တာခ်ီလိတ္ NIEC ေက်ာင္းသားမ်ား၏ Halloween ပြဲႏွင့္ ပန္းခ်ီျပပြဲတို႔မွ ရရွိသည့္ ရန္ပံုေငြျဖင့္ ျပည္သူ႔ေဆးရံု၊ ဘိုးဘြားရိပ္သာႏွင့္ လူငယ္ပရဟိတေဂဟာတို႔တြင္ လွဴဒါန္း

တာခ်ီလိတ္ NIEC ေက်ာင္းသားမ်ား၏ Halloween ပြဲႏွင့္ ပန္းခ်ီျပပြဲတို႔မွ ရရွိသည့္ ရန္ပံုေငြျဖင့္ ျပည္သူ႔ေဆးရံု၊ ဘိုးဘြားရိပ္သာႏွင့္ လူငယ္ပရဟိတေဂဟာတို႔တြင္ လွဴဒါန္း
အောက်တိုဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္အထက္တန္းေက်ာင္း ( NIEC ) မိသားစုက လူမႈကူညီေရး လုပ္ငန္းအျဖစ္ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုႀကီးရိွ ေဆးရံုတက္ လူနာမ်ားအား ၾကက္ဆီထမင္းႏွင့္ ေရသန္႔ဗူးမ်ားကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔ နံနက္က လွဴဒါန္းၾကၿပီး ေအာက္တိုဘာလ(၉)ရက္ေန႔တြင္  ဘိုးဘြားရိပ္သာႏွင့္ လူငယ္ပရဟိတ ေဂဟာတို႔တြင္ လွဴဒါန္းၾကမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ NIEC မိသားစုက ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္တြင္ Halloween ပြဲေတာ္ႏွင့္ ပန္းခ်ီျပပြဲတို႔မွ ရရိွသည့္ ရန္ပံုေငြျဖင့္ လူမႈကူညီေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

NIEC မွ ေက်ာင္းသား၊ ေက်ာင္းသူ (၇၂)ဦးသည္ ေက်ာင္းမွ ဆရာ၊ဆရာမမ်ား၊ အုပ္ခ်ဳပ္သူမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးရိွ ေဆးရံုတက္လူနာ (၁၄၀)အား လာေရာက္လွဴဒါန္းရာ ေဆးရံုမွ တာဝန္ရိွသူမ်ားက ကူညီေဆာင္ရြက္ေပးၾကသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ NIEC မိသားစုက ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ ဘိုးဘြားရိပ္သာ၌ တစ္ေန႔စာ ထမင္းေကၽြးျခင္းႏွင့္ ဆန္၊ဆီ၊ဟင္းခ်က္စရာ စသည္တို႔ လွဴဒါန္းျခင္း၊ လူငယ္ပရဟိတေဂဟာတြင္ ဆန္၊ဆီ၊ဟင္းခ်က္စရာမ်ား လွဴဒါန္းျခင္းတို႔ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tachileik News Agency , NIEC


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) မိသားစုက လူမှုကူညီရေး လုပ်ငန်းအဖြစ် တာချီလိတ်ပြည်သူ့ ဆေးရုံကြီးရှိ ဆေးရုံတက် လူနာများအား ကြက်ဆီထမင်းနှင့် ရေသန့်ဗူးများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့ နံနက်က လှူဒါန်းကြပြီး အောက်တိုဘာလ(၉)ရက်နေ့တွင် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတ ဂေဟာတို့တွင် လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် NIEC မိသားစုက ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် Halloween ပွဲတော်နှင့် ပန်းချီပြပွဲတို့မှ ရရှိသည့် ရန်ပုံငွဖြေင့် လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

NIEC မှ ကျောင်းသား၊ ကျောင်းသူ (၇၂)ဦးသည် ကျောင်းမှ ဆရာ၊ဆရာမများ၊ အုပ်ချုပ်သူများ ပါဝင်သည့် အဖွဲ့ဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံတက်လူနာ (၁၄၀)အား လာရောက်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြသည်ကို တွေ့ရသည်။

တာချီလိတ် NIEC မိသားစုက အောက်တိုဘာလ (၉)ရက်နေ့တွင် ဘိုးဘွားရိပ်သာ၌ တစ်နေ့စာ ထမင်းကျွေးခြင်းနှင့် ဆန်၊ဆီ၊ဟင်းချက်စရာ စသည်တို့ လှူဒါန်းခြင်း၊ လူငယ်ပရဟိတဂေဟာတွင် ဆန်၊ဆီ၊ဟင်းချက်စရာများ လှူဒါန်းခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Tachileik News Agency , NIEC

 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~