ရှမ်းပြည်နယ်အတွင်းမှ အနေကြာ ရဲအုပ်(၈၉)ဦးကို ဌာနချုပ် အပါအ၀င် တိုင်းဒေသကြီး(၅)ခုသို့ ပြောင်းရွှေ့
ရှမ်းပြည်နယ်အတွင်းမှ အနေကြာ ရဲအုပ်(၈၉)ဦးကို ဌာနချုပ် အပါအ၀င် တိုင်းဒေသကြီး(၅)ခုသို့ ပြောင်းရွှေ့
အောက်တိုဘာ 25, 2018
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်းမှ အနေကြာ ရဲအုပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင် (၈၉)ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အပါအ၀င် တိုင်းဒေသကြီး (၅)ခုသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ ရက်စွဲဖြင့် ပြောင်းရွှေ့တာဝန် ချထားလိုက်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်းမှ အနကြော ရဲအုပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင် (၈၉)ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် တိုင်းဒေသကြီး(၅)ခုသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ ရက်စွဲဖြင့် ပြောင်းရွှေ့တာဝန် ချထားလိုက်ကြောင်း သိရသည်။
“ရှမ်းပြည်နယ် အတွင်း ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့ အနကြော အားလုံးရွှေ့ရတာ။ (၉)နှစ်နဲ့ အထက် အနကြောတွေပေါ့။ စုစုပေါင်း (၈၉)ဦး ရွှေ့ရတယ်။ တာချီလိတ်က (၈)ယောက်လောက်တော့ ပါတယ်၊”ဟု တာချီလိတ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းမှ ပြောင်းရွှေ့ တာဝန်ချထားခြင်း ခံရသည့် ရဲအုပ်(၈၉)ဦးတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ (၂)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးသို့ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ (၆)ဦး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ (၂၂)ဦး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ (၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ (၄၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ (၁၅)ဦးတို့ ပါဝင်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~