မေကြးၿမိဳ႕တြင္း ရပ္ကြက္လမ္းမ်ား ကြန္ကရစ္ခင္းျခင္းကို လူထု (၄၀)ရာခိုင္ႏႈန္းႏွင့္ စည္ပင္ (၆၀)ရာခုိင္ႏႈန္း ထည့္ဝင္ေငြျဖင့္ ေဆာင္ရြက္ရန္ ေစ်းႏႈန္း ညိႇႏိႈင္းေန

မေကြးၿမိဳ႕တြင္း ရပ္ကြက္လမ္းမ်ား ကြန္ကရစ္ခင္းျခင္းကို လူထု (၄၀)ရာခိုင္ႏႈန္းႏွင့္ စည္ပင္ (၆၀)ရာခုိင္ႏႈန္း ထည့္ဝင္ေငြျဖင့္ ေဆာင္ရြက္ရန္ ေစ်းႏႈန္း ညိႇႏိႈင္းေန
အောက်တိုဘာ 18, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕တြင္းရွိ ရပ္ကြက္မ်ားတြင္ ကြန္ကရစ္လမ္းခင္းလိုပါက ကုန္က်စရိတ္ကို လူထုက (၄၀) ရာခိုင္ႏႈန္း၊ စည္ပင္သာယာေရးဌာနက (၆၀)ရာခုိင္ႏႈန္းျဖင့္ ေဆာင္ရြက္ရန္အတြက္ တစ္ေပပတ္လည္ ကုန္က်စရိတ္ သတ္မွတ္ေစ်းႏႈန္းကို စည္ပင္သာယာေရးဌာနႏွင့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ညိႇႏိႈင္းေနေၾကာင္း သိရသည္။

 “ကြန္ကရစ္လမ္းေဖာက္လုပ္ႏိုင္ဖို႔အတြက္ ျပည္သူက (၄၀)ရာခိုင္ႏႈန္းက်ခံေစၿပီး (၆၀)ရာခိုင္ႏႈန္းကို စည္ပင္ဌာနက  ေထာက္ပံ့ေပးသြားဖို႔ စီစဥ္ေဆာင္ရြက္ေနတာပါ။ အဲဒီလိုလုပ္တဲ့အခါ (၁)ေပ ပတ္လည္ အတြက္ က်သင့္ေငြကို စည္ပင္ဌာနရဲ႕တြက္ခ်က္မႈအရ (၁၈၉၀)က်ပ္ သတ္မွတ္ထားေပမဲ့ အဲဒီႏွဳန္းထားဟာ မ်ားေနတယ္လို႔ ဆိုၾကတာေၾကာင့္ ဒီေန႔လမ္းေဖာက္လုပ္ဖို႔တင္ျပထားတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ လမ္းေဖာက္လုပ္ေရးေကာ္မတီဝင္ေတြကို ေခၚယူေတြ႔ဆံု ညိႇႏိွဳင္းေနၾကတာျဖစ္ပါတယ္”ဟု ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးဖိုးနီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတ္မွတ္ေစ်းႏႈန္း အတည္ျပဳၿပီးပါက လမ္းလုပ္ငန္းမ်ား အတြက္ တင္ဒါေခၚယူရာတြင္ သတ္မွတ္ေစ်းႏႈန္း ေအာက္ အနိမ့္ဆံုးျဖင့္ေဆာင္ရြက္ေပးႏိုင္သည့္ကုမၼဏီကို ေရြးခ်ယ္မည္ျဖစ္ကာ စည္ပင္သာယာေရးဌာနက ထည့္ဝင္မည့္ (၆၀)ရာခုိင္ႏႈန္းကို သတ္မွတ္ေစ်းႏႈန္းျဖင့္ ထည့္ဝင္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"စည္ပင္ဌာနက အျမင့္ဆံုးေစ်းကို ဥပမာ တစ္ေပပတ္လည္ကို(၁၈၉၀)က်ပ္ သတ္မွတ္တယ္ဆုိခဲ့ရင္ တင္ဒါပစ္လုိက္လုိ႔ (၁၈၉၀)က်ပ္မက်ဘဲ အဲဒီေအာက္ေလ်ာ့ၿပီး က်ခဲ့ရင္လည္း ျပည္သူလူထုကပဲ က်သြားတဲ့ေစ်းနႈန္းကုိ ခံစားရေအာင္ စည္ပင္ကေတာ့ သတ္မွတ္တဲ့ maximum ေစ်းနဲ႔ပဲတြက္ၿပီး (၆၀) ရာခုိင္နႈန္းအျပည့္ ေပးသြားမွာျဖစ္ပါတယ္”ဟု ဦးဖိုးနီက ေျပာသည္။

လက္ရိွတြင္ လမ္းေဖာက္လုပ္ရန္ စည္ပင္ေကာ္မတီကို တင္ျပေလွ်ာက္ထားသည့္ လမ္း (၄၅) လမ္း၊ ေပ(၂၅၀၀၀)ခန္႔ရိွၿပီး ေအာင္မဂၤလာရပ္ကြက္မွ  (၁)လမ္း၊ ေအာင္ခ်မ္းသာရပ္ကြက္မွ (၄)လမ္း၊ ကန္သာရပ္ကြက္မွ (၈)လမ္း၊ ေစ်းလယ္စုိးရပ္ကြက္မွ (၁)လမ္း၊ ဆားေရႊကင္းရပ္ကြက္မွ (၁) လမ္း၊ ၿမိဳ႕ေဟာင္းရပ္ကြက္မွ (၉)လမ္း၊ သိဂၤါဂီရိရပ္ကြက္မွ (၁၆)လမ္း၊ ေအာင္ေစတနာရပ္ကြက္မွ (၅)လမ္း တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ (၁)ေပပတ္လည္ အတြက္ စည္ပင္က သတ္မွတ္ေစ်းက(၁၈၉၀)က်ပ္လို႔ သိရပါတယ္။ ျပည္သူသိထားတာက (၁၀၈၅)က်ပ္ျဖစ္လို႔ ဒါကုိညွိနႈိင္းေနၾကပါတယ္။ လမ္းျဖစ္ဖို႔ ျပည္သူလူထုဆီက တစ္အိမ္ေထာင္ကုိ တစ္ေန႔ (၃၀၀)က်ပ္နႈန္းနဲ႔႔ပဲ ေကာက္ခံေနရတာျဖစ္လုိ႔ တစ္အိမ္ေထာင္ကို တစ္လ (၉၀၀၀) က်ပ္ပဲရပါတယ္။ ေပ (၆၀၀) လမ္းတစ္လမ္းမွာ အိမ္ေျခ (၂၄) အိမ္ရွိတယ္ဆုိရင္ တစ္အိမ္ရဲ႕ ထည့္ဝင္ေငြဟာ တစ္သိန္းေလာက္ က်မယ္လို႔ တြက္ခ်က္ထားပါတယ္။ ဒါကကၽြန္ေတာ္တုိ႔သိထားတဲ့ (၁၀၈၅) က်ပ္ ဆုိတဲ့ေစ်းနႈန္းနဲ႔ တြက္ခ်က္တာပါ။ စည္ပင္ကသတ္မွတ္တဲ့ေစ်းအတို္င္းဆုိရင္ ျပည္သူထည့္ ဝင္ရမယ့္ ေငြပမာဏမ်ားျပားလြန္းသြားမွာျဖစ္လို႔ ေငြေၾကးျပည့္စံုသူေတြရွိတဲ့လမ္းေတြသာ ျဖစ္ေျမာက္ သြားမွာမ်ိဳးနဲ႔ ႀကံဳေတြ႔ရမွာပါ”ဟု သိဂၤါဂီရိရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးခန္႔က ေျပာသည္။

သတ္မွတ္ အတည္ျပဳၿပီး တင္ဒါေခၚယူရာတြင္ လုပ္ငန္းႀကီးမ်ားမဟုတ္၍ သတင္းစာမွေခၚယူမည္မဟုတ္ဘဲ ေဒသတြင္းရွိ လုပ္ကိုင္လုိသည့္ကုမၼဏီမ်ားကိုသာ ေခၚယူကာ သတ္မွတ္စည္းကမ္းခ်က္မ်ားျဖင့္ စာခ်ဳပ္ ခ်ဳပ္ဆို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်းရှိ ရပ်ကွက်များတွင် ကွန်ကရစ်လမ်းခင်းလိုပါက ကုန်ကျစရိတ်ကို လူထုက (၄၀) ရာခိုင်နှုန်း၊ စည်ပင်သာယာရေးဌာနက (၆၀)ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ရန်အတွက် တစ်ပေပတ်လည် ကုန်ကျစရိတ် သတ်မှတ်ဈေးနှုန်းကို စည်ပင်သာယာရေးဌာနနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

 “ကွန်ကရစ်လမ်းဖောက်လုပ်နိုင်ဖို့အတွက် ပြည်သူက (၄၀)ရာခိုင်နှုန်းကျခံစပြေီး (၆၀)ရာခိုင်နှုန်းကို စည်ပင်ဌာနက ထောက်ပံ့ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေတာပါ။ အဲဒီလိုလုပ်တဲ့အခါ (၁)ပေ ပတ်လည် အတွက် ကျသင့်ငွေကို စည်ပင်ဌာနရဲ့တွက်ချက်မှုအရ (၁၈၉၀)ကျပ် သတ်မှတ်ထားပေမဲ့ အဲဒီနှုန်းထားဟာ များနေတယ်လို့ ဆိုကြတာကြောင့် ဒီနေ့လမ်းဖောက်လုပ်ဖို့တင်ပြထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လမ်းဖောက်လုပ်ရေးကော်မတီဝင်တွေကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းနကြေတာဖြစ်ပါတယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတ်မှတ်ဈေးနှုန်း အတည်ပြုပြီးပါက လမ်းလုပ်ငန်းများ အတွက် တင်ဒါခေါ်ယူရာတွင် သတ်မှတ်ဈေးနှုန်း အောက် အနိမ့်ဆုံးဖြင့်ဆောင်ရွက်ပေးနိုင်သည့်ကုမ္မဏီကို ရွေးချယ်မည်ဖြစ်ကာ စည်ပင်သာယာရေးဌာနက ထည့်ဝင်မည့် (၆၀)ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှုန်းဖြင့် ထည့်ဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"စည်ပင်ဌာနက အမြင့်ဆုံးဈေးကို ဥပမာ တစ်ပေပတ်လည်ကို(၁၈၉၀)ကျပ် သတ်မှတ်တယ်ဆိုခဲ့ရင် တင်ဒါပစ်လိုက်လို့ (၁၈၉၀)ကျပ်မကျဘဲ အဲဒီအောက်လျော့ပြီး ကျခဲ့ရင်လည်း ပြည်သူလူထုကပဲ ကျသွားတဲ့ဈေးနှုန်းကို ခံစားရအောင် စည်ပင်ကတော့ သတ်မှတ်တဲ့ maximum ဈေးနဲ့ပဲတွက်ပြီး (၆၀) ရာခိုင်နှုန်းအပြည့် ပေးသွားမှာဖြစ်ပါတယ်”ဟု ဦးဖိုးနီက ပြောသည်။

လက်ရှိတွင် လမ်းဖောက်လုပ်ရန် စည်ပင်ကော်မတီကို တင်ပြလျှောက်ထားသည့် လမ်း (၄၅) လမ်း၊ ပေ(၂၅၀၀၀)ခန့်ရှိပြီး အောင်မင်္ဂလာရပ်ကွက်မှ (၁)လမ်း၊ အောင်ချမ်းသာရပ်ကွက်မှ (၄)လမ်း၊ ကန်သာရပ်ကွက်မှ (၈)လမ်း၊ ဈေးလယ်စိုးရပ်ကွက်မှ (၁)လမ်း၊ ဆားရွှေကင်းရပ်ကွက်မှ (၁) လမ်း၊ မြို့ဟောင်းရပ်ကွက်မှ (၉)လမ်း၊ သိင်္ဂါဂီရိရပ်ကွက်မှ (၁၆)လမ်း၊ အောင်စေတနာရပ်ကွက်မှ (၅)လမ်း တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ (၁)ပေပတ်လည် အတွက် စည်ပင်က သတ်မှတ်ဈေးက(၁၈၉၀)ကျပ်လို့ သိရပါတယ်။ ပြည်သူသိထားတာက (၁၀၈၅)ကျပ်ဖြစ်လို့ ဒါကိုညှိနှိုင်းနကြေပါတယ်။ လမ်းဖြစ်ဖို့ ပြည်သူလူထုဆီက တစ်အိမ်ထောင်ကို တစ်နေ့ (၃၀၀)ကျပ်နှုန်းနဲ့ပဲ ကောက်ခံနေရတာဖြစ်လို့ တစ်အိမ်ထောင်ကို တစ်လ (၉၀၀၀) ကျပ်ပဲရပါတယ်။ ပေ (၆၀၀) လမ်းတစ်လမ်းမှာ အိမ်ခြေ (၂၄) အိမ်ရှိတယ်ဆိုရင် တစ်အိမ်ရဲ့ ထည့်ဝင်ငွေဟာ တစ်သိန်းလောက် ကျမယ်လို့ တွက်ချက်ထားပါတယ်။ ဒါကကျွန်တော်တို့သိထားတဲ့ (၁၀၈၅) ကျပ် ဆိုတဲ့ဈေးနှုန်းနဲ့ တွက်ချက်တာပါ။ စည်ပင်ကသတ်မှတ်တဲ့ဈေးအတို်င်းဆိုရင် ပြည်သူထည့် ဝင်ရမယ့် ငွေပမာဏများပြားလွန်းသွားမှာဖြစ်လို့ ငွေကြေးပြည့်စုံသူတွေရှိတဲ့လမ်းတွေသာ ဖြစ်မြောက် သွားမှာမျိုးနဲ့ ကြုံတွေ့ရမှာပါ”ဟု သိင်္ဂါဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်က ပြောသည်။

သတ်မှတ် အတည်ပြုပြီး တင်ဒါခေါ်ယူရာတွင် လုပ်ငန်းကြီးများမဟုတ်၍ သတင်းစာမှခေါ်ယူမည်မဟုတ်ဘဲ ဒေသတွင်းရှိ လုပ်ကိုင်လိုသည့်ကုမ္မဏီများကိုသာ ခေါ်ယူကာ သတ်မှတ်စည်းကမ်းချက်များဖြင့် စာချုပ် ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~