ဟိုပံုးၿမိဳ႕နယ္ အမွတ္ (၂) သံမဏိစက္႐ုံ (ပင္းပက္) အတြက္ ေက်ာက္မီးေသြးတူးမည့္ေနရာတြင္ ေက်းသီးၿမိဳ႕နယ္မွ စိုက္ပ်ိဳးေျမႏွင့္ ရြာေျမမ်ားပါဝင္ေန၍ ေဒသခံမ်ား ကန္႔ကြက္ထား

ဟိုပံုးၿမိဳ႕နယ္ အမွတ္ (၂) သံမဏိစက္႐ုံ (ပင္းပက္) အတြက္ ေက်ာက္မီးေသြးတူးမည့္ေနရာတြင္ ေက်းသီးၿမိဳ႕နယ္မွ စိုက္ပ်ိဳးေျမႏွင့္ ရြာေျမမ်ားပါဝင္ေန၍ ေဒသခံမ်ား ကန္႔ကြက္ထား
အောက်တိုဘာ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပံုးၿမိဳ႕နယ္ အမွတ္ (၂) သံမဏိစက္႐ုံ (ပင္းပက္)အတြက္ ေက်ာက္မီးေသြးတူးရန္ လႊဲေျပာင္းမည့္ ေက်းသီးၿမိဳ႕နယ္မွ ေျမဧရိယာ (၅,၄၅၉) ဧကတြင္ စိုက္ပ်ိဳးေျမမ်ားလည္း ပါဝင္ေနသျဖင့္ေက်းရြာ(၆)ရြာမွ ေဒသခံ (၆၀၀)ေက်ာ္ လက္မွတ္ေရးထုိး၍ ၿမိဳ႕နယ္၊ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ားႏွင့္ ျပည္နယ္အစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

အဆိုပါ ေျမလႊဲေလၽွာက္ထားခ်က္အေပၚ မည္သည့္ ကန႔္ကြက္လႊာမဆို သတ္မွတ္ရက္(၁၅)ရက္အတြင္း တင္သြင္းသင့္ေၾကာင္း ေက်းသီး ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္ ေအာက္တို ဘာလ (၁၁) ရက္ေန႔က အသိေပး ေၾကညာလုိက္ၿပီးေနာက္ ေဒသခံမ်ားက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၂)ရက္ေန႔တြင္ ကန္႔ကြက္စာ တင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ လက္မွတ္ထိုးၿပီး ကန္႔ကြက္ၾကတာေပါ့။ လူ (၆၀၀)နီးပါး႐ွိတယ္။ ရြာကလည္း (၆) ရြာေပါ့။ ပါတဲ့ ဧရိယာက မိုင္းေကာင္ေက်းရြာအုပ္စုထဲက (၅)ရြာ၊ မိုင္းနင္ေက်းရြာအုပ္စုထဲကေတာ့ (၁)ရြာေပါ့။ ဒီေျမေတြမွာ ကြၽန္ေတာ္တို႔ အမ်ားအား ျဖင့္ စိုက္ပ်ိဳးေရး လုပ္ေနၾကတယ္။ သူတို႔ သိမ္းထားတာက ယာေျမပါတယ္။ လယ္ေျမပါတယ္။ ရြာေျမပါတယ္။ ဘုန္ႀကီးေက်ာင္းဝန္းေတြေရာ၊ စာသင္ေက်ာင္းေတြေရာ ပါေနတာေပါ့။ အဲဒါေၾကာင့္လဲ ကြၽန္ေတာ္တို႔ ကန႔္ကြက္ရတာေပါ့ ”ဟု ရပ္ရြာဦးေဆာင္သူ စိုင္းေအာင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လႊဲေျပာင္းမည့္ ေျမဧရိယာတြင္ မုိင္းေကာင္ႏွင့္ မုိင္းနင္ေက်းရြာအုပ္စုမ်ားတြင္ လယ္ယာေျမမ်ား၊ စားက်က္ေျမမ်ား၊ နတ္စင္ေရကန္မ်ား၊ သစ္ေတာမ်ား၊ ေရထိန္းေတာေျမ၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သခ်ဳႋင္းေျမမ်ား၊ စာသင္ေက်ာင္းႏွင့္ ေက်းလက္က်န္းမာေရးဌာနခြဲ ေဆးခန္းတို႔ပါဝင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်းသီးၿမိဳ႕တစ္ဝိုက္ရိွ ခမရ (၁၃၁)တပ္က မိုင္းေကာင္ေက်းရြာအုပ္စုအတြင္းရွိ ေျမဧရိယာ (၅,၄၅၉) ဧကကို ေက်ာက္မီးေသြးတူးေဖာ္ခြင့္ကို ၂၀၀၉ ခုႏွစ္က ရရိွခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေက်ာက္မီးေသြးတူးမည့္ ဧရိယာတြင္ ေက်းသီးၿမိဳ႕နယ္ရွိ ေက်းရြာ(၅၀)ေက်ာ္၏ လယ္ယာမ်ားကို  ေရေပးသြင္းေနသည့္ နမ့္ဟင္ေရစီးေၾကာင္း အတြင္း (၆)ကီလိုမီတာခန႔္ ပါဝင္ေနေၾကာင္း  သိရသည္။

ေက်ာက္မီးေသြးတူးေဖာ္ေရး ခြင့္ျပဳခ်က္ရရွိေသာ ေျမဧရိယာအတြင္း လယ္ယာ  စိုက္ပ်ိဳး ေရးလုပ္ေနသည့္ ေတာင္သူ(၅၅)ဦးကို ၂၀၁ဝ ခုႏွစ္တြင္ ေျမယာေလ်ာ္ေၾကးအျဖစ္ ေျမတစ္ဧကလၽွင္ (၂၄,ဝဝဝ) က်ပ္ႏႈန္းျဖင့္ ေလ်ာ္ေၾကးေပးခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ၂၀၁၅ ခုႏွစ္တြင္ ဦးပိုင္ကုမၸဏီက မိုင္းေကာင္ခြင့္ျပဳခ်က္ဧရိယာအတြင္း လုပ္ကိုင္ခြင့္အတြက္
ကေမၻာဇ ဖြံ႕ၿဖိဳးေရး ကုမၸဏီ၊ စိုးလြင္ေအာင္ ကုမၸဏီ ၊ စိန္နဂါး ကုမၸဏီ၊ ယုေဝယံကုမၸဏီ ႏွင့္  ေငြရည္ပုလဲ ကုမၸဏီတို႔သို႔  ခြင့္ျပဳခ်က္ပါမစ္တစ္ေစာင္လွ်င္ က်ပ္သိန္း (၁၀၀၀) ႏႈန္းႏွင့္ ဦးပိုင္ကုမၸဏီသို႔ (၁၇)ရာခိုင္ႏႈန္း အခ်ိဳးျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

အဆိုပါ မိုင္းေကာင္ဧရိယာအတြင္းမွထုတ္လုပ္သည့္ ေက်ာက္မီးေသြးမ်ားကို ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ဟိုပုံး  အမွတ္ (၂) သံမဏိစက္႐ုံ (ပင္းပက္)သို႔ တစ္ေန႔လၽွင္ ေက်ာက္မီးေသြးတန္ခ်ိန္(၁၅၀၀) တင္ပို႔ရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္မီးေသြးတူးေဖၚျခင္းလုပ္ငန္းႏွင့္ ပတ္သက္၍ ၂၀၁၆ခုႏွစ္၊ ဇူလိုင္လ (၂၂) ရက္ေန႔တြင္ ေက်းရြာ (၃၃)ရြာမွ ေဒသခံ(၁၆၄၈) ဦး၊ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္( ၂၂) ေက်ာင္းမွ ေက်ာင္းတိုက္ ဆရာေတာ္( ၇)ပါးႏွင့္ ရဟန္းသံဃာေတာ္(၂၃)ပါးတုိ႔က အစည္းအေဝးျပဳလုပ္ၿပီး ေဒသတြင္း ေက်ာက္မီးေသြး တူးေဖၚေရးလုပ္ငန္းႏွင့္ပတ္သက္၍ မဲခြဲဆံုးျဖတ္ရာ ေက်ာက္မီးေသြးတူးေဖၚျခင္းကို ဆန္႔က်င္ေၾကာင္း တညီတညြတ္တည္း ဆံုးျဖတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း





~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)အတွက် ကျောက်မီးသွေးတူးရန် လွှဲပြောင်းမည့် ကျေးသီးမြို့နယ်မှ မြေဧရိယာ (၅,၄၅၉) ဧကတွင် စိုက်ပျိုးမြေများလည်း ပါဝင်နေသဖြင့်ကျေးရွာ(၆)ရွာမှ ဒေသခံ (၆၀၀)ကျော် လက်မှတ်ရေးထိုး၍ မြို့နယ်၊ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ မြေလွှဲလျှောက်ထားချက်အပေါ် မည်သည့် ကန့်ကွက်လွှာမဆို သတ်မှတ်ရက်(၁၅)ရက်အတွင်း တင်သွင်းသင့်ကြောင်း ကျေးသီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် အောက်တို ဘာလ (၁၁) ရက်နေ့က အသိပေး ကြေညာလိုက်ပြီးနောက် ဒေသခံများက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် ကန့်ကွက်စာ တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လက်မှတ်ထိုးပြီး ကန့်ကွက်ကြတာပေါ့။ လူ (၆၀၀)နီးပါးရှိတယ်။ ရွာကလည်း (၆) ရွာပေါ့။ ပါတဲ့ ဧရိယာက မိုင်းကောင်ကျေးရွာအုပ်စုထဲက (၅)ရွာ၊ မိုင်းနင်ကျေးရွာအုပ်စုထဲကတော့ (၁)ရွာပေါ့။ ဒီမြေတွေမှာ ကျွန်တော်တို့ အများအား ဖြင့် စိုက်ပျိုးရေး လုပ်နကြေတယ်။ သူတို့ သိမ်းထားတာက ယာမြေပါတယ်။ လယ်မြေပါတယ်။ ရွာမြေပါတယ်။ ဘုန်ကြီးကျောင်းဝန်းတွေရော၊ စာသင်ကျောင်းတွေရော ပါနေတာပေါ့။ အဲဒါကြောင့်လဲ ကျွန်တော်တို့ ကန့်ကွက်ရတာပေါ့ ”ဟု ရပ်ရွာဦးဆောင်သူ စိုင်းအောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွှဲပြောင်းမည့် မြေဧရိယာတွင် မိုင်းကောင်နှင့် မိုင်းနင်ကျေးရွာအုပ်စုများတွင် လယ်ယာမြေများ၊ စားကျက်မြေများ၊ နတ်စင်ရေကန်များ၊ သစ်တောများ၊ ရေထိန်းတောမြေ၊ ဘုန်းတော်ကြီးကျောင်းများ၊ သင်္ချိုင်းမြေများ၊ စာသင်ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်းတို့ပါဝင်နခြေင်းဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့တစ်ဝိုက်ရှိ ခမရ (၁၃၁)တပ်က မိုင်းကောင်ကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၅,၄၅၉) ဧကကို ကျောက်မီးသွေးတူးဖော်ခွင့်ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောက်မီးသွေးတူးမည့် ဧရိယာတွင် ကျေးသီးမြို့နယ်ရှိ ကျေးရွာ(၅၀)ကျော်၏ လယ်ယာများကို ရေပေးသွင်းနေသည့် နမ့်ဟင်ရေစီးကြောင်း အတွင်း (၆)ကီလိုမီတာခန့် ပါဝင်နေကြောင်း သိရသည်။

ကျောက်မီးသွေးတူးဖော်ရေး ခွင့်ပြုချက်ရရှိသော မြေဧရိယာအတွင်း လယ်ယာ စိုက်ပျိုး ရေးလုပ်နေသည့် တောင်သူ(၅၅)ဦးကို ၂၀၁ဝ ခုနှစ်တွင် မြေယာလျော်ကြေးအဖြစ် မြေတစ်ဧကလျှင် (၂၄,ဝဝဝ) ကျပ်နှုန်းဖြင့် လျော်ကြေးပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၅ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီက မိုင်းကောင်ခွင့်ပြုချက်ဧရိယာအတွင်း လုပ်ကိုင်ခွင့်အတွက်
ကမ္ဘောဇ ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ စိုးလွင်အောင် ကုမ္ပဏီ၊ စိန်နဂါး ကုမ္ပဏီ၊ ယုဝေယံကုမ္ပဏီ နှင့် ငွေရည်ပုလဲ ကုမ္ပဏီတို့သို့ ခွင့်ပြုချက်ပါမစ်တစ်စောင်လျှင် ကျပ်သိန်း (၁၀၀၀) နှုန်းနှင့် ဦးပိုင်ကုမ္ပဏီသို့ (၁၇)ရာခိုင်နှုန်း အချိုးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းကောင်ဧရိယာအတွင်းမှထုတ်လုပ်သည့် ကျောက်မီးသွေးများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ တစ်နေ့လျှင် ကျောက်မီးသွေးတန်ချိန်(၁၅၀၀) တင်ပို့ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျေးရွာ (၃၃)ရွာမှ ဒေသခံ(၁၆၄၈) ဦး၊ ဘုန်းတော်ကြီးကျောင်းတိုက်( ၂၂) ကျောင်းမှ ကျောင်းတိုက် ဆရာတော်( ၇)ပါးနှင့် ရဟန်းသံဃာတော်(၂၃)ပါးတို့က အစည်းအဝေးပြုလုပ်ပြီး ဒေသတွင်း ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ကျောက်မီးသွေးတူးဖော်ခြင်းကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~