တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်လူထုတွေ့ဆုံပွဲတွင် အမှတ်(၂)တံတားအနီးရှိ ပိုင်ရှင်မဲ့ အမှိုက်ပုံကိစ္စ တင်ပြပြီးနောက် (၉)ရက်အကြာတွင် စည်ပင်က ရှင်းလင်းပေးထား
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်လူထုတွေ့ဆုံပွဲတွင် အမှတ်(၂)တံတားအနီးရှိ ပိုင်ရှင်မဲ့ အမှိုက်ပုံကိစ္စ တင်ပြပြီးနောက် (၉)ရက်အကြာတွင် စည်ပင်က ရှင်းလင်းပေးထား
အောကျတိုဘာ 15, 2018
By Tachileik News Agency
ထိုင်း - မြန်မာချစ်ကြည်ရေးတံတား(၂)ထိပ်ရှိ လူမနေသည့် ခြံဝန်းအတွင်း အုတ်ကျိုး၊အုတ်ပဲ့နှင့် စွန့်ပစ် အမှိုက်များကို ကားများဖြင့် လာရောက် ပစ်နေလေ့ရှိသဖြင့် နှစ်နိုင်ငံတံတားမြင်ကွင်းတွင် မြန်မာနိုင်ငံ အနေဖြင့် သိက္ခာကျဆင်းစေပါသည်ဟု မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် ဒေသလူထုက တင်ပြခဲ့ခြင်းဖြစ်သည်။
ရပ်ကွက်တွင်းမှ လောင်းကစားခုံများ ကိစ္စ အပါအ၀င် သင်္ချိုင်းမြေအား ပယ်ဖျက်မိန့် မကျသေးဘဲ ဌာနတစ်ခုက ဝင်ရောက် ရှင်းလင်းနေခြင်းနှင့် မီတာခ ဈေးမြင့်နေခြင်းတို့ အပါအဝင် လူထုကြုံနေရသည့် ပြဿနာများကို တင်ပြဆွေးနွေးကြသည်။
Tachileik News Agency
ဓါတ်ပုံ - စည်ပင်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၂)ထိပ်တွင် အုတ်ကျိုး၊ အုတ်ပဲ့နှင့် အမှိုက်များ လာပုံနေကြောင်း မယ်ခေါင်လူထုတွေ့ဆုံပွဲတွင် တင်ပြသည့် အတွက် စည်ပင်သာယာရေးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ရှင်းလင်း ဆောင်ရွက် ထားကြောင်း သိရသည်။
“လူထုတွေ့ဆုံပွဲမှာတုန်းက ဒီနေရာကို ကျွန်တော်တို့ ရှင်းလင်းပါမယ်လို့ ကတိပေးခဲ့တဲ့အတိုင်း လုပ်ဆောင်ထားပါတယ်။ ခြံပိုင်ရှင်ကို ခြံဝန်းခတ်ခိုင်းထားဖို့အတွက် ခြံပိုင်ရှင်တော့ စုံစမ်းလို့မရသေးဘူး။ ဒီမှာက တစ်ချို့ခြံဝန်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးကတောင် ဘယ်သူမှန်း မသိတာတွေဆိုတော့ စုံစမ်းရတော့ ခက်တယ်။ လတ်တလောတော့ အမှိုက်တွေကို ကျွန်တော်တို့ ရှင်းထားလိုက်ပါတယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်း - မြန်မာချစ်ကြည်ရေးတံတား(၂)ထိပ်ရှိ လူမနေသည့် ခြံဝန်းအတွင်း အုတ်ကျိုး၊အုတ်ပဲ့နှင့် စွန့်ပစ် အမှိုက်များကို ကားများဖြင့် လာရောက် ပစ်နေလေ့ရှိသဖြင့် နှစ်နိုင်ငံတံတားမြင်ကွင်းတွင် မြန်မာနိုင်ငံ အနဖြေင့် သိက္ခါကျဆင်းစေပါသည်ဟု မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် ဒေသလူထုက တင်ပြခဲ့ခြင်းဖြစ်သည်။
"လာပုံတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်တို့ စုံစမ်းပါမယ်။ ဒီလိုပစ်ခွင့်လည်း မရှိပါဘူး။ အမှိုက်ကိစ္စကို ကျွန်တော်တို့ စည်ပင်အနေနဲ့ ရှိတဲ့လူအင်အား လေးငါးဆယ်ယောက်နဲ့ လုပ်ဆောင် နေရာမှာ နေရာတိုင်းကို မရောက်နိုင်တာလည်း ပါပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ဆောင်ရွက် နေတာလည်း ရှိပါတယ်။ ဒီလိုစည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို ချောင်းတွေမှာလည်း တွေ့နေရပါတယ်။ တာချီလိတ်မှာ ဘယ်ချောင်းမှာ ရကြေီးကြီး စွန့်ပစ်ထားတဲ့ အမှိုက်တွေနဲ့ တက်လာတာပါပဲ။ ဒါတွေကိုလည်း ကျွန်တော်တို့ စည်ပင်တစ်ဖွဲ့ကပဲ ရှင်းရပါတယ်။ ဒီလို စည်းကမ်းမဲ့ အမှိုက်ပစ်နေတာတွေကိုလည်း ဘယ်သူ့ပြောလို့ ပြောရမှန်းကို မသိတော့တာပဲ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက (၃)နာရီကြာ ဆွေးနွေးမှုအတွင်း
ရပ်ကွက်တွင်းမှ လောင်းကစားခုံများ ကိစ္စ အပါအဝင် သင်္ချိုင်းမြေအား ပယ်ဖျက်မိန့် မကျသေးဘဲ ဌာနတစ်ခုက ဝင်ရောက် ရှင်းလင်းနခြေင်းနှင့် မီတာခ ဈေးမြင့်နခြေင်းတို့ အပါအဝင် လူထုကြုံနေရသည့် ပြဿနာများကို တင်ပြဆွေးနွေးကြသည်။
Tachileik News Agency
ဓာတ်ပုံ - စည်ပင်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~