က်ိဳင္းတံုၿမိဳ႕ RCM ဘုရားေက်ာင္းတြင္ ယာဥ္ထိန္းႏွင့္ကညနတို႔ ပူးေပါင္းကာ ယာဥ္/လမ္းစည္းကမ္း အသိပညာေပးကာ ယာဥ္ေမာင္းလုိင္စင္မ်ား စိစစ္ထုတ္ေပး

က်ိဳင္းတံုၿမိဳ႕ RCM ဘုရားေက်ာင္းတြင္ ယာဥ္ထိန္းႏွင့္ကညနတို႔ ပူးေပါင္းကာ ယာဥ္/လမ္းစည္းကမ္း အသိပညာေပးကာ ယာဥ္ေမာင္းလုိင္စင္မ်ား စိစစ္ထုတ္ေပး
အောက်တိုဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (က်ိဳင္းတုံခရိုင္)ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတို႔ ပူးေပါင္း၍ ယာဥ္စည္းကမ္းလမ္းစည္းကမ္း အသိပညာ ေပးျခင္းႏွင့္အတူ ယာဥ္ေမာင္းလိုင္စင္ စိစစ္ ထုတ္ေပးျခင္းတို႔ကို RCM ဘုရားေက်ာင္း၌ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္ေန႔ နံနက္ပိုင္းက ေဆာင္ရြက္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္၊လမ္းစည္းကမ္း အသိပညာေပးပြဲသို႔ ေဒသခံ(၁၂၅)ဦး တက္ေရာက္ၾကရာ အသိပညာ ေပးမႈမ်ားႏွင့္ အတူ ဆိုင္ကယ္မ်ားႏွင့္ ဆိုင္ကယ္ဦးထုပ္မ်ားတြင္ တပ္ဆင္ႏိုင္ရန္အတြက္ ေရာင္ျပန္ စတစ္ကာမ်ား ျဖန္႕ေဝေပးျခင္း၊ ယာဥ္ေမာင္းလိုင္စင္မ်ားကို စာေတြ႕ႏွင့္ လက္ေတြ႕ စစ္ေဆးကာ ထုတ္ေပးျခင္း တို႔ကိုပါ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ယာဥ္စည္းကမ္း လမ္းစည္းကမ္း ေဟာေျပာရာတြင္ ယာဥ္သြားလာမႈဆိုင္ရာ စည္းကမ္းမ်ားႏွင့္ ယာဥ္တိုက္မႈ အမွား၊ အမွန္မ်ားႏွင့္ ပတ္သက္၍ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (က်ိဳင္းတုံခရိုင္)မွ ရဲအုပ္ေစာသန္းဦးက ရွင္းလင္းေျပာၾကားၿပီး ကုန္းလမ္းပို႕ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ စစ္ေဆးေရးမွဴး (၂) ဦးေအာင္မိုးက လမ္းညႊန္အမွတ္အသားမ်ားအေၾကာင္းကို ရွင္းလင္းေျပာၾကားေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - KZA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံခရိုင်)နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာ ပေးခြင်းနှင့်အတူ ယာဉ်မောင်းလိုင်စင် စိစစ် ထုတ်ပေးခြင်းတို့ကို RCM ဘုရားကျောင်း၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ယာဉ်၊လမ်းစည်းကမ်း အသိပညာပေးပွဲသို့ ဒေသခံ(၁၂၅)ဦး တက်ရောက်ကြရာ အသိပညာ ပေးမှုများနှင့် အတူ ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဦးထုပ်များတွင် တပ်ဆင်နိုင်ရန်အတွက် ရောင်ပြန် စတစ်ကာများ ဖြန့်ဝေပေးခြင်း၊ ယာဉ်မောင်းလိုင်စင်များကို စာတွေ့နှင့် လက်တွေ့ စစ်ဆေးကာ ထုတ်ပေးခြင်း တို့ကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောရာတွင် ယာဉ်သွားလာမှုဆိုင်ရာ စည်းကမ်းများနှင့် ယာဉ်တိုက်မှု အမှား၊ အမှန်များနှင့် ပတ်သက်၍ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံခရိုင်)မှ ရဲအုပ်စောသန်းဦးက ရှင်းလင်းပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး (၂) ဦးအောင်မိုးက လမ်းညွှန်အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~