တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ (၃)နာရီကြာ တွေ့ဆုံပြီး ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစား အပါအ၀င် ဒေသတွင်း အခက်အခဲများ ဆွေးနွေး
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ (၃)နာရီကြာ တွေ့ဆုံပြီး ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစား အပါအ၀င် ဒေသတွင်း အခက်အခဲများ ဆွေးနွေး
အောကျတိုဘာ 7, 2018
By Tachileik News Agency
ရပ်ကွက်တွင်းမှ လောင်းကစားခုံများ ကိစ္စ အပါအ၀င် သင်္ချိုင်းမြေအား ပယ်ဖျက်မိန့် မကျသေးဘဲ ဌာနတစ်ခုက ဝင်ရောက် ရှင်းလင်းနေခြင်းနှင့် မီတာခ ဈေးမြင့်နေခြင်းတို့ အပါအဝင် လူထုကြုံနေရသည့် ပြဿနာများကို တင်ပြဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲ၌ တင်ပြ ဆွေးနွေးမှုများ အပြီးတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)ထိပ် မြန်မာဘက်ခြမ်းတွင် လုပ်ငန်းသုံး စွန့်ပစ်အမှိုက်များ လာပုံနေသည့် ကိစ္စကို အမှိုက်များရှင်းလင်းပြီး အမှိုက်စွန့်ပစ်သူကို ဖေါ်ထုတ်ရန်၊ မယ်ခေါင်ရပ်ကွက်မှ ရှမ်းသချူင်္ိင်းမြေနေရာအား သုဿန်အဖြစ်မှ ပယ်ဖျက်ခြင်း မပြုသေးဘဲ မီးသတ်ဦးစီးဌာနက ဝင်ရောက် ရှင်းလင်းနေခြင်းအား မြေပြင် ကွင်းဆင်း တိုင်းတာမှုများ လုပ်ဆောင်ရန်နှင့် လုပ်ထုံးလုပ်နည်းအရ ကျော်လွန်လုပ်ဆောင်ထားခြင်းရှိ မရှိကို ပြန်လည်စစ်ဆေးရန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆယ်အိမ်မှူးများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ လစဉ်တွေ့ဆုံဆွေးနွေးရန်၊ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝယ်ယူရောင်းချနေသည့် မီတာခ ဈေးနှုန်းကြီးမြင့်နေမှုကို တင်ပြပေးရန်၊ ရပ်ကွက်များ အတွင်းမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်မှုကို ရပ်ကွက် ဒေသခံများက စောင့်ကြည့် သတင်းပေးပို့ကြရန်တို့ကို သက်ဆိုင်ရာဌာနအသီးသီးက လုပ်ဆောင်ကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
လူထုတွေ့ဆုံပွဲသို့ မယ်ခေါင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ဒေသခံ (၃၀၀)ဝန်းကျင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးညီညီ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက (၃)နာရီကြာ ဆွေးနွေးမှုအတွင်း
ရပ်ကွက်တွင်းမှ လောင်းကစားခုံများ ကိစ္စ အပါအဝင် သင်္ချိုင်းမြေအား ပယ်ဖျက်မိန့် မကျသေးဘဲ ဌာနတစ်ခုက ဝင်ရောက် ရှင်းလင်းနခြေင်းနှင့် မီတာခ ဈေးမြင့်နခြေင်းတို့ အပါအဝင် လူထုကြုံနေရသည့် ပြဿနာများကို တင်ပြဆွေးနွေးကြသည်။
“တွေ့ဆုံပွဲကတော့ အားရစရာပါပဲ။ ရပ်ကွက်လူထုကလည်း တင်ပြချင်တာတွေ တင်ပြခွင့်ရကြတယ်။ ဌာနဆိုင်ရာ တွေကလည်း ဖြေရှင်းပေးကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဘာတွေ လုပ်ပေး နိုင်တယ်ဆိုတာ ရှင်းပြကြတယ်။ ဒီလိုလေးလုပ်ပေးခြင်းအားဖြင့် လူထုနဲ့ ဌာနဆိုင်ရာတွကြေားလည်း ပိုပြီး နားလည်မှု ရလာမယ်မျှော်လင့်ပါတယ်။ မကြာမကြာ လုပ်ပေးနိုင်ဖို့ ကြိုးစားရမှာပဲ”ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံပွဲ၌ တင်ပြ ဆွေးနွေးမှုများ အပြီးတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)ထိပ် မြန်မာဘက်ခြမ်းတွင် လုပ်ငန်းသုံး စွန့်ပစ်အမှိုက်များ လာပုံနေသည့် ကိစ္စကို အမှိုက်များရှင်းလင်းပြီး အမှိုက်စွန့်ပစ်သူကို ဖော်ထုတ်ရန်၊ မယ်ခေါင်ရပ်ကွက်မှ ရှမ်းသင်္ချိူင်းမြေနေရာအား သုဿန်အဖြစ်မှ ပယ်ဖျက်ခြင်း မပြုသေးဘဲ မီးသတ်ဦးစီးဌာနက ဝင်ရောက် ရှင်းလင်းနခြေင်းအား မြပြေင် ကွင်းဆင်း တိုင်းတာမှုများ လုပ်ဆောင်ရန်နှင့် လုပ်ထုံးလုပ်နည်းအရ ကျော်လွန်လုပ်ဆောင်ထားခြင်းရှိ မရှိကို ပြန်လည်စစ်ဆေးရန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆယ်အိမ်မှူးများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ လစဉ်တွေ့ဆုံဆွေးနွေးရန်၊ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝယ်ယူရောင်းချနေသည့် မီတာခ ဈေးနှုန်းကြီးမြင့်နေမှုကို တင်ပြပေးရန်၊ ရပ်ကွက်များ အတွင်းမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်မှုကို ရပ်ကွက် ဒေသခံများက စောင့်ကြည့် သတင်းပေးပို့ကြရန်တို့ကို သက်ဆိုင်ရာဌာနအသီးသီးက လုပ်ဆောင်ကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
လူထုတွေ့ဆုံပွဲသို့ မယ်ခေါင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ဒေသခံ (၃၀၀)ဝန်းကျင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဦးဌေးဝင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးညီညီ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~