မူဆယ်မြို့၌ တရားမဝင်ဖွင့်လှစ်ထားသည့် တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံတွင် တရားမဝင် အလုပ် လုပ်နေသည့် ဆရာဝန်များအပါအဝင် တရုတ်နိုင်ငံသား (၅)ဦးကို ဖမ်းဆီးရမိ

မူဆယ်မြို့၌ တရားမဝင်ဖွင့်လှစ်ထားသည့် တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံတွင် တရားမဝင် အလုပ် လုပ်နေသည့် ဆရာဝန်များအပါအဝင် တရုတ်နိုင်ငံသား (၅)ဦးကို ဖမ်းဆီးရမိ
အောကျတိုဘာ 19, 2018
By Tachileik News Agency


မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ဦး၊ ကျန်းမာရေးဦးစီးဌာန ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းတို့အပါအဝင် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် စွမ်စော်ရပ်ကွက်၊ မူဆယ် - နမ့်ခမ်းပြည်ထောင်စုလမ်းမကြီးဘေးရှိ သုံးထပ်တိုက် အဆောက်အဦကို ဝင်ရောက်စစ်ဆေးရာ တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံ အမည် တပ်ထားသည်ကို တွေ့ရပြီး အဆိုပါ အဆောက်အဦအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၃)ဦးတို့ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆောက်အဦအတွင်း ဆေးယူခန်းငွေချေကောင်တာ၊ ဓါတ်မှန်ရိုက်ခန်း၊ သွားဘက်ဆိုင်ရာဌာန၊ ခွဲစိတ်ကုသရေးဌာန၊ မီးယပ်သားဖွားဌာန၊ ယောက်ျားရောဂါကုဌာန၊ ရောင်စုံအာထရာစောင်းနှင့် ကွန်ပျူတာနှလုံးစပ်သပ်ခန်းများ၊ လူနာခန်းများစသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဆေးရုံတွင် တွေ့ရသည့် တရုတ်နိုင်ငံသား(၆)ဦးအနက် အသက်(၆၀)အရွယ် ဆရာဝန် ချူလိန်ဆန်း၊ အသက်(၄၄)နှစ်အရွယ် ဆရာဝန် ရွှမ့်ဝေ့မင့်၊ အသက်(၅၄)နှစ်အရွယ် စားဖိုတာဝန် ရှမ်ကျိမ်းဟော့၊ အသက်(၆၆)နှစ်အရွယ် သူနာပြုအကူလုပ်သား ဝူကျိဝေ၊ အသက်(၅၀)အရွယ် ရောဂါရှာဖွေရေးအကူ နီနီတို့ (၅)ဦးမှာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံ အမည်တပ်ပြီး တရားမဝင် ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တရားမဝင် နေထိုင်အလုပ် လုပ်ကိုင်နေသည့် ဆရာဝန်(၂)ဦး အပါအဝင် တရုတ်နိုင်ငံသား(၅)ဦးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ဦး၊ ကျန်းမာရေးဦးစီးဌာန ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းတို့အပါအဝင် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် စွမ်စော်ရပ်ကွက်၊ မူဆယ် - နမ့်ခမ်းပြည်ထောင်စုလမ်းမကြီးဘေးရှိ သုံးထပ်တို်က် အဆောက်အဦကို ဝင်ရောက်စစ်ဆေးရာ တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံ အမည် တပ်ထားသည်ကို တွေ့ရပြီး အဆိုပါ အဆောက်အဦအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၃)ဦးတို့ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆောက်အဦအတွင်း ဆေးယူခန်းငွေချေကောင်တာ၊ ဓာတ်မှန်ရိုက်ခန်း၊ သွားဘက်ဆိုင်ရာဌာန၊ ခွဲစိတ်ကုသရေးဌာန၊ မီးယပ်သားဖွားဌာန၊ ယောကျာ်းရောဂါကုဌာန၊ ရောင်စုံအာထရာစောင်းနှင့် ကွန်ပျူတာနှလုံးစပ်သပ်ခန်းများ၊ လူနာခန်းများစသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဆေးရုံတွင် တွေ့ရသည့် တရုတ်နိုင်ငံသား(၆)ဦးအနက် အသက်(၆၀)အရွယ် ဆရာဝန် ချူလိန်ဆန်း၊ အသက်(၄၄)နှစ်အရွယ် ဆရာဝန် ရွှမ့်ဝေ့မင့်၊ အသက်(၅၄)နှစ်အရွယ် စားဖိုတာဝန် ရှမ်ကျိမ်းဟော့၊ အသက်(၆၆)နှစ်အရွယ် သူနာပြုအကူလုပ်သား ဝူကျိဝေ၊ အသက်(၅၀)အရွယ် ရောဂါရှာဖွေရေးအကူ နီနီတို့ (၅)ဦးမှာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ ဆေးရုံဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် အောက်တိုဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက မူဆယ်ဘက်ခြမ်း၌ဆောက်လုပ်နေသည့် အဆောက်အဦမှာ တရုတ်နယ်နမိတ်တွင် ပါဝင်သည်ဟုဆိုကာ လက်နက်ကိုင်လာရောက်ကန့်ကွက်သည့် တရုတ်နိုင်ငံ ရဲအင်အား (၃၀) ဦးမှာလည်း နယ်စပ်တရားမဝင် ဝင်ပေါက်မှ ဖြတ်ကျော်ဝင်ရောက်လာကြသဖြင့် မြန်မာနိုင်ငံက တရားဝင်ကန့်ကွက်စာ ပေးပို့ထားရသည့်အပြင် ခိုးဝင်ပေါက်ကိုလည်း မြန်မာဘက်ခြမ်းမှ ပိတ်ထားလိုက်ရကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်၊ Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~