ျမန္မာ - တရုတ္နယ္စပ္ေဒသ မူဆယ္ၿမိဳ႕ရွိ ရပ္ကြက္(၂)ခုတြင္ အိမ္ေျခမဲ့ ေနထုိင္သူမ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ ရွင္းလင္း ဖယ္ရွား

ျမန္မာ - တရုတ္နယ္စပ္ေဒသ မူဆယ္ၿမိဳ႕ရွိ ရပ္ကြက္(၂)ခုတြင္ အိမ္ေျခမဲ့ ေနထုိင္သူမ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ ရွင္းလင္း ဖယ္ရွား
အောက်တိုဘာ 21, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ အိမ္ေျခမဲ့ေနထိုင္သူမ်ားအား ေဒသ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔က ဖယ္ရွား ရွင္းလင္းေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕၊ ေကာင္းမႈတံုရပ္ကြက္၊ ဆင္ျဖဴေစ်းအနီး ျပည္ေထာင္စု လမ္းမႀကီးေဘးႏွင့္ ဟိုမြန္ရပ္ကြက္ အတြင္း ျပည္ေထာင္စုလမ္းမႀကီးေဘး ေနထိုင္သည့္ အိမ္ေျခမဲ့မ်ားအား ဖယ္ရွားရွင္းလင္းျခင္းျဖစ္ေၾကာင္း သိရသည္။

အိမ္ေျခမဲ့ ေနထုိင္သူမ်ားအား ဖယ္ရွားျခင္းကို မူဆယ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးမ်ိဳးႏုိင္ ဦးစီးအဖြဲ႕၊ ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ဇာနည္ေရႊ ဦးစီးအဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုဦးစီး ဦးမုိင္လုမ္ေနာေနာ္ ဦးစီးအဖြဲ႕၊ ေကာင္းမႈတံုရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းစံညြန္႔ႏွင့္အဖြဲ႕၊ ဟိုမြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင္စိုးႏွင့္အဖြဲ႕၊ တာမိုးညဲျပည္သူ႔စစ္ ဦးေနလင္းေအာင္ႏွင့္အဖြဲ႕၊ ဆင္ျဖဴေစ်းအရန္မီးသတ္တပ္ဖြဲ႕၊ ဆင္ျဖဴေစ်းေကာ္မတီတို႔မွ တာဝန္ရိွသူမ်ား စုစုေပါင္း (၃၆)ဦး ပါဝင္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“အိမ္ေျခမဲ့ေတြက မူဆယ္ေဆးရံုေရွ႕ အထက (၃) ေရွ႕အမိူက္ပံုမွာဆို မိုးကာေတြ၊ ထီးေတြကာၿပီး အိပ္လိုက္၊ ပလတ္စတစ္ေကာက္ၿပီး ေရာင္းလိုက္၊ မူးယစ္ေဆးသံုးလိုက္နဲ႔ ေန ေနၾကတာ။ ေဆးရံုေရွ႕က အထက (၃) စာသင္ေက်ာင္း ျပည္ေထာင္စုလမ္းမႀကီးေပၚမွာလည္း အဲဒီလို ေန ေနၾကတယ္”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက ေျပာျပသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕သည္  ဆင္ျဖဴေစ်းအနီး Ve Ve ကုမၸဏီတုိက္တန္းေနာက္ေက်ာတြင္ ေနထိုင္သူမ်ားႏွင့္ ဟိုမြန္ရပ္ကြက္ Lucky 7 အေဆာက္အဦေရွ႕ေနထုိင္သူမ်ားအား ဖယ္ရွား ခုိင္းျခင္းျဖစ္ေၾကာင္း သိရၿပီး ဖယ္ရွားခုိင္းသည့္ အေရအတြက္ႏွင့္ အဆိုပါအိမ္ေျခမဲ့တို႔အား ပို႔ေဆာင္ေပးသည့္ေနရာတို႔ကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုဦးစီးမွဴးထံ ဆက္သြယ္ေမးျမန္းေသာ္လည္း အတည္ျပဳခ်က္ မရခဲ့ပါ။

ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္လည္း အိမ္ေျခမဲ့ေနထုိင္သူမ်ားကို ေဒသ တာဝန္ရိွသူမ်ားက ရံဖန္ရံခါဖယ္ရွားမႈမ်ား လုပ္ေဆာင္ရာတြင္ အဆိုပါအိမ္ေျခမဲ့မ်ား မူလေနရပ္ျပန္နုိင္ေရး စီစဥ္ေပးေလ့ရိွသည္ကို ေတြ႕ရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် အိမ်ခြေမဲ့နေထိုင်သူများအား ဒေသ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့က ဖယ်ရှား ရှင်းလင်းကြောင်း သိရသည်။

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေးအနီး ပြည်ထောင်စု လမ်းမကြီးဘေးနှင့် ဟိုမွန်ရပ်ကွက် အတွင်း ပြည်ထောင်စုလမ်းမကြီးဘေး နေထိုင်သည့် အိမ်ခြေမဲ့များအား ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြေမဲ့ နေထိုင်သူများအား ဖယ်ရှားခြင်းကို မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးနိုင် ဦးစီးအဖွဲ့၊ မြို့မရဲစခန်းမှ ရဲအုပ်ဇာနည်ရွှေ ဦးစီးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုဦးစီး ဦးမိုင်လုမ်နောနော် ဦးစီးအဖွဲ့၊ ကောင်းမှုတုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းစံညွန့်နှင့်အဖွဲ့၊ ဟိုမွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်စိုးနှင့်အဖွဲ့၊ တာမိုးညဲပြည်သူ့စစ် ဦးနေလင်းအောင်နှင့်အဖွဲ့၊ ဆင်ဖြူဈေးအရန်မီးသတ်တပ်ဖွဲ့၊ ဆင်ဖြူဈေးကော်မတီတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၃၆)ဦး ပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ခြေမဲ့တွေက မူဆယ်ဆေးရုံရှေ့ အထက (၃) ရှေ့အမိူက်ပုံမှာဆို မိုးကာတွေ၊ ထီးတွေကာပြီး အိပ်လိုက်၊ ပလတ်စတစ်ကောက်ပြီး ရောင်းလိုက်၊ မူးယစ်ဆေးသုံးလိုက်နဲ့ နေ နကြေတာ။ ဆေးရုံရှေ့က အထက (၃) စာသင်ကျောင်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း အဲဒီလို နေ နကြေတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောပြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆင်ဖြူဈေးအနီး Ve Ve ကုမ္ပဏီတိုက်တန်းနောက်ကျောတွင် နေထိုင်သူများနှင့် ဟိုမွန်ရပ်ကွက် Lucky 7 အဆောက်အဦရှေ့နေထိုင်သူများအား ဖယ်ရှား ခိုင်းခြင်းဖြစ်ကြောင်း သိရပြီး ဖယ်ရှားခိုင်းသည့် အရေအတွက်နှင့် အဆိုပါအိမ်ခြေမဲ့တို့အား ပို့ဆောင်ပေးသည့်နေရာတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးထံ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုချက် မရခဲ့ပါ။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင်လည်း အိမ်ခြေမဲ့နေထိုင်သူများကို ဒေသ တာဝန်ရှိသူများက ရံဖန်ရံခါဖယ်ရှားမှုများ လုပ်ဆောင်ရာတွင် အဆိုပါအိမ်ခြေမဲ့များ မူလနေရပ်ပြန်နိုင်ရေး စီစဉ်ပေးလေ့ရှိသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~