က်ိဳင္းတံုအက်ဥ္းေထာင္ႏွင့္ တာခ်ီလိတ္ရဲအခ်ဳပ္ေထာင္တို႔တြင္ ျပဳျပင္ရမည့္ အခ်က္မ်ားကို လူ႔အခြင့္အေရးေကာ္မရွင္ အႀကံျပဳ

က်ိဳင္းတံုအက်ဥ္းေထာင္ႏွင့္ တာခ်ီလိတ္ရဲအခ်ဳပ္ေထာင္တို႔တြင္ ျပဳျပင္ရမည့္ အခ်က္မ်ားကို လူ႔အခြင့္အေရးေကာ္မရွင္ အႀကံျပဳ
အောက်တိုဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တုိ႔ရိွ အက်ဥ္းေထာင္၊ အခ်ဳပ္ခန္းမ်ားကို ျမန္မာႏုိင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္က စစ္ေဆးၿပီးေနာက္ ျပဳျပင္ ေဆာင္ရြက္ရမည့္ အခ်က္မ်ားကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ အႀကံျပဳထုတ္ျပန္လိုက္သည္။

လူအခြင့္အေရးေကာ္မရွင္က စစ္ေဆး ေတြ႔ရိွခ်က္မ်ားအရ က်ိဳင္းတံုအက်ဥ္းေထာင္ရိွ TB ေရာဂါသည္မ်ားကို လက္ရိွတြင္ သီးျခားအေဆာင္၌ ခြဲထားၿပီျဖစ္ေသာ္လည္း ယခင္က အျခား အက်ဥ္းသားမ်ားနွင့္ အတူထားခဲ့သျဖင့္ ကူးစက္ခဲ့ျခင္းရွိ မရွိ စစ္ေဆးလိုေၾကာင္း တင္ျပခ်က္မ်ားအရ TB ဆရာဝန္ႀကီးမ်ား ဖိတ္ေခၚ စစ္ေဆးေပးရန္၊ ART ေဆးမရ ရွိေသးသည့္ HIV ေရာဂါသည္ အက်ဥ္းသား(၃)ဦးႏွင့္ အက်ဥ္းသူ(၁)ဦးအတြက္ ေဆးအျမန္ဆံုးရရိွေရး ေဆာင္ရြက္ေပးရန္၊ အက်ဥ္းသူမ်ားနွင့္အတူ ပါလာေသာ ကေလးငယ္ (၃) ဦးကို ျဖည့္စြက္အစာမ်ား ေကြ်းေမြးရန္၊ အက်ဥ္းေထာင္ စာၾကည့္တုိက္တြင္ ဗဟုသုတျဖစ္ဖြယ္ စာအုပ္စာေပမ်ား ထပ္မံ ျဖည့္ဆည္းေပးရန္တို႔ကို အႀကံျပဳထားသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ ရဲအခ်ဳပ္ေထာင္ရွိ အခန္းအခ်ိဳ႕၌ မိလႅာခန္းမ်ား သန္႔ရွင္းမႈ အားနည္းၿပီး ေရဝပ္ေနသျဖင့္ ေရရွည္တြင္ ျခင္မ်ား ခိုေအာင္းႏုိင္ၿပီး ဝမ္းေရာဂါမ်ား ျဖစ္ပြားႏိုင္သျဖင့္ သန္႔ရွင္းေရး ေဆာင္ရြက္ရန္ အႀကံျပဳထားသည္။

ျမန္မာနိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္မွ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္နွင့္ ေဒါက္တာျမင့္ၾကည္ တို႔ ပါဝင္သည့္ အဖြဲ႕သည္ ၂၀၁၈ ခုနွစ္၊ စက္တင္ဘာလ (၁၂) ရက္ေန႔မွ (၁၄) ရက္ေန႔အထိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားရိွ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္ႏွင့္ ရဲစခန္း၊ တရားရံုးႏွင့္ ေဆးရံု အခ်ဳပ္ခန္းမ်ားအား ၾကည့္ရႈစစ္ေဆးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - MNHRC


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်တို့ရှိ အကျဉ်းထောင်၊ အချုပ်ခန်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးပြီးနောက် ပြုပြင် ဆောင်ရွက်ရမည့် အချက်များကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် အကြံပြုထုတ်ပြန်လိုက်သည်။

လူအခွင့်အရေးကော်မရှင်က စစ်ဆေး တွေ့ရှိချက်များအရ ကျိုင်းတုံအကျဉ်းထောင်ရှိ TB ရောဂါသည်များကို လက်ရှိတွင် သီးခြားအဆောင်၌ ခွဲထားပြီဖြစ်သော်လည်း ယခင်က အခြား အကျဉ်းသားများနှင့် အတူထားခဲ့သဖြင့် ကူးစက်ခဲ့ခြင်းရှိ မရှိ စစ်ဆေးလိုကြောင်း တင်ပြချက်များအရ TB ဆရာဝန်ကြီးများ ဖိတ်ခေါ် စစ်ဆေးပေးရန်၊ ART ဆေးမရ ရှိသေးသည့် HIV ရောဂါသည် အကျဉ်းသား(၃)ဦးနှင့် အကျဉ်းသူ(၁)ဦးအတွက် ဆေးအမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးရန်၊ အကျဉ်းသူများနှင့်အတူ ပါလာသော ကလေးငယ် (၃) ဦးကို ဖြည့်စွက်အစာများ ကျွေးမွေးရန်၊ အကျဉ်းထောင် စာကြည့်တိုက်တွင် ဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများ ထပ်မံ ဖြည့်ဆည်းပေးရန်တို့ကို အကြံပြုထားသည်ကို တွေ့ရသည်။

တာချီလိတ် ရဲအချုပ်ထောင်ရှိ အခန်းအချို့၌ မိလ္လာခန်းများ သန့်ရှင်းမှု အားနည်းပြီး ရေဝပ်နေသဖြင့် ရေရှည်တွင် ခြင်များ ခိုအောင်းနိုင်ပြီး ဝမ်းရောဂါများ ဖြစ်ပွားနိုင်သဖြင့် သန့်ရှင်းရေး ဆောင်ရွက်ရန် အကြံပြုထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည် တို့ ပါဝင်သည့် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်မြို့များရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံ အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - MNHRC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~