တာချီလိတ်မြို့တွင်းသို့ မိမိကိုယ်ပိုင် အမှတ်တံဆိပ်မဟုတ်သည့် ရေသန့်ဗူးများဖြင့် ရေဖြည့်ရောင်းနေသည့် လုပ်ငန်းကို စိစစ်ပေးရန် ရေသန့်လုပ်ငန်းရှင်များအသင်းသို့ တင်ပြထား
တာချီလိတ်မြို့တွင်းသို့ မိမိကိုယ်ပိုင် အမှတ်တံဆိပ်မဟုတ်သည့် ရေသန့်ဗူးများဖြင့် ရေဖြည့်ရောင်းနေသည့် လုပ်ငန်းကို စိစစ်ပေးရန် ရေသန့်လုပ်ငန်းရှင်များအသင်းသို့ တင်ပြထား
အောက်တိုဘာ 10, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြားရေသန့်လုပ်ငန်းများ၏ အမှတ်တံဆိပ်ပါသည့် ရေဗူးများတွင် ရေဖြည့်၍ ဈေးနှုန်းလျှော့ရောင်းနေသည့် ရေသန့်လုပ်ငန်းအား စိစစ်ပေးရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က ရေသန့်လုပ်ငန်းရှင်များအသင်းသို့ တင်ပြလာကြောင်း သိရသည်။
တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ် (၁၀)ရက်နေ့တိုင်း ကျင်းပပြီး ရေသန့်လုပ်ငန်းများ အနေဖြင့် စားသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန် ညှိနှိုင်း ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြားရေသန့်လုပ်ငန်းများ၏ အမှတ်တံဆိပ်ပါသည့် ရေဗူးများတွင် ရဖြေည့်၍ ဈေးနှုန်းလျှော့ရောင်းနေသည့် ရေသန့်လုပ်ငန်းအား စိစစ်ပေးရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က ရေသန့်လုပ်ငန်းရှင်များအသင်းသို့ တင်ပြလာကြောင်း သိရသည်။
“သူက ရေသန့်စက်တော့ရှိတယ်။ ဆမ်လော့(သုံးဘီးဆိုင်ကယ်)သမားနဲ့ ပေါင်းပြီးတော့ သူများ အမှတ်တံဆိပ်နဲ့ ဗူးတွေထဲကို တစ်ဗူးကို (၅)ဘတ်နဲ့ ရောင်းပေးနေတာ။ သူ့ရေက သန့်လား၊ မသန့်လား မသိဘူး။ အကယ်၍ တစ်ခုခုဖြစ်လာတယ်ဆိုရင် အဲဒီအမှတ်တံဆိပ်နဲ့ လုပ်ငန်းက ရှင်းရမှာ။ ဆမ်လော့သမားကလည်း ဒီရေသန့်ဗူးကို သတ်မှတ်ဈေးနဲ့ ဖြန့်ချင်မှ ဖြန့်တယ်။ သူတို့က ပေါင်းပြီး အဲဒီလို လုပ်နကြေတော့ ဖြေရှင်းပေးဖို့ တင်ပြလာတာရှိတယ်။ အသင်းအနေနဲ့ စောင့်ကြည့်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီး ဝင်စစ်တာတွေ လုပ်ရမှာပေါ့”ဟု ဟု တာချီလိတ်ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ(၂)ဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ် (၁၀)ရက်နေ့တိုင်း ကျင်းပပြီး ရေသန့်လုပ်ငန်းများ အနဖြေင့် စားသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန် ညှိနှိုင်း ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့က တာချီလိတ်မြို့မှ ရေသန့်လုပ်ငန်း (၂၄)ခုမှ လုပ်ငန်းရှင်များနှင့် FDA(အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)တို့၏ ရေသန့်လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်း (၄၂)ခုရှိပြီး အသင်းဝင်ရေသန့်လုပ်ငန်း (၃၇)ခုရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~