Update News

ေရသန္႔စက္ရံုမ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား အျဖစ္ ပူးေပါင္းအဖြဲ႔ျဖင့္ မေကြးတြင္ ေဆာင္ရြက္

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕ေပၚရိွ ေသာက္ေရသန္႔ထုတ္လုပ္သည့္ စက္ရံုမ်ားကို (၆)လတစ္ႀကိမ္ ပံုမွန္ စစ္ေဆးေနရာမွ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ FDA ဦးေဆာင္သည့္ အဖြဲ႕က ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာ ေထာက္ခံခ်က္ မရိွဘဲ ထုတ္လုပ္သည့္စက္ရံု မေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ေရွာင္တခင္စစ္ေဆးမႈအား FDA အဖဲြ႔ႏွင့္အတူ စားသံုးသူေရးရာဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔တို႔ ပူးေပါင္း ပါဝင္ေၾကာင္း သိရၿပီး မေကြး ၿမိဳ႕ေပၚရိွ  ေရသန္႔စက္ရံု(၁၂)ရံုကို စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

“ဝန္ႀကီးခ်ဳပ္ရဲ႕လမ္းညႊန္မႈ၊ တိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖဲြ႔ဥကၠဌရဲ႕ ညႊန္ၾကားခ်က္နဲ႔  တိုင္းေဒသႀကီးအတြင္းမွာ FDA ေထာက္ခံခ်က္မရိွဘဲ ေရသန္႔ထုတ္လုပ္ျဖန္႔ျဖဴးေနတဲ့စက္ရံုေတြနဲ႔ ခြင့္ျပဳခ်က္ရိွေပမဲ့ စည္းနဲ႔ မူနဲ႔ မညီတဲ့စက္ေတြကို ေရွာင္တခင္ ကြင္းဆင္းစစ္ေဆးတာပါ။ တစ္တိုင္းလံုးအေနနဲ႔ ေရွာင္တခင္စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္” ဟု မေကြးတိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) မေကြးတိုင္းတာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၏ ဦးေဆာင္မႈျဖင့္ ေရသန္႔စက္ရံုမ်ားအား စစ္ေဆးျခင္းကို ပံုမွန္စစ္ေဆးမႈမ်ားအျပင္ ေရွာင္တခင္စစ္ဆးမႈမ်ားလည္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေရသန္႔လို႔ေျပာၿပီး ထုတ္လုပ္ျဖန္႔ျဖဴးေနတဲ့ေရဟာ အမွန္တကယ္ ေရသန္႔ျဖစ္ဖို႔ လိုပါတယ္။ ဒီေနရာမွာ စားသံုးသူေတြကို အသိေပးခ်င္ပါတယ္။ တစ္ကမာၻလံုးက သတ္မွတ္ထားတာက PH 6.5 ကေန PH 8.5 အတြင္းမွာရိွရင္ ေသာက္သံုးရန္သင့္တဲ့ေရလို႔ သတ္မွတ္ပါတယ္။ စားသံုးသူအေတာ္မ်ားမ်ားက PH 7 ျပည့္မွ ေရသန္႔လို႔ မွတ္ယူေနၾကၿပီး အျပင္မွာ ေဝဖန္မႈေတြရိွေနတာက PH 7 မဟုတ္ဘဲနဲ႔ FDA က ခြင့္ျပဳတယ္လို႔ ျဖစ္ေနတာေတြရိွေနတာေၾကာင့္ အဲဒီလို မဟုတ္ဘူးဆိုတာ သိေစခ်င္ပါတယ္”ဟု ေဒါက္တာ ျပည့္ထူးက ဆိုသည္။

ေရသန္႔အတြင္း အမႈန္အမႊားပမာဏကို စစ္ေဆးရာတြင္ အမႈန္အမႊားပါဝင္မႈပမာဏ (၄)အထိ ခြင့္ျပဳထားၿပီး ပံုမွန္ေရတြင္ အမႈန္အမႊားပါဝင္မႈမွာ (၂၀၀)ခန္႔ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္



 

~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံများကို (၆)လတစ်ကြိမ် ပုံမှန် စစ်ဆေးနေရာမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့တွင် FDA ဦးဆောင်သည့် အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ထောက်ခံချက် မရှိဘဲ ထုတ်လုပ်သည့်စက်ရုံ မတွေ့ရကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုအား FDA အဖွဲ့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်ကြောင်း သိရပြီး မကွေး မြို့ပေါ်ရှိ ရေသန့်စက်ရုံ(၁၂)ရုံကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှု၊ တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဥက္ကဌရဲ့ ညွှန်ကြားချက်နဲ့ တိုင်းဒေသကြီးအတွင်းမှာ FDA ထောက်ခံချက်မရှိဘဲ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့စက်ရုံတွေနဲ့ ခွင့်ပြုချက်ရှိပေမဲ့ စည်းနဲ့ မူနဲ့ မညီတဲ့စက်တွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးတာပါ။ တစ်တိုင်းလုံးအနေနဲ့ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေသန့်စက်ရုံများအား စစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးမှုများအပြင် ရှောင်တခင်စစ်ဆးမှုများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရေသန့်လို့ပြောပြီး ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ရေဟာ အမှန်တကယ် ရေသန့်ဖြစ်ဖို့ လိုပါတယ်။ ဒီနေရာမှာ စားသုံးသူတွေကို အသိပေးချင်ပါတယ်။ တစ်ကမာ္ဘလုံးက သတ်မှတ်ထားတာက PH 6.5 ကနေ PH 8.5 အတွင်းမှာရှိရင် သောက်သုံးရန်သင့်တဲ့ရေလို့ သတ်မှတ်ပါတယ်။ စားသုံးသူအတော်များများက PH 7 ပြည့်မှ ရေသန့်လို့ မှတ်ယူနကြပြေီး အပြင်မှာ ဝေဖန်မှုတွေရှိနေတာက PH 7 မဟုတ်ဘဲနဲ့ FDA က ခွင့်ပြုတယ်လို့ ဖြစ်နေတာတွေရှိနေတာကြောင့် အဲဒီလို မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်”ဟု ဒေါက်တာ ပြည့်ထူးက ဆိုသည်။

ရေသန့်အတွင်း အမှုန်အမွှားပမာဏကို စစ်ဆေးရာတွင် အမှုန်အမွှားပါဝင်မှုပမာဏ (၄)အထိ ခွင့်ပြုထားပြီး ပုံမှန်ရေတွင် အမှုန်အမွှားပါဝင်မှုမှာ (၂၀၀)ခန့်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::