တာချီလိတ်တွင် ကျင်းပမည့် Mister World Tachileik ပြိုင်ပွဲအတွက် စာရင်းပေးထားသူ (၁၃)ဦးအထိ ရှိနေပြီး ပြိုင်ပွဲဝင်လိုသူများ အောက်တိုဘာ ၂၇ ရက်နေ့အထိ လျှောက်ထားနိုင်ရန် ရက်တိုးပေးထား

တာချီလိတ်တွင် ကျင်းပမည့် Mister World Tachileik ပြိုင်ပွဲအတွက် စာရင်းပေးထားသူ (၁၃)ဦးအထိ ရှိနေပြီး ပြိုင်ပွဲဝင်လိုသူများ အောက်တိုဘာ ၂၇ ရက်နေ့အထိ လျှောက်ထားနိုင်ရန် ရက်တိုးပေးထား
အောကျတိုဘာ 22, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Mister World Tachileik Organization က ကြီးမှူး ကျင်းပသည့် Mister World Tachileik ပြိုင်ပွဲအတွက် လက်ရှိတွင် စာရင်းပေးထားသူ (၁၃)ဦးရှိနေပြီး ဆက်လက်၍ ပြိုင်ပွဲဝင်လိုသူများ အတွက် လျှောက်ထားနိုင်သည့်ရက် ထပ်တိုး ပေးထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Mister World Tachileik အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ လူငယ်များ ပါဝင်လာစေရန် လျှောက်ထားနိုင်သည့်ရက်ကို ထပ်မံတိုးပေးထားခြင်းဖြစ်ကာ လက်ရှိတွင် လျှောက်ထားသူ (၁၃)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအနေဖြင့် မိမိတို့လူမျိုးနှင့် ယဉ်ကျေးမှုဂုဏ်ကို ဖော်ဆောင်နိုင်ရန်၊ လူငယ်များ၏ စံပြ လူငယ်ဖြစ်စေရန်၊ မြို့ဂုဏ်ဆောင် မြို့နယ်၏ ဖွံ့ဖြိုးမှုကဏ္ဍများတွင် ပါဝင်ဦးဆောင်သူဖြစ်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း Mister World Tachileik Organization ဖေါ်ပြထားသည်။

Mister World Myanmar International Organization က ကြီးမှူးကျင်းပသည့် အဆိုပါပြိုင်ပွဲ၏ Grand final ပြိုင်ပွဲကို နိုဝင်ဘာလ  (၄) ရက်နေ့၌ ဟုတ်တက်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် Mister အနေဖြင့် ရန်ကုန်တွင် ကျင်းပမည့် Mister World Myanmar တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို DUWUN production Photo & Video ပါလျှံ (၃) ရပ်ကွက်၊ ဖုန်း - 09895541142၊ Sandi Smile (Hair & Beauty Salon) အမှတ် (၂/၁၅)၊ ဂေါ်သဇင်လမ်း၊ နတ်စင်ရှေ့၊ မကာအိုခမ်းရပ်ကွက်၊ဖုန်း - 09428222101 , 09253212863၊ နေခြည်လင်း အလှပြုပြင်ရေး၊ မြို့လယ်ဓမ္မာရုံရှေ့၊ ရွှေတိဂုံလမ်း၊ ဖုန်း - 09262232098၊ ယမုံသွယ် Spa & Resort ဖုန်း - 0941006192၊ Be Smile Beauty Salon ဘုရင့်နောင်ဈေး ဖုန်း - 09456150715 , 095242343၊ J My King Gym၊ Tess Water မှ GM Ko John Nay Aung 09254793182 တို့တွင် ရယူနိုင်ကြောင်း သိရပြီး အသေးစိတ်အချက်အလက်များကို ဖုန်း - 09456150715 နှင့် 09263526758 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Mister World Tachileik Organization က ကြီးမှူး ကျင်းပသည့် Mister World Tachileik ပြိုင်ပွဲအတွက် လက်ရှိတွင် စာရင်းပေးထားသူ (၁၃)ဦးရှိနပြေီး ဆက်လက်၍ ပြိုင်ပွဲဝင်လိုသူများ အတွက် လျှောက်ထားနိုင်သည့်ရက် ထပ်တိုး ပေးထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Mister World Tachileik အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ လူငယ်များ ပါဝင်လာစေရန် လျှောက်ထားနိုင်သည့်ရက်ကို ထပ်မံတိုးပေးထားခြင်းဖြစ်ကာ လက်ရှိတွင် လျှောက်ထားသူ (၁၃)ဦး ရှိနပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအနဖြေင့် မိမိတို့လူမျိုးနှင့် ယဉ်ကျေးမှုဂုဏ်ကို ဖော်ဆောင်နိုင်ရန်၊ လူငယ်များ၏ စံပြ လူငယ်ဖြစ်စေရန်၊ မြို့ဂုဏ်ဆောင် မြို့နယ်၏ ဖွံ့ဖြိုးမှုကဏ္ဍများတွင် ပါဝင်ဦးဆောင်သူဖြစ်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း Mister World Tachileik Organization ဖော်ပြထားသည်။

Mister World Myanmar International Organization က ကြီးမှူးကျင်းပသည့် အဆိုပါပြိုင်ပွဲ၏ Grand final ပြိုင်ပွဲကို နိုဝင်ဘာလ (၄) ရက်နေ့၌ ဟုတ်တက်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် Mister အနဖြေင့် ရန်ကုန်တွင် ကျင်းပမည့် Mister World Myanmar တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများ အနဖြေင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို DUWUN production Photo & Video ပါလျှံ (၃) ရပ်ကွက်၊ ဖုန်း - 09895541142၊ Sandi Smile (Hair & Beauty Salon) အမှတ် (၂/၁၅)၊ ဂေါ်သဇင်လမ်း၊ နတ်စင်ရှေ့၊ မကာအိုခမ်းရပ်ကွက်၊ဖုန်း - 09428222101 , 09253212863၊ နခြေည်လင်း အလှပြုပြင်ရေး၊ မြို့လယ်ဓမ္မာရုံရှေ့၊ ရွှေတိဂုံလမ်း၊ ဖုန်း - 09262232098၊ ယမုံသွယ် Spa & Resort ဖုန်း - 0941006192၊ Be Smile Beauty Salon ဘုရင့်နောင်ဈေး ဖုန်း - 09456150715 , 095242343၊ J My King Gym၊ Tess Water မှ GM Ko John Nay Aung 09254793182 တို့တွင် ရယူနိုင်ကြောင်း သိရပြီး အသေးစိတ်အချက်အလက်များကို ဖုန်း - 09456150715 နှင့် 09263526758 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - DUWUN production Photo & Video

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~