တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရာမွ သစ္တင္ကားေမာင္းသူမ်ား ထြက္ေျပးလြတ္ေျမာက္သြားၿပီး က်န္ရစ္ခဲ့သည့္ သစ္မ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရာမွ သစ္တင္ကားေမာင္းသူမ်ား ထြက္ေျပးလြတ္ေျမာက္သြားၿပီး က်န္ရစ္ခဲ့သည့္ သစ္မ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
အောက်တိုဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕၊ သစ္ေတာဦးစီးဌာန တို႔ႏွင့္အတူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးတို႔ ပူးေပါင္း၍ တရားမဝင္ သစ္တင္လာသည့္ ကားႏွစ္စီးကို ဖမ္းဆီးရာ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ရဲမွဴး ရဲမွဴးေက်ာ္ႏုိင္၊ မိုင္းျဖတ္သစ္ေတာ ဦးစီးဌာန တို႔မွ သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုနွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔ ည (၁၀)နာရီ အခ်ိန္တြင္ မုိင္းျဖတ္ၿမိဳ႕၊ ဝမ္မိုင္ရပ္ကြက္ က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္း မုိင္တိုင္အမွတ္ (၇၁၀) KM အနီးတြင္ ပိေတာက္သစ္ (၃)လံုး တင္လာသည့္ ဒိုင္နာယာဥ္ကို စစ္ေဆးရန္ ေဆာင္ရြက္စဥ္ ယာဥ္ေမာင္းမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါ ဒိုင္နာယာဥ္ရပ္ထားသည့္ အနီးမွ ဝမ္ေနာင္ေက်းရြာဘက္သို႔ ေမာင္းႏွင္သြားသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို လိုက္လံစစ္ေဆးရာ ယာဥ္ကို ဝမ္ေနာင္ရြာ ဘုန္းႀကီးေက်ာင္းေရွ႕တြင္ ရပ္ထားသည္ကို ေတြ႔ရၿပီး ယာဥ္ေပၚတြင္ ပိေတာက္သစ္ခြဲသားဆိုဒ္စံု (၁၈)တံုးကို ထပ္မံ စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ တရားမဝင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ သစ္မ်ားအား သစ္ေတာ ဦးစီးဌာနသို႔ လႊဲေျပာင္းေပးထားၿပီး မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ကာ ယာဥ္ေမာင္းႏွင့္ သစ္ပိုင္ရွင္ကို စံုစမ္းေဖၚထုတ္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန တို့နှင့်အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပူးပေါင်း၍ တရားမဝင် သစ်တင်လာသည့် ကားနှစ်စီးကို ဖမ်းဆီးရာ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ရဲမှူးကျော်နိုင်၊ မိုင်းဖြတ်သစ်တော ဦးစီးဌာန တို့မှ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ ည (၁၀)နာရီ အချိန်တွင် မိုင်းဖြတ်မြို့၊ ဝမ်မိုင်ရပ်ကွက် ကျိုင်းတုံ - တာချီလိတ်ကားလမ်း မိုင်တိုင်အမှတ် (၇၁၀) KM အနီးတွင် ပိတောက်သစ် (၃)လုံး တင်လာသည့် ဒိုင်နာယာဉ်ကို စစ်ဆေးရန် ဆောင်ရွက်စဉ် ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ဒိုင်နာယာဉ်ရပ်ထားသည့် အနီးမှ ဝမ်နောင်ကျေးရွာဘက်သို့ မောင်းနှင်သွားသည့် မော်တော်ယာဉ်တစ်စီးကို လိုက်လံစစ်ဆေးရာ ယာဉ်ကို ဝမ်နောင်ရွာ ဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသည်ကို တွေ့ရပြီး ယာဉ်ပေါ်တွင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ (၁၈)တုံးကို ထပ်မံ စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားမဝင် သစ်တင်လာသည့် မော်တော်ယာဉ်များနှင့် သစ်များအား သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးထားပြီး မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်ကာ ယာဉ်မောင်းနှင့် သစ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~