တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ မူးယစ္ေဆးႏွင့္ ေလာင္းကစားပေပ်ာက္ေရး ရပ္ကြက္လူထုေတာင္းဆိုမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ ဒုတိယအႀကိမ္ အုပ္စုခြဲကာ လွည့္ကင္းေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ မူးယစ္ေဆးႏွင့္ ေလာင္းကစားပေပ်ာက္ေရး ရပ္ကြက္လူထုေတာင္းဆိုမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ ဒုတိယအႀကိမ္ အုပ္စုခြဲကာ လွည့္ကင္းေဆာင္ရြက္
အောက်တိုဘာ 28, 2018
By Tachileik News Agency
ျမန္မာ - ထုိင္းနယ္စပ္ေဒသ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးမ်ားႏွင့္ မယ္ေခါင္ရပ္ကြက္ျပည္သူ႔စစ္တို႔ ပူးေပါင္း၍ ဒုတိယအႀကိမ္ လံုၿခံဳေရး ကင္းလွည့္ျခင္းအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၈)ရက္ေန႔ ညပိုင္းက ေဆာင္ရြက္သည္ကို ေတြ႔ရသည္။

“ရပ္ကြက္ေတြ လံုၿခံဳေရးအတြက္ ရဲတပ္ဖြဲ႕ကလည္း လွည့္ကင္းေတြ ပတ္ကင္းေတြ လုပ္ေပးေနပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ဆီမွာ သူခိုးေတြ မ်ားတယ္ေလ။ ဒါေၾကာင့္ ရဲတပ္ဖြဲ႕ကို ကၽြန္ေတာ္တို႔က ကူညီေပးတာပါ။ ကၽြန္ေတာ္တုိ႔ ရပ္ကြက္မွာ ရာအိမ္မွဴးမ်ား အေနနဲ႔ ကိုယ့္အပိုင္းအလုိက္ ဆယ္အိမ္မွဴးေတြကို ဦးေဆာင္ၿပီး လံုၿခံဳေရး ကင္းလွည့္တာကို ေဆာင္ရြက္သြားၾကဖို႔ပါ။ အခုလို လွည့္ကင္း ေဆာင္ရြက္ေပးတာကို ရပ္ကြက္လူထုကလည္း ဆက္ၿပီး လုပ္ေစခ်င္ၾကတယ္။ ကၽြန္ေတာ္တို႔ကို ညႊန္ၾကားထားတဲ့ အတုိင္းပဲ ရပ္ကြက္တြင္း ေလာင္းကစားဂိမ္းခံုမ်ား မဖြင့္ဖို႔ ေစာင့္ၾကည့္ရမွာဆိုေတာ့ ရာအိမ္မွဴးမ်ား ကိုယ့္အပိုင္းအလိုက္ ဆယ္အိမ္မွဴးမ်ားနဲ႔ ခ်ိတ္ဆက္ၿပီး ရပ္ကြက္တြင္း အေျခအေနကို ေစာင့္ၾကည့္တာေတြလည္း လုပ္ရမွာပါ”ဟု မယ္ေခါင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းအြတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ေခါင္ရပ္ကြက္တြင္း ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးမ်ားႏွင့္ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ားပါဝင္သည့္အဖြဲ႕ (၅)ဖြဲ႕ခြဲ၍ ရပ္ကြက္တြင္း ကင္းလွည့္ၾကစဥ္ မယ္ေခါင္ေခ်ာင္းေဘး၌ မူးယစ္ေဆးသံုးစြဲေနသူအခ်ိဳ႕ကို ေတြ႔ရၿပီး ကင္းလွည့္သည့္ အဖြဲ႕လာသျဖင့္ ထြက္ေျပးသြားၾကသူမ်ား က်န္ခဲ့သည့္ ဆုိင္ကယ္တစ္စီးကို ရဲတပ္ဖြဲ႕ထံ အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္မ်ားတြင္ ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္း မရိွေစရန္ႏွင့္ ဖြင့္လွစ္ထားပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားရန္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း လက္မွတ္ထိုးထားေစၿပီးေနာက္ မယ္ေခါင္ရပ္ကြက္ လူထုျဖင့္ လွည့္ကင္း ေဆာင္ရြက္ျခင္းကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၂)ရက္ေန႔က ပထမဆံုးအႀကိမ္အျဖစ္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရိွ ေလာင္းကစားခံုမ်ား ပိတ္သိမ္းေရးအတြက္ ရပ္ကြက္ေန အိမ္ေထာင္စု (၂၅၅) စုက လက္မွတ္ေရးထုိးၿပီး ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၀) ရက္ေန႔က ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပခဲ့ၿပီးေနာက္ အဆိုပါကိစၥႏွင့္ပတ္သက္၍ သက္ဆုိင္ရာမွ ေဆာင္ရြက္ေပးရန္ မယ္ေခါင္ရပ္ကြက္မွ ေဒသခံ(၂)ဦးက လူထုေတြ႔ဆံုပြဲတြင္ ထပ္မံတင္ျပခဲ့ၾကျခင္းျဖစ္သည္။

 Tachileik News Agency
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မယ်ခေါင်ရပ်ကွက်ပြည်သူ့စစ်တို့ ပူးပေါင်း၍ ဒုတိယအကြိမ် လုံခြုံရေး ကင်းလှည့်ခြင်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းက ဆောင်ရွက်သည်ကို တွေ့ရသည်။

“ရပ်ကွက်တွေ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကလည်း လှည့်ကင်းတွေ ပတ်ကင်းတွေ လုပ်ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သူခိုးတွေ များတယ်လေ။ ဒါကြောင့် ရဲတပ်ဖွဲ့ကို ကျွန်တော်တို့က ကူညီပေးတာပါ။ ကျွန်တော်တို့ ရပ်ကွက်မှာ ရာအိမ်မှူးများ အနေနဲ့ ကိုယ့်အပိုင်းအလိုက် ဆယ်အိမ်မှူးတွေကို ဦးဆောင်ပြီး လုံခြုံရေး ကင်းလှည့်တာကို ဆောင်ရွက်သွားကြဖို့ပါ။ အခုလို လှည့်ကင်း ဆောင်ရွက်ပေးတာကို ရပ်ကွက်လူထုကလည်း ဆက်ပြီး လုပ်စေချင်ကြတယ်။ ကျွန်တော်တို့ကို ညွှန်ကြားထားတဲ့ အတိုင်းပဲ ရပ်ကွက်တွင်း လောင်းကစားဂိမ်းခုံများ မဖွင့်ဖို့ စောင့်ကြည့်ရမှာဆိုတော့ ရာအိမ်မှူးများ ကိုယ့်အပိုင်းအလိုက် ဆယ်အိမ်မှူးများနဲ့ ချိတ်ဆက်ပြီး ရပ်ကွက်တွင်း အခြေအနေကို စောင့်ကြည့်တာတွေလည်း လုပ်ရမှာပါ”ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်တွင်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သည့်အဖွဲ့ (၅)ဖွဲ့ခွဲ၍ ရပ်ကွက်တွင်း ကင်းလှည့်ကြစဉ် မယ်ခေါင်ချောင်းဘေး၌ မူးယစ်ဆေးသုံးစွဲနေသူအချို့ကို တွေ့ရပြီး ကင်းလှည့်သည့် အဖွဲ့လာသဖြင့် ထွက်ပြေးသွားကြသူများ ကျန်ခဲ့သည့် ဆိုင်ကယ်တစ်စီးကို ရဲတပ်ဖွဲ့ထံ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်များတွင် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ထိုးထားစပြေီးနောက် မယ်ခေါင်ရပ်ကွက် လူထုဖြင့် လှည့်ကင်း ဆောင်ရွက်ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ လောင်းကစားခုံများ ပိတ်သိမ်းရေးအတွက် ရပ်ကွက်နေ အိမ်ထောင်စု (၂၅၅) စုက လက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် မယ်ခေါင်ရပ်ကွက်မှ ဒေသခံ(၂)ဦးက လူထုတွေ့ဆုံပွဲတွင် ထပ်မံတင်ပြခဲ့ကြခြင်းဖြစ်သည်။

 Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~