လိုင္စင္မဲ့ သံုးဘီးေမာ္ေတာ္ဆုိင္ကယ္မ်ားကို သတ္မွတ္ရက္အတြင္း One Stop Service စီမံခ်က္ျဖင့္ ကညနရံုးအျပင္ Mobile Team ျဖင့္လည္း လုိက္လံ ေဆာင္ရြက္ေပးမည္

လိုင္စင္မဲ့ သံုးဘီးေမာ္ေတာ္ဆုိင္ကယ္မ်ားကို သတ္မွတ္ရက္အတြင္း One Stop Service စီမံခ်က္ျဖင့္ ကညနရံုးအျပင္ Mobile Team ျဖင့္လည္း လုိက္လံ ေဆာင္ရြက္ေပးမည္
အောက်တိုဘာ 28, 2018
By Tachileik News Agency
မွတ္ပံုတင္မဲ့ သံုးဘီးေမာ္ေတာ္ဆုိင္ကယ္မ်ားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔မွ (၂၃)ရက္ေန႔အထိ One Stop Service စီမံခ်က္ျဖင့္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရုံုးမ်ားတြင္ ေဆာင္ရြက္ေပးမည့္ အျပင္ Mobile Team ျဖင့္လည္း လုိက္လံေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္ကလြဲရင္ တစ္ႏုိင္ငံလံုးမွာ လုပ္ေဆာင္ေပးမွာပါ။ လတ္တေလာမွာေတာ့ အေကာက္ခြန္ ဦးစီးဌာနက ေကာက္ခံမယ့္ ဒဏ္ေၾကးႏႈန္းထားေတြေတာ့ ေရာက္မလာေသးပါဘူး။ အေသးစိတ္ ညႊန္ၾကားခ်က္ေတြ ထြက္တာနဲ႔ အသိေပးသြားမွာျဖစ္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးစိုင္းလုံေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မွတ္ပံုတင္မဲ့ သံုးဘီးေမာ္ေတာ္ဆုိင္ကယ္မ်ားကို One Stop Service စီမံခ်က္ျဖင့္ မွတ္ပံုတင္ေပးျခင္းကို တစ္ႏုိင္ငံလံုးရိွ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုး (၄၉)ရံုးတြင္ ေဆာင္ရြက္ေပးမည့္အျပင္ အခ်က္အခ်ာက်ေသာၿမိဳ႕ေပါင္း (၃၉)ၿမိဳ႕တြင္ စေနေန႔မ်ား၌ Mobile Team ျဖင့္ လွည့္လည္ ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

မွတ္ပံုတင္ေဆာင္ရြက္ေပးမည့္ စီမံခ်က္တြင္ ၂၀၀၈ ခုႏွစ္ႏွင့္အထက္ ေမာ္ဒယ္မ်ားကိုသာ ေဆာင္ရြက္ ေပးမည္ျဖစ္ၿပီး အိုမင္းေဟာင္းႏြမ္းမ်ား၊ လူစီးသံုးဘီးေမာ္ေတာ္ယာဥ္မ်ား၊ ဆိုင္ကယ္ေဘးတြဲမ်ား၊ ေတာတြင္းႏွင့္ ကမ္းစပ္သံုးသည့္ ေလးဘီးပါ ေမာ္ေတာ္ဆိုင္ကယ္မ်ား၊ မွတ္ပံုတင္ထားၿပီး သက္တမ္း (၅)ႏွစ္ေက်ာ္ျပတ္ေနေသာ သံုးဘီးဆုိင္ကယ္မ်ားကို မွတ္ပံုတင္ေဆာင္ရြက္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ One Stop Service စီမံခ်က္ျဖင့္ မွတ္ပံုတင္ေပးျခင္းကို ၂၀၁၀ ခုႏွစ္၊ ၂၀၁၂ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားတြင္ ေဆာင္ရြက္ေပးခဲ့သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်များကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ One Stop Service စီမံချက်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးမည့် အပြင် Mobile Team ဖြင့်လည်း လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ကလွဲရင် တစ်နိုင်ငံလုံးမှာ လုပ်ဆောင်ပေးမှာပါ။ လတ်တလောမှာတော့ အကောက်ခွန် ဦးစီးဌာနက ကောက်ခံမယ့် ဒဏ်ကြေးနှုန်းထားတွေတော့ ရောက်မလာသေးပါဘူး။ အသေးစိတ် ညွှန်ကြားချက်တွေ ထွက်တာနဲ့ အသိပေးသွားမှာဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်များကို One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ပေးခြင်းကို တစ်နိုင်ငံလုံးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး (၄၉)ရုံးတွင် ဆောင်ရွက်ပေးမည့်အပြင် အချက်အချာကျသောမြို့ပေါင်း (၃၉)မြို့တွင် စနေနေ့များ၌ Mobile Team ဖြင့် လှည့်လည် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ဆောင်ရွက်ပေးမည့် စီမံချက်တွင် ၂၀၀၈ ခုနှစ်နှင့်အထက် မော်ဒယ်များကိုသာ ဆောင်ရွက် ပေးမည်ဖြစ်ပြီး အိုမင်းဟောင်းနွမ်းများ၊ လူစီးသုံးဘီးမော်တော်ယာဉ်များ၊ ဆိုင်ကယ်ဘေးတွဲများ၊ တောတွင်းနှင့် ကမ်းစပ်သုံးသည့် လေးဘီးပါ မော်တော်ဆိုင်ကယ်များ၊ မှတ်ပုံတင်ထားပြီး သက်တမ်း (၅)နှစ်ကျော်ပြတ်နေသော သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ပေးခြင်းကို ၂၀၁၀ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ဆောင်ရွက်ပေးခဲ့သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~