တာခ်ီလိတ္တြင္ အမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရမႈ ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔မွ စံုစမ္းေနဆဲ

တာခ်ီလိတ္တြင္ အမ်ဳိးသမီးတစ္ဦး ျပန္ေပးဆြဲခံရမႈ ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔မွ စံုစမ္းေနဆဲ
အောက်တိုဘာ 5, 2018
By Tachileik News Agency


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေဝွေလလန္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ နံနက္(၉)နာရီေက်ာ္က အမည္မသိ လူ(၄)ဦးႏွင့္ ယာဥ္ေမာင္း(၁)ဦးပါဝင္သည့္ အဖြဲ႕က ေနအိမ္ေစ်းဆုိင္တြင္ ေစ်းေရာင္းေနသည့္ အမ်ိဳးသမီးတစ္ဦးကို ေသနတ္ျဖင့္ ၿခိမ္းေျခာက္ ေခၚေဆာင္သြားမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ နံနက္(၈)နာရီခြဲဝန္းက်င္က ဖမ္းဆီးေခၚေဆာင္ခံရသည့္ အမ်ိဳးသမီး၏ ေနအိမ္မွာ ဝမ္ပံုရဲစခန္းႏွင့္ (၁၃)မုိင္အကြာတြင္ရိွၿပီး ေဝွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္း၏ အနီးတြင္ ရိွေၾကာင္း သိရသည္။

“ဂိတ္နဲ႔ေတာ့ အရမ္းမေဝးဘူး။ ဂိတ္ကေတာ့ ပူးေပါင္းအဖြဲ႕နဲ႔ ဂိတ္တာဝန္လုပ္တာေပါ့။ နယ္ေျမ စိုးမိုးေရးကေတာ့ ကၽြန္ေတာ္တုိ႔ေတြ လုပ္ရတာေပါ့။ သူတို႔က ဂိတ္ဧရိယာမွာ ဝင္ထြက္သြားလာတာပဲ စစ္ေဆးခြင့္ ရိွတာေပါ့။ ဖမ္းဆီးထြက္ေျပးတဲ့ကားက ဒီဂိတ္ဘက္ကေန ထြက္တာ မဟုတ္ဘူး။ ဟိုဘက္ ေတာင္ေပၚဘက္ မလိပါေကာ္ဘက္ကို ထြက္တဲ့ ေတာလမ္းဘက္ကို ထြက္သြားတာ”ဟု ဝမ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ ေမာင္ေမာင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ(၄)ရက္ေန႔က ေျပာသည္။

ေဝွေလလန္ေက်းရြာမွာ အသက္(၅၀)အရြယ္ ေဒၚအီနန္းကို အမည္မသိလူတစ္စုက ဆုိင္ခန္းအတြင္း ဝင္ေရာက္ ဖမ္းဆီးေခၚေဆာင္သြားခဲ့သျဖင့္ ဝမ္ပုံနယ္ေျမရဲစခန္းတြင္ (ပ)၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ - ၃၆၅ ျဖင့္ အမႈဖြင့္ထားၿပီး ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency

( ရုပ္သံ )
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၉)နာရီကျော်က အမည်မသိ လူ(၄)ဦးနှင့် ယာဉ်မောင်း(၁)ဦးပါဝင်သည့် အဖွဲ့က နေအိမ်ဈေးဆိုင်တွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက် ခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီး၏ နေအိမ်မှာ ဝမ်ပုံရဲစခန်းနှင့် (၁၃)မိုင်အကွာတွင်ရှိပြီး ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်း၏ အနီးတွင် ရှိကြောင်း သိရသည်။

“ဂိတ်နဲ့တော့ အရမ်းမဝေးဘူး။ ဂိတ်ကတော့ ပူးပေါင်းအဖွဲ့နဲ့ ဂိတ်တာဝန်လုပ်တာပေါ့။ နယ်မြေ စိုးမိုးရေးကတော့ ကျွန်တော်တို့တွေ လုပ်ရတာပေါ့။ သူတို့က ဂိတ်ဧရိယာမှာ ဝင်ထွက်သွားလာတာပဲ စစ်ဆေးခွင့် ရှိတာပေါ့။ ဖမ်းဆီးထွက်ပြေးတဲ့ကားက ဒီဂိတ်ဘက်ကနေ ထွက်တာ မဟုတ်ဘူး။ ဟိုဘက် တောင်ပေါ်ဘက် မလိပါကော်ဘက်ကို ထွက်တဲ့ တောလမ်းဘက်ကို ထွက်သွားတာ”ဟု ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၄)ရက်နေ့က ပြောသည်။

ဝှေလေလန်ကျေးရွာမှာ အသက်(၅၀)အရွယ် ဒေါ်အီနန်းကို အမည်မသိလူတစ်စုက ဆိုင်ခန်းအတွင်း ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ)၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၆၅ ဖြင့် အမှုဖွင့်ထားပြီး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~