ်ရွှေတိဂုံစေတီတော် အပါအဝင် မြို့တွင်းလည်ပတ်ရာ နေရာများတွင် ဘုရားဖူးသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ(၂၄)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ရွှေတိဂုံစေတီတော်၌ ပဋ္ဌာန်းရွတ်ပွဲ၏ ဆုပေးပွဲနှင့်အတူ ည(၆)နာရီတွင် ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းမှ အလုပ်ပိတ်ရက်အတွင်း လည်ပတ်သူများအပြင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ရောက်လည်ပတ်သည့် ထိုင်းနိုင်ငံသားများ၊ တတိယနိုင်ငံသားခရီးသွားများလည်း လာရောက် လည်ပတ်ကြခြင်း ဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - #ဆန်းဖြိုးထွန်း
No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::