ကယားျပည္နယ္ႏွင့္ ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ေစ်း ဒီဇင္ဘာလလယ္တြင္ ဖြင့္လွစ္မည္

ကယားျပည္နယ္ႏွင့္ ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ေစ်း ဒီဇင္ဘာလလယ္တြင္ ဖြင့္လွစ္မည္
အောက်တိုဘာ 29, 2018
By Tachileik News Agency
ကယားျပည္နယ္ မယ္စဲ့ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခ႐ုိင္ ခြန္ယြန္းၿမိဳ႕တို႔ၾကား ျမန္မာ- ထိုင္း ႏွစ္ႏိုင္ငံ နယ္စပ္ေစ်းကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလလယ္တြင္ ဖြင့္လွစ္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ထိုင္းဖက္ ခြန္ယြန္းၿမိဳ႕နယ္နဲ႔ နယ္စပ္ေစ်းဖြင့္ဖို႔ အႀကိဳသေဘာတူညီမႈေတာ့ ႐ွိၿပီးသားေပါ့။ ကြၽန္ေတာ္တို႔မွာ ေစ်းဖြင့္ဖို႔လည္း ျပင္ထားၿပီးသားေပါ့။ ဒါေပမဲ့ ထိုင္းဖက္က လမ္းျပင္ဖို႔ (၉)ကီလိုမီတာ က်န္ေနတယ္။ အဲဒီေတာ့ သူတို႔ဖက္က ကားသြားလာလို႔ မျဖစ္ႏိုင္ေသးဘူး။ ကြၽန္ေတာ္တို႔ဖက္က အကုန္ အဆင္သင့္ ျဖစ္ေနပါၿပီ။ ေစ်းဖြင့္႐ုံပဲ ရိွေတာ့တာ" ဟု မယ္စဲ့ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္စဲ့ၿမိဳ႕နယ္ရိွ ဘီပီ(၁၃) နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈမ်ားစတင္ေနၿပီးေနာက္ မယ္စဲ့ႏွင့္ ခြန္ယြန္းၿမိဳ႕တို႔ၾကား ႏွစ္ႏုိင္ငံနယ္စပ္ေစ်းအျဖစ္ တစ္လ(၂)ႀကိမ္ အလွည့္က်ဖြင့္လွစ္ရန္ ႏွစ္ဖက္ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္း အႀကိဳညိႇႏိႈင္းသေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ သေဘာတူထားတာက တစ္လႏွစ္ႀကိမ္ေပါ့။ ဥပမာ ျမန္မာဖက္က လကုန္ (၁)ရက္၊ (၂)ရက္စရင္ သူတို႔ဖက္က (၁၅)၊ (၁၆)ေပါ့။ ကြၽန္ေတာ္တို႔ ေစ်းေန႔ဆိုရင္ မယ္စဲ့မွာ လာရမယ္။ သူတို႔ ေစ်းေန႔ဆိုရင္ ကၽြန္ေတာ္တို႔က ခြန္ယြန္းကို သြားရမယ္။ ကုန္သည္ေတြကေတာ့ တစ္လကို (၂)ႀကိမ္ ကုန္သြယ္ေရာင္းဝယ္ခြင့္႐ွိမွာေပါ့ " ဟု ဦးမ်ိဳးသန္႔က ေျပာသည္။

အဆိုပါ ႏွစ္ႏုိင္ငံနယ္စပ္ေစ်းအစီအစဥ္ကို ေဒသတြင္းကုန္သည္မ်ားကလည္း စိတ္ဝင္စားမႈမ်ားၿပီး ေရာင္းခ်ရန္ စာရင္းေပးသြင္းထားသူမ်ားလည္းရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ် မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့တို့ကြား မြန်မာ- ထိုင်း နှစ်နိုင်ငံ နယ်စပ်ဈေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ ထိုင်းဖက် ခွန်ယွန်းမြို့နယ်နဲ့ နယ်စပ်ဈေးဖွင့်ဖို့ အကြိုသဘောတူညီမှုတော့ ရှိပြီးသားပေါ့။ ကျွန်တော်တို့မှာ ဈေးဖွင့်ဖို့လည်း ပြင်ထားပြီးသားပေါ့။ ဒါပေမဲ့ ထိုင်းဖက်က လမ်းပြင်ဖို့ (၉)ကီလိုမီတာ ကျန်နေတယ်။ အဲဒီတော့ သူတို့ဖက်က ကားသွားလာလို့ မဖြစ်နိုင်သေးဘူး။ ကျွန်တော်တို့ဖက်က အကုန် အဆင်သင့် ဖြစ်နေပါပြီ။ ဈေးဖွင့်ရုံပဲ ရှိတော့တာ" ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်စဲ့မြို့နယ်ရှိ ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုများစတင်နပြေီးနောက် မယ်စဲ့နှင့် ခွန်ယွန်းမြို့တို့ကြား နှစ်နိုင်ငံနယ်စပ်ဈေးအဖြစ် တစ်လ(၂)ကြိမ် အလှည့်ကျဖွင့်လှစ်ရန် နှစ်ဖက် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဧပြီလအတွင်း အကြိုညှိနှိုင်းသဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သဘောတူထားတာက တစ်လနှစ်ကြိမ်ပေါ့။ ဥပမာ မြန်မာဖက်က လကုန် (၁)ရက်၊ (၂)ရက်စရင် သူတို့ဖက်က (၁၅)၊ (၁၆)ပေါ့။ ကျွန်တော်တို့ ဈေးနေ့ဆိုရင် မယ်စဲ့မှာ လာရမယ်။ သူတို့ ဈေးနေ့ဆိုရင် ကျွန်တော်တို့က ခွန်ယွန်းကို သွားရမယ်။ ကုန်သည်တွေကတော့ တစ်လကို (၂)ကြိမ် ကုန်သွယ်ရောင်းဝယ်ခွင့်ရှိမှာပေါ့ " ဟု ဦးမျိုးသန့်က ပြောသည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်ဈေးအစီအစဉ်ကို ဒေသတွင်းကုန်သည်များကလည်း စိတ်ဝင်စားမှုများပြီး ရောင်းချရန် စာရင်းပေးသွင်းထားသူများလည်းရှိနပြေီဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~