တာခ်ီလိတ္ၿမိဳ႕ ေညာင္ဦးသက္ေတာ္ရွည္ ေက်ာင္းတိုက္ ဆရာေတာ္ ပ်ံလြန္ေတာ္မူ၊ အႏၱိမ အဂၢိစ်ာပန အခမ္းအနားအတြက္ အလွဴရွင္မ်ား လိုအပ္ေန

တာခ်ီလိတ္ၿမိဳ႕ ေညာင္ဦးသက္ေတာ္ရွည္ ေက်ာင္းတိုက္ ဆရာေတာ္ ပ်ံလြန္ေတာ္မူ၊ အႏၱိမ အဂၢိစ်ာပန အခမ္းအနားအတြက္ အလွဴရွင္မ်ား လိုအပ္ေန
အောက်တိုဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ လြယ္ေတာ္ခမ္း ပူးေပါင္း စစ္ေဆးေရး ဂိတ္အနီးရွိ ေညာင္ဦးသက္ေတာ္ရွည္ ေက်ာင္းတိုက္၏ ေက်ာင္းထိုင္ဆရာေတာ္သည္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၁၆)ရက္ေန႔ ညေန(၄)နာရီ(၅)မိနစ္အခ်ိန္က ပ်ံလြန္ေတာ္မူသြားရာ  အႏၱိမ အဂၢိစ်ာပန အခမ္းအနားအတြက္ အလွဴရွင္မ်ားလည္း လိုအပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္(၇၆)ႏွစ္၊ ၀ါေတာ္အားျဖင့္ (၂၉)၀ါရွိသည့္ ေညာင္ဦးသက္ေတာ္ရွည္ ေက်ာင္းတိုက္၏ ဦးစီးပဓာန နာယကဆရာေတာ္ႀကီး ဘဒၵႏၱဥတၱရသည္ ေညာင္ဦးၿမိဳ႕တြင္ သာသနာျပဳ ၿပီးေနာက္ တာခ်ီလိတ္တြင္ လာေရာက္ သာသနာျပဳသည္မွာ (၁၀)ႏွစ္၀န္းက်င္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္၏  ဥတုဇ ႐ုပ္ကလာပ္ေတာ္အား လက္ရွိတြင္ ေညာင္ဦးသက္ေတာ္ရွည္ေက်ာင္းတိုက္၌ပင္ ထားရွိၿပီး  အႏၱိမ အဂၢိစ်ာပနအခမ္းအနားအား ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၂၂)ရက္ေန႔  ေန႔လည္(၂)နာရီတြင္ လြယ္ေတာ္ခမ္းေက်းရြာ( ယခင္ ၀န္ထမ္းကုန္းဆရာေတာ္အား အႏၱိမ အဂၢိစ်ာပန အခမ္းအနားအား က်င္းပခဲ့သည့္ေနရာ)တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္၏ ဥတုဇ ႐ုပ္ကလာပ္ေတာ္အား ပူေဇာ္ခံထားသည့္ ကာလအတြင္း ကုန္က်မည့္ ေငြေၾကးမ်ားႏွင့္အတူ မီးရႈိ႕သၿဂဳႋဟ္ပူေဇာ္ရာတြင္ အေမႊးနံ႔သာတံုးမ်ားလည္း လိုအပ္ေနသည့္အတြက္  အလွဴရွင္မ်ား လိုအပ္ေနလွ်က္ရွိေၾကာင္းႏွင့္ ေက်ာင္းအက်ဳိးေတာ္ေဆာင္ ဖုန္း ကိုခင္ေမာင္ေထြး 09252424745 သို႔လည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး ဂိတ်အနီးရှိ ညောင်ဦးသက်တော်ရှည် ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်သည် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ ညနေ(၄)နာရီ(၅)မိနစ်အချိန်က ပျံလွန်တော်မူသွားရာ အန္တိမ အဂ္ဂိဈာပန အခမ်းအနားအတွက် အလှူရှင်များလည်း လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

ပျံလွန်တော်မူချိန်တွင် သက်တော်(၇၆)နှစ်၊ ဝါတော်အားဖြင့် (၂၉)ဝါရှိသည့် ညောင်ဦးသက်တော်ရှည် ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရသည် ညောင်ဦးမြို့တွင် သာသနာပြု ပြီးနောက် တာချီလိတ်တွင် လာရောက် သာသနာပြုသည်မှာ (၁၀)နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ဥတုဇ ရုပ်ကလာပ်တော်အား လက်ရှိတွင် ညောင်ဦးသက်တော်ရှည်ကျောင်းတိုက်၌ပင် ထားရှိပြီး အန္တိမ အဂ္ဂိဈာပနအခမ်းအနားအား ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီတွင် လွယ်တော်ခမ်းကျေးရွာ( ယခင် ဝန်ထမ်းကုန်းဆရာတော်အား အန္တိမ အဂ္ဂိဈာပန အခမ်းအနားအား ကျင်းပခဲ့သည့်နေရာ)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ဥတုဇ ရုပ်ကလာပ်တော်အား ပူဇော်ခံထားသည့် ကာလအတွင်း ကုန်ကျမည့် ငွေကြေးများနှင့်အတူ မီးရှို့သင်္ဂြိုဟ်ပူဇော်ရာတွင် အမွှေးနံ့သာတုံးများလည်း လိုအပ်နေသည့်အတွက် အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဖုန်း ကိုခင်မောင်ထွေး 09252424745 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~