ပွင့်ဖြူမြို့နယ်အတွင်း ရေမြုပ်ပျက်စီး သီးနှံများအတွက် သမ္မတအထူးရန်ပုံငွေ ကျပ်သိန်း (၉၀၀၀)ဖြင့် နစ်နာကြေးပေးရာတွင် စာရင်းဇယား မှန်ကန်မှု မရှိကြောင်း တိုင်တန်းမှုများရှိနေ၍ ပြန်လည် စိစစ်မည်
ပွင့်ဖြူမြို့နယ်အတွင်း ရေမြုပ်ပျက်စီး သီးနှံများအတွက် သမ္မတအထူးရန်ပုံငွေ ကျပ်သိန်း (၉၀၀၀)ဖြင့် နစ်နာကြေးပေးရာတွင် စာရင်းဇယား မှန်ကန်မှု မရှိကြောင်း တိုင်တန်းမှုများရှိနေ၍ ပြန်လည် စိစစ်မည်
အောကျတိုဘာ 22, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ အတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေ ကျပ်သိန်း(၉,၀၀၀)ဖြင့် နစ်နာကြေးပေးရာတွင် စာရင်းဇယား မှန်ကန်မှု မရှိကြောင်း တိုင်တန်းမှုများရှိသဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က ရေကြီးနစ်မြုပ်မှုခံရသည့် လယ်ယာမြေများမှ လယ်ယာသီးနှံများ ဆုံးရှုံးမှုအတွက် နစ်နာကြေးပေးရန် နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှ ချထားပေးသည့် ကျပ်သိန်း (၉,၀၀၀) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုနှင့်ကြုံတွေ့ရသည့် ကျေးရွာအုပ်စု (၁၃)အုပ်စုအနက် (၁၂)အုပ်စုရှိ ကျေးရွာများမှ တောင်သူများကို နစ်နာကြေးပေးထားပြီး ကျွဲထိကျေးရွာအုပ်စုရှိ (၆၇၉)ဧကအတွက် နစ်နာကြေးပေးရန် ကျန်တော့ရာ လက်ရှိတွင် ပြန်လည်စိစစ်ရန် ဆိုင်းငံ့ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က ရကြေီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ အတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေ ကျပ်သိန်း(၉,ဝဝဝ)ဖြင့် နစ်နာကြေးပေးရာတွင် စာရင်းဇယား မှန်ကန်မှု မရှိကြောင်း တိုင်တန်းမှုများရှိသဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။
“အခြေခံလယ်/စီအဖွဲ့မှာ မြေစာရင်းပါပါတယ်။ မြေစာရင်းက ကွင်းဆင်းစာရင်းကောက်ယူပြီးမှ လယ်/စီအဖွဲ့နဲ့ စိစစ်ပြီး စာရင်းပြုစုခဲ့တာဖြစ်ပါတယ်။ တိုင်ကြားချက်တွေအပေါ် အမှားအမှန် သိနို်င်ဖို့ အတွက်က အောက်တိုဘာလ (၁၇)ရက်နေ့က ဝန်ကြီးချုပ်ကခေါ်ယူတဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ စို်က်ပျိုးရေးဝန်ကြီးခေါင်းဆောင်တဲ့ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပြန်လည်စိစစ်သွား မယ်လို့ သိရပါတယ်” ဟု ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က ရကြေီးနစ်မြုပ်မှုခံရသည့် လယ်ယာမြေများမှ လယ်ယာသီးနှံများ ဆုံးရှုံးမှုအတွက် နစ်နာကြေးပေးရန် နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှ ချထားပေးသည့် ကျပ်သိန်း (၉,ဝဝဝ) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေအား သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်က စာရင်းများ မှားယွင်း ပေးအပ်မှုရှိကြောင်း တိုင်တန်းမှုများရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ရကြေီးနစ်မြုပ်မှုနှင့်ကြုံတွေ့ရသည့် ကျေးရွာအုပ်စု (၁၃)အုပ်စုအနက် (၁၂)အုပ်စုရှိ ကျေးရွာများမှ တောင်သူများကို နစ်နာကြေးပေးထားပြီး ကျွဲထိကျေးရွာအုပ်စုရှိ (၆၇၉)ဧကအတွက် နစ်နာကြေးပေးရန် ကျန်တော့ရာ လက်ရှိတွင် ပြန်လည်စိစစ်ရန် ဆိုင်းငံ့ထားကြောငး် သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~