ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတြင္ ေက်ာက္စိမ္းတံုး ႏွင့္ မီးေသြးအိတ္မ်ား တင္ေဆာင္ထားသည့္ ေမာ္ေတာ္ယာဥ္တို႔အား ဖမ္းဆီးရမိ

ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတြင္ ေက်ာက္စိမ္းတံုး ႏွင့္ မီးေသြးအိတ္မ်ား တင္ေဆာင္ထားသည့္ ေမာ္ေတာ္ယာဥ္တို႔အား ဖမ္းဆီးရမိ
အောက်တိုဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတြင္ ေက်ာက္စိမ္းတံုးမ်ား သယ္လာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ မီးေသြးအိတ္မ်ား တင္လာသည့္ ေမာ္ေတာ္ယာဥ္တို႔ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၂)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းမႀကီးတြင္ ကုန္ပစၥည္းမ်ား တရားမဝင္ သယ္ေဆာင္မႈကို စစ္ေဆးသည့္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းရိွ ပူးေပါင္း စစ္ေဆးေရးအဖြဲ႕က ေန႔လယ္(၁)နာရီအခ်ိန္တြင္ စစ္ေဆးေရးဂိတ္တြင္ အစစ္ေဆးခံေနသည့္ ယာဥ္တန္းမ်ား အတြင္းမွ Nissan Wingroad ေမာ္ေတာ္ယာဥ္၏ ၾကမ္းခင္းအံဝွက္ျဖင့္ သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္၌ ပူးေပါင္းအဖြဲ႕မ်ား စစ္ေဆးမႈ ေခတၱရပ္နားစဥ္ ျဖတ္သန္း သြားသည့္ ေမာ္ေတာ္ယာဥ္မ်ားအနက္ (၁၂)ဘီးယာဥ္တစ္စီးအား မသကၤာသျဖင့္ လိုက္လံစစ္ေဆးရာ ပိန္းဆာေက်းရြာ အနီးတြင္ တားဆီးႏုိင္ခဲ့ၿပီး မီးေသြးအိတ္မ်ား တင္လာသည္ကို စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ တရားမဝင္သယ္ေဆာင္လာသည့္ ပစၥည္းမ်ားကို သက္ဆုိင္ရာ ဌာနမ်ားက အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ကျောက်စိမ်းတုံးများ သယ်လာသည့် မော်တော်ယာဉ်နှင့် မီးသွေးအိတ်များ တင်လာသည့် မော်တော်ယာဉ်တို့ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် ကုန်ပစ္စည်းများ တရားမဝင် သယ်ဆောင်မှုကို စစ်ဆေးသည့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းရှိ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က နေ့လယ်(၁)နာရီအချိန်တွင် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံနေသည့် ယာဉ်တန်းများ အတွင်းမှ Nissan Wingroad မော်တော်ယာဉ်၏ ကြမ်းခင်းအံဝှက်ဖြင့် သယ်လာသည့် ကျောက်စိမ်းများကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေ့လယ် (၁)နာရီခွဲဝန်းကျင်၌ ပူးပေါင်းအဖွဲ့များ စစ်ဆေးမှု ခေတ္တရပ်နားစဉ် ဖြတ်သန်း သွားသည့် မော်တော်ယာဉ်များအနက် (၁၂)ဘီးယာဉ်တစ်စီးအား မသင်္ကာသဖြင့် လိုက်လံစစ်ဆေးရာ ပိန်းဆာကျေးရွာ အနီးတွင် တားဆီးနိုင်ခဲ့ပြီး မီးသွေးအိတ်များ တင်လာသည်ကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် တရားမဝင်သယ်ဆောင်လာသည့် ပစ္စည်းများကို သက်ဆိုင်ရာ ဌာနများက အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~