အောက်တိုဘာလ(၂၄) သို့မဟုတ် (၂၅)ရက်နေ့တွင် ဂူထွက်တော်မူမည့် မိုင်းဖုန်းဆရာတော်အား ဖူးမြှော်ကြည်ညိုနိုင်ရန် ကြိုတင်ပြင်ဆင်နေပြီး ရပ်ဝေးရပ်နီးများမှ ကြိုတင်ရောက်ရှိနေ

အောက်တိုဘာလ(၂၄) သို့မဟုတ် (၂၅)ရက်နေ့တွင် ဂူထွက်တော်မူမည့် မိုင်းဖုန်းဆရာတော်အား ဖူးမြှော်ကြည်ညိုနိုင်ရန် ကြိုတင်ပြင်ဆင်နေပြီး ရပ်ဝေးရပ်နီးများမှ ကြိုတင်ရောက်ရှိနေ
အောကျတိုဘာ 21, 2018
By Tachileik News Agency

ဝါတွင်း(၃)လ ဂူအတွင်း ဝစီပိတ်တရားအားထုတ်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့ သို့မဟုတ် (၂၅)ရက်နေ့တွင် ဂူထွက်တော်မူမည်ဖြစ်ရာ ဆရာတော်အား ဖူးမြှော်ကြည်နိုင်ရန်နှင့် ရပ်နီးရပ်ဝေးမှ တပည့်ဒါယိကာ၊ ဒါယိကာမများ တည်းခိုနိုင်ရန် ပြင်ဆင်မှုများကို  ၀ိုင်းဝန်း ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

"အခုလောလောဆယ် ကတော့ ဒီမှာ လားရှိုး၊ ကျေးသီး၊ မိုင်းကိုင်း နဲ့ အနီးအနားက လူတွေတော့ ရောက်လာနေကြပြီ၊ ဒီမှာ ရှိနေကြတဲ့ ဆရာတော်ဘုရားရဲ့  တပည့်ဒါယိကာတွေက ဆရာတော်အတွက် ကျောင်းဆောင်တို့ ရပ်ဝေးရပ်နီးက လာရောက်မဲ့ သူတွေအတွက် ဇရပ်တို့ အဆောင်တို့ ဆောက်နေ ကြတာပါ၊ ဒီကို သွားလာရာ အဆင်ပြေရန် အတွက်တော့ လမ်းပိုင်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးက လုပ်ပေးနေပါတယ်၊ မနေ့ကလည်း မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန် ရှိသူတွေလည်း လာကြည့် သွားတယ်"ဟု ဂူအနီးတွင် ဆရာတော်တရားတော်ဟောကြားနိုင်ရန်အတွက် ပြင်ဆင်ပေးနေသူ တပည့်ဒါယိကာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြောသည်။






Tachileik News Agency
ဓါတ်ပုံ - Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~


ဝါတွင်း(၃)လ ဂူအတွင်း ဝစီပိတ်တရားအားထုတ်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့ သို့မဟုတ် (၂၅)ရက်နေ့တွင် ဂူထွက်တော်မူမည်ဖြစ်ရာ ဆရာတော်အား ဖူးမြှော်ကြည်နိုင်ရန်နှင့် ရပ်နီးရပေ်ဝးမှ တပည့်ဒါယိကာ၊ ဒါယိကာမများ တည်းခိုနိုင်ရန် ပြင်ဆင်မှုများကို ဝိုင်းဝန်း ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

"အခုလောလောဆယ် ကတော့ ဒီမှာ လားရှိုး၊ ကျေးသီး၊ မိုင်းကိုင်း နဲ့ အနီးအနားက လူတွေတော့ ရောက်လာနကြပြေီ၊ ဒီမှာ ရှိနကြေတဲ့ ဆရာတော်ဘုရားရဲ့ တပည့်ဒါယိကာတွေက ဆရာတော်အတွက် ကျောင်းဆောင်တို့ ရပေ်ဝးရပ်နီးက လာရောက်မဲ့ သူတွေအတွက် ဇရပ်တို့ အဆောင်တို့ ဆောက်နေ ကြတာပါ၊ ဒီကို သွားလာရာ အဆင်ပြေရန် အတွက်တော့ လမ်းပိုင်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးက လုပ်ပေးနေပါတယ်၊ မနေ့ကလည်း မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန် ရှိသူတွေလည်း လာကြည့် သွားတယ်"ဟု ဂူအနီးတွင် ဆရာတော်တရားတော်ဟောကြားနိုင်ရန်အတွက် ပြင်ဆင်ပေးနေသူ တပည့်ဒါယိကာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြောသည်။

မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ထွက်မည့်နေ့အား သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် လပြည့်ကျော်(၁)ရက်နေ့ဟု အတည်မပြုနိုင်သော်လည်း ဆရာတော်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့က ဂူထွက်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ၂၀၁၇တုန်းကလည်း သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ဖြစ်တဲ့ အောက်တိုဘာလ(၆)ရက်နေ့က ဂူထွက်ခဲ့တာဆိုတော့ ဒီနှစ်လည်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ ထွက်မယ်လို့ အားလုံးခန့်မှန်းထားကြပါတယ်၊ လပြည့်နေ့မှာ ထွက်ချင်လည်း ထွက်လာလိမ့်မယ်ပေါ့နော်၊ ခန့်မှန်းလို့တော့မရဘူး၊ သေချာတာကတော့ (၂၄)ရက်နေ့ မဟုတ်ရင် (၂၅)ရက်နေ့ ဆရာတော် ဂူထွက်လာမှာပါ"ဟု၎င်းက ဆက်လက်ပြောပြသည်။

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် ဝါတွင်းကာလ တရားအားထုတ်ရန် အတွက် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်က စတင်၍ တာချီလိတ်မှ တဆင့် ကြွရောက်တော်မူသွားပြီးနောက် ဂူအတွင်းတရားအားထုတ်ကာ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ဖြစ်သည့် အောက်တိုဘာလ(၂၄)သို့ (၂၅)ရက်နေ့တွင် ဂူထွက်တော် မူမည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၈ ခုနှစ်၊ ဇန်ဝါရီလတွင် သက်တော်(၅၅)နှစ်ရှိခဲ့ပြီဖြစ်ပြီး နှစ်စဉ် ဝါတွင်း ကာလများ၌ ဂူအတွင်း တစ်ပါးတည်း ဝစီပိတ်တရားအားထုတ်လေ့ရှိခြင်းဖြစ်သည်။

မိုင်ဖုန်းဆရာတော်အား နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - Tiger Wan

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~