တင္ဒါေအာင္ကုမၸဏီမ်ားထံမွ (၃)ရာခိုင္ႏႈန္းရယူသည့္ မႏၱေလးတုိင္းေဒသႀကီး ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန တုိင္းဦးစီးမွဴးႏွင့္ ဌာနခြဲစာေရးတုိ႔အား အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္

တင္ဒါေအာင္ကုမၸဏီမ်ားထံမွ (၃)ရာခိုင္ႏႈန္းရယူသည့္ မႏၱေလးတုိင္းေဒသႀကီး ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန တုိင္းဦးစီးမွဴးႏွင့္ ဌာနခြဲစာေရးတုိ႔အား အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္
အောက်တိုဘာ 31, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီးအတြင္း ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ေက်းလက္လမ္းလုပ္ငန္းမ်ား တင္ဒါေအာင္ ကုမၸဏီ(၆)ခုအား ထုတ္ေပးေငြမွ (၃)ရာခုိင္ႏႈန္း ရယူခဲ့သည့္ ေက်းလက္လမ္းဖြံ႔ၿဖိဳးေရးဦးစီးဌာန တိုင္းဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴးႏွင့္ ဌာနခြဲစာေရးတို႔အား ျမစ္ငယ္နယ္ေျမရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁) ရက္ေန႔က အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရန္ပံုေငြဘတ္ဂ်က္နွင့္ တိုင္းေဒသႀကီးအစိုးရ ရန္ပံုေငြ ဘတ္ဂ်က္တို႔မွ ေက်းလက္လမ္းလုပ္ငန္းမ်ား တင္ဒါေအာင္သည့္ ကုမၸဏီ (၆)ခုအား လုပ္ငန္းၿပီးစီးမႈ အရ (၂၅)ရာခုိင္ႏႈန္းကို ထုတ္ေပးခဲ့ရာတြင္ အဆိုပါေငြ၏ (၃)ရာခုိင္ႏႈန္းျဖစ္သည့္ ေငြက်ပ္ (၁၀.၂၇၈) သန္းေက်ာ္ကို မႏၱေလးတိုင္းေဒသႀကီး ေက်းလက္လမ္းဖြံ႔ၿဖိဳးေရးဦးစီးဌာနမွ ေငြထုတ္သူအရာရွိ တိုင္းဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေအာင္ျမင့္ေက်ာ္ႏွင့္ ဌာနခြဲစာေရး ေဒၚသူဇာတို႔က  “ရံုးစရိတ္/ေငြထုတ္စရိတ္“ ဟု အေၾကာင္းျပကာ ရယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ယင္းကဲ့သို႔ အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီး ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ေငြထုတ္သူအရာရွိ တိုင္းဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေအာင္ျမင့္ေက်ာ္ကို ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၅၆) အရလည္းေကာင္း၊ ဌာနခြဲစာေရး ေဒၚသူဇာကို ၂၀၁၃ ခုနွစ္၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ အရလည္းေကာင္း အေရးယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါအောင် ကုမ္ပဏီ(၆)ခုအား ထုတ်ပေးငွေမှ (၃)ရာခိုင်နှုန်း ရယူခဲ့သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲစာရေးတို့အား မြစ်ငယ်နယ်မြေရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဘတ်ဂျက်နှင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ဘတ်ဂျက်တို့မှ ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါအောင်သည့် ကုမ္ပဏီ (၆)ခုအား လုပ်ငန်းပြီးစီးမှု အရ (၂၅)ရာခိုင်နှုန်းကို ထုတ်ပေးခဲ့ရာတွင် အဆိုပါငွေ၏ (၃)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁၀.၂၇၈) သန်းကျော်ကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့က “ရုံးစရိတ်/ငွေထုတ်စရိတ်“ ဟု အကြောင်းပြကာ ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယင်းကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆) အရလည်းကောင်း၊ ဌာနခွဲစာရေး ဒေါ်သူဇာကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~