တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ႏွင့္ ေနာင္ခမ္းေအာင္ဆုပန္ဘ/ကေက်ာင္းတို႔၏ မီးၾကာလွည့္လည္ပူေဇာ္ပြဲက်င္းပ

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ႏွင့္ ေနာင္ခမ္းေအာင္ဆုပန္ဘ/ကေက်ာင္းတို႔၏ မီးၾကာလွည့္လည္ပူေဇာ္ပြဲက်င္းပ
အောက်တိုဘာ 24, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မကာဟိုခမ္းရပ္ကြက္၏ (၄)ႀကိမ္ေျမာက္ မီးၾကာ လွည့္လည္ပူေဇာ္ပြဲကို ေနာင္ခမ္းေအာင္ဆုပန္ ဘ/ကေက်ာင္းႏွင့္ပူးေပါင္း၍  သီတင္းကၽြတ္ လျပည့္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔ ည(၇)နာရီက က်င္းပသည္။

“ကၽြန္ေတာ္တို႔ မကာဟိုခမ္းရပ္ကြက္အေနနဲ႔ လုပ္တာက ဒါက (၄)ႏွစ္ေျမာက္ပါ။ ေနာင္ခမ္း ပရဟိတအဖြဲ႕နဲ႔တြဲၿပီး လုပ္တာက (၂)ႏွစ္ရိွပါၿပီ။ ဒီမွာက ပအိုဝ္း၊ ဓႏု၊ အင္းသား၊ ဗမာ၊ အာခါ၊ လားဟူ တုိင္းရင္းေပါင္းစံု ပါ ပါတယ္။ ႏွစ္တုိင္း လုပ္ပါတယ္။ အဝိုင္းပတ္ကေန ၿမိဳ႕တြင္းလွည့္လည္ၿပီး တာခ်ီလိတ္ ေရႊတိဂံုေစတီမွာ ပူေဇာ္ၾကတာပါ”ဟု မီးၾကာလွည့္ပြဲအား ဦးေဆာင္က်င္းပသူတစ္ဦးျဖစ္သည့္ ကိုလြင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စုေပါင္းအဖြဲ႔က မီးၾကာခြက္မ်ား၊ ရိုးရာအကမ်ားျဖင့္ တာခ်ီလိတ္ၿမိဳ႕ရိွ ေက်ာက္တိုင္ေရွ႕မွစ၍  ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမအတုိင္း အဝိုင္းပတ္ကာ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္သို႔ သြားေရာက္၍ ဆီမီးပူေဇာ္ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုေစတီတြင္ သီတင္းကၽြတ္လျပည့္ေန႔၌ ဆီမီးတစ္ေထာင္ပူေဇာ္ျခင္း၊ ဓမၼစကူးလ္မွ ဆီမီးပူေဇာ္ျခင္း၊ ဓမၼစၾကာၿပိဳင္ပြဲက်င္းပျခင္းတို႔ကိုလည္း လုပ္ေဆာင္ခဲ့ၾကသည္ကို ေတြ႔ရသည္။

မီးၾကာလွည့္ပြဲႏွင့္ တာခ်ီလိတ္ေရႊတိဂံုတြင္ ဘုရားဖူးလာေရာက္သူမ်ားအား ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ားက ယာဥ္ေၾကာရွင္းလင္းေပးျခင္းႏွင့္ လံုၿခံဳေရးတာဝန္ယူေဆာင္ရြက္ေပးေနသည္ကို ေတြ႕သည္။

Tachileik News Agency
ဓါတ္ပံု - ဆန္းၿဖုိးထြန္း ၊ ခ်ယ္ရီထိုက္ ၊ ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မကာဟိုခမ်းရပ်ကွက်၏ (၄)ကြိမ်မြောက် မီးကြာ လှည့်လည်ပူဇော်ပွဲကို နောင်ခမ်းအောင်ဆုပန် ဘ/ကကျောင်းနှင့်ပူးပေါင်း၍ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ ည(၇)နာရီက ကျင်းပသည်။

“ကျွန်တော်တို့ မကာဟိုခမ်းရပ်ကွက်အနေနဲ့ လုပ်တာက ဒါက (၄)နှစ်မြောက်ပါ။ နောင်ခမ်း ပရဟိတအဖွဲ့နဲ့တွဲပြီး လုပ်တာက (၂)နှစ်ရှိပါပြီ။ ဒီမှာက ပအိုဝ်း၊ ဓနု၊ အင်းသား၊ ဗမာ၊ အာခါ၊ လားဟူ တိုင်းရင်းပေါင်းစုံ ပါ ပါတယ်။ နှစ်တိုင်း လုပ်ပါတယ်။ အဝိုင်းပတ်ကနေ မြို့တွင်းလှည့်လည်ပြီး တာချီလိတ် ရွှေတိဂုံစေတီမှာ ပူဇော်ကြတာပါ”ဟု မီးကြာလှည့်ပွဲအား ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ကိုလွင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စုပေါင်းအဖွဲ့က မီးကြာခွက်များ၊ ရိုးရာအကများဖြင့် တာချီလိတ်မြို့ရှိ ကျောက်တိုင်ရှေ့မှစ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း အဝိုင်းပတ်ကာ တာချီလိတ်ရွှေတိဂုံစေတီတော်သို့ သွားရောက်၍ ဆီမီးပူဇော်ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ ဓမ္မစကူးလ်မှ ဆီမီးပူဇော်ခြင်း၊ ဓမ္မစကြာပြိုင်ပွဲကျင်းပခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

မီးကြာလှည့်ပွဲနှင့် တာချီလိတ်ရွှေတိဂုံတွင် ဘုရားဖူးလာရောက်သူများအား ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ယာဉ်ကြောရှင်းလင်းပေးခြင်းနှင့် လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးနေသည်ကို တွေ့သည်။

Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း၊ ချယ်ရီထိုက်၊ ဇောင်းညီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~