မိဘေနအိမ္သို႔ အလည္ေခတၱျပန္လာသည့္ အမ်ဳိးသားအား အမည္မသိ လူ(၄)ဦးက ဖမ္းဆီးေခၚေဆာင္သြားမႈ လားရႈိးတြင္ ျဖစ္ပြား

မိဘေနအိမ္သို႔ အလည္ေခတၱျပန္လာသည့္ အမ်ဳိးသားအား အမည္မသိ လူ(၄)ဦးက ဖမ္းဆီးေခၚေဆာင္သြားမႈ လားရႈိးတြင္ ျဖစ္ပြား
အောက်တိုဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔ ေခတၱလာေရာက္ေနထုိင္သည့္ အသက္(၅၀)ေက်ာ္အရြယ္ အမ်ိဳးသား တစ္ဦးကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၇)ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္တြင္ အမည္မသိ လူ(၄)ဦးက ကားျဖင့္တင္ေခၚ သြားသျဖင့္ ရဲတပ္ဖြဲ႕က ရွာေဖြေနေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ရပ္ကြက္(၈)၊ နယ္ေျမ(၉) ေအာင္သိပၸံလမ္းရိွ မိဘမ်ားေနအိမ္သို႔ ေခတၱအလည္ျပန္လာသည့္ မူဆယ္ၿမိဳ႕တြင္ ေနထုိင္သူ ဦးရန္ေစးေဟာ္အား ေနအိမ္တြင္ ရိွေနစဥ္ ယာဥ္အမွတ္ 9I/ 5742 နံပါတ္တပ္ထားသည့္ ပါဂ်ဲရိုး(ခဲေရာင္/အျပာစင္းပါ) ေမာ္ေတာ္ယာဥ္ျဖင့္ အမည္မသိ လူ(၄)ဦးေရာက္လာၿပီး ကားျဖင့္ အတင္းအၾကပ္ဖမ္းဆီး ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးရန္ေစးေဟာ္မွာ မိသားစုႏွင့္အတူ မူဆယ္ၿမိဳ႕တြင္ အရုပ္ဆိုင္ ဖြင့္ထားသူတစ္ဦးျဖစ္ၿပီး လားရိႈးေနအိမ္တြင္ ေနထိုင္သည့္ မိဘႏွစ္ပါးကို ျပဳစုရန္ လြန္ခဲ့သည့္ (၂)လခန္႔က လာေရာက္ ေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးေခၚေဆာင္သြားသူမ်ားကို ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ခေတ္တလာရောက်နေထိုင်သည့် အသက်(၅၀)ကျော်အရွယ် အမျိုးသား တစ်ဦးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ ည(၇)နာရီခွဲအချိန်တွင် အမည်မသိ လူ(၄)ဦးက ကားဖြင့်တင်ခေါ် သွားသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက်(၈)၊ နယ်မြေ(၉) အောင်သိပ္ပံလမ်းရှိ မိဘများနေအိမ်သို့ ခေတ္တအလည်ပြန်လာသည့် မူဆယ်မြို့တွင် နေထိုင်သူ ဦးရန်စေးဟော်အား နေအိမ်တွင် ရှိနေစဉ် ယာဉ်အမှတ် 9I/ 5742 နံပါတ်တပ်ထားသည့် ပါဂျဲရိုး(ခဲရောင်/အပြာစင်းပါ) မော်တော်ယာဉ်ဖြင့် အမည်မသိ လူ(၄)ဦးရောက်လာပြီး ကားဖြင့် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးရန်စေးဟော်မှာ မိသားစုနှင့်အတူ မူဆယ်မြို့တွင် အရုပ်ဆိုင် ဖွင့်ထားသူတစ်ဦးဖြစ်ပြီး လားရှိုးနေအိမ်တွင် နေထိုင်သည့် မိဘနှစ်ပါးကို ပြုစုရန် လွန်ခဲ့သည့် (၂)လခန့်က လာရောက် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~