မေကြးတုိင္းအတြင္း စီမံကိန္းမ်ားမွ ေျမယာေလ်ာ္ေၾကး မရသည့္ ေတာင္သူမ်ား ဆႏၵထုတ္ေဖၚ

မေကြးတုိင္းအတြင္း စီမံကိန္းမ်ားမွ ေျမယာေလ်ာ္ေၾကး မရသည့္ ေတာင္သူမ်ား ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 7, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ရထားလမ္းျဖတ္ေဖာက္မႈ၊ ဓာတ္ေငြ႔ပိုက္လိုင္းျဖတ္ေဖာက္မႈႏွင့္ ျမစ္ေရတင္ စီမံကိန္းတို႔ေၾကာင့္ လယ္ယာေျမဆံုးရံွဴးခဲ့ရၿပီး ေလ်ာ္ေၾကးမရရိွခဲ့သည့္ ေတာင္သူစုစုေပါင္းအင္အား (၂၀၀) ခန္႔တို႔က ၂၀၁၈ ခုႏွစ္၊ေအာက္တိုဘာလ(၇)ရက္ေန႔ နံနက္ပိုင္းက မေကြးၿမိဳ႕တြင္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ၾကေၾကာင္း သိရသည္။

“၂၀၁၀ ခုနွစ္က ေပ်ာ္ဘြယ္၊ နတ္ေမာက္၊ မေကြး မီးရထားလမ္း ျဖတ္သန္းေဖာက္လုပ္ခဲ့တဲ့ျဖစ္စဥ္မွာ ေပါက္ျပားတစ္ခ်က္ေတာင္ အေပါက္မခံရတဲ့ ယာရွင္ေတြက ေလ်ာ္ေၾကးရၿပီး တကယ္နစ္္နာတဲ့ ေတာင္သူအခ်ိဳ႕ မရတာမ်ိဳး ျဖစ္ခဲ့ပါတယ္။ အဲဒီနစ္နာတဲ့ေတာင္သူေတြရယ္၊ ၂၀၀၁ ခုႏွစ္က ေဖာက္လုပ္ခဲ့တဲ့ ျမစ္ေရတင္ စီမံကိန္းနဲ႔ပတ္သက္ၿပီး ေလ်ာ္ေၾကးမရခဲ့တဲ့ေတာင္သူေတြရယ္၊ ၂၀၀၇ ခုနွစ္က ေတာင္သူေတြရဲ႕ သေဘာတူညီခ်က္ကို ရယူျခင္းမရိွခဲ့ဘဲနဲ႔ ဓာတ္ေငြ႔ပုိက္လုိင္း ျဖတ္ေဖာက္မႈနဲ႔ ပတ္သက္ၿပီး ေလ်ာ္ေၾကးမရရိွခဲ့တဲ့ ေတာင္သူေတြ စုေပါင္းၿပီး သူတို႔ရဲ႕ နစ္နာမႈအတြက္ ေလ်ာ္ေၾကးရလိုတဲ့ အတြက္  ဆႏၵေဖာ္ထုတ္ၾကတာပါ”ဟု ဆႏၵေဖာ္ထုတ္ပဲြ ဦးေဆာင္သူ ကိုေဇာ္မင္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမစ္ေရတင္စီမံကိန္းႏွင့္ ပတ္သက္၍  ထံုးေပါက္ေတာ (ေတာင္/ ေျမာက္)၊ သမန္းေတာ (ေတာင္/ ေျမာက္) ၊ ပုတီးကုန္း၊ ကန္လွစသည့္ေက်းရြာတို႔မွ ေတာင္သူမ်ား၊ ဓာတ္ေငြ႔ပုိက္လုိင္းျဖတ္ေဖာက္ခံရမႈႏွင့္ပတ္သက္၍ ကုန္းႀကီး၊ ေညာင္ပင္ရြာ၊ ၾကာကန္၊ က်ည္တလံုး၊ ပုဂံေမွ်ာ္၊ ထံုးေပါက္ေတာ၊ ရြာသစ္ႀကီး၊ လိပ္ကန္းစသည့္ ေက်းရြာတို႔မွ ေတာင္သူမ်ား၊ ရထားလမ္းေဖာက္လုပ္မႈႏွင့္ပတ္သက္၍ လိပ္ကန္းေက်းရြာမွ ေတာင္သူမ်ား၊ စုစုေပါင္းအင္အား(၂၀၀)ခန္႔တို႔က ေအာက္တိုဘာလ(၇)ရက္ နံနက္ပိုင္းတြင္ မေကြးၿမိဳ႕၊ ကန္သာရပ္ကြက္၊ ေအးေစတီဘုရားေရွ႕၌ စုရပ္ျပဳလုပ္၍ ယင္းေနရာမွ ၿမိဳ႕ေတာ္ခန္းမေရွ႕အထိ လယ္ယာေျမေလ်ာ္ေၾကး ရလိုေၾကာင္း ေၾကြးေၾကာ္သံမ်ားျဖင့္ စီတန္းလွည့္လည္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။

“၂၀၁၂ လယ္ယာေျမဥပေဒအရ ေျပာရမယ္ဆုိရင္ ရထားလမ္းေဖာက္လုပ္ျဖတ္သန္းခံရတဲ့ လယ္ယာေျမေတြ အတြက္ နစ္နာေၾကးေလ်ာ္ေၾကးကုိ ပံုစံ(၁၂)ဆုိတာနဲ႔ တြက္ခ်က္ေပးရပါတယ္။ ဒါကုိ တာဝန္ယူၿပီး တြက္ခ်က္ရသူေတြက ၿမိဳ႕နယ္လယ္/စီရဲ႕ ဥကၠ႒ျဖစ္တဲ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ၿမိဳ႕နယ္ လယ္/စီရဲ႕ အတြင္းေရးမွဴးျဖစ္တဲ့ ၿမိဳ႕နယ္ေျမစာရင္းဦးစီးမွဴးတုိ႔ ျဖစ္ပါတယ္။ အဲဒီတြက္ခ်က္မႈကို ခရုိင္လယ္/စီ၊ တုိင္း လယ္/စီ နဲ႔ ဗဟိုလယ္/စီအထိ အဆင့္ဆင့္ပုိ႔ရပါတယ္။ သူတုိ႔ရဲ႕တြက္ခ်က္မႈကို အတည္ျပဳၿပီးတဲ့ေနာက္ ဗဟိုလယ္/စီက သက္ဆုိင္ရာ ရထားဆုိ ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနဆီကို အေၾကာင္းၾကားရပါတယ္။ အဲဒီဌာနကမွ ဌာနဘတ္ဂ်က္နဲ႔ ေလ်ာ္ေၾကးေပးရပါတယ္။ ခုျဖစ္တဲ့ျပႆနာက ရထားလမ္းျဖတ္သန္းေဖာက္ လုပ္ခံရျခင္းမရွိဘဲနဲ႔ ေလ်ာ္ေၾကးထုတ္ယူရရွိေနၿပီး တကယ္နစ္နာသူေတြက မရၾကတာေၾကာင့္ အဲဒီမေက် နပ္မႈနဲ႔ ဆႏၵေဖာ္ထုတ္ၾကတာလုိ႔ ျမင္ပါတယ္။ အဲဒီကိစၥအတြက္ ၿမိဳ႕နယ္ လယ္/စီ ဥကၠ႒နဲ႔ ၿမိဳ႕နယ္လယ္/စီ အတြင္းေရးမွဴးတုိ႔မွာ တာဝန္ အရွိဆံုးျဖစ္ပါတယ္။ ကၽြန္ေတာ္ တစ္ဦးတည္း သေဘာေျပာရရင္ ဒီကိစၥကိုစံုစမ္း စစ္ေဆးေရးအဖြဲ႔ ဖဲြ႔ၿပီး ဘယ္လို မွားယြင္းသြားသလဲ ဆုိတာကုိ စစ္ေဆးမွ အမွန္တရား ေပၚေပါက္လိမ့္မယ္လုိ႔ ျမင္ပါတယ္”ဟု တိုင္းေဒသႀကီး ေျမစစ္ေကာ္မတီဝင္ ဦးေအာင္ေက်ာ္ေက်ာ္က ေျပာသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ပဲြအား မေကြးၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴးရံုးတြင္ အသိေပးတင္ျပ၍ ျပဳလုပ္ျခင္းျဖစ္ ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ရထားလမ်းဖြတ်ဖောက်မှု၊ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ဖောက်မှုနှင့် မြစ်ရေတင် စီမံကိန်းတို့ကြောင့် လယ်ယာမြေဆုံးရှူံးခဲ့ရပြီး လျော်ကြေးမရရှိခဲ့သည့် တောင်သူစုစုပေါင်းအင်အား (၂၀၀) ခန့်တို့က ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

“၂၀၁၀ ခုနှစ်က ပျော်ဘွယ်၊ နတ်မောက်၊ မကွေး မီးရထားလမ်း ဖြတ်သန်းဖောက်လုပ်ခဲ့တဲ့ဖြစ်စဉ်မှာ ပေါက်ပြားတစ်ချက်တောင် အပေါက်မခံရတဲ့ ယာရှင်တွေက လျော်ကြေးရပြီး တကယ်နစ်နာတဲ့ တောင်သူအချို့ မရတာမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီနစ်နာတဲ့တောင်သူတွေရယ်၊ ၂၀၀၁ ခုနှစ်က ဖောက်လုပ်ခဲ့တဲ့ မြစ်ရေတင် စီမံကိန်းနဲ့ပတ်သက်ပြီး လျော်ကြေးမရခဲ့တဲ့တောင်သူတွေရယ်၊ ၂၀၀၇ ခုနှစ်က တောင်သူတွေရဲ့ သဘောတူညီချက်ကို ရယူခြင်းမရှိခဲ့ဘဲနဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်ဖောက်မှုနဲ့ ပတ်သက်ပြီး လျော်ကြေးမရရှိခဲ့တဲ့ တောင်သူတွေ စုပေါင်းပြီး သူတို့ရဲ့ နစ်နာမှုအတွက် လျော်ကြေးရလိုတဲ့ အတွက် ဆန္ဒဖော်ထုတ်ကြတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုဇော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြစ်ရေတင်စီမံကိန်းနှင့် ပတ်သက်၍ ထုံးပေါက်တော (တောင်/ မြောက်)၊ သမန်းတော (တောင်/ မြောက်)၊ ပုတီးကုန်း၊ ကန်လှစသည့်ကျေးရွာတို့မှ တောင်သူများ၊ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ဖောက်ခံရမှုနှင့်ပတ်သက်၍ ကုန်းကြီး၊ ညောင်ပင်ရွာ၊ ကြာကန်၊ ကျည်တလုံး၊ ပုဂံမျှော်၊ ထုံးပေါက်တော၊ ရွာသစ်ကြီး၊ လိပ်ကန်းစသည့် ကျေးရွာတို့မှ တောင်သူများ၊ ရထားလမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ လိပ်ကန်းကျေးရွာမှ တောင်သူများ၊ စုစုပေါင်းအင်အား(၂၀၀)ခန့်တို့က အောက်တိုဘာလ(၇)ရက် နံနက်ပိုင်းတွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားရှေ့၌ စုရပ်ပြုလုပ်၍ ယင်းနေရာမှ မြို့တော်ခန်းမရှေ့အထိ လယ်ယာမြေလျော်ကြေး ရလိုကြောင်း ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“၂၀၁၂ လယ်ယာမြေဥပဒေအရ ပြောရမယ်ဆိုရင် ရထားလမ်းဖောက်လုပ်ဖြတ်သန်းခံရတဲ့ လယ်ယာမြေတွေ အတွက် နစ်နာကြေးလျော်ကြေးကို ပုံစံ(၁၂)ဆိုတာနဲ့ တွက်ချက်ပေးရပါတယ်။ ဒါကို တာဝန်ယူပြီး တွက်ချက်ရသူတွေက မြို့နယ်လယ်/စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် လယ်/စီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မြို့နယ်မြေစာရင်းဦးစီးမှူးတို့ ဖြစ်ပါတယ်။ အဲဒီတွက်ချက်မှုကို ခရိုင်လယ်/စီ၊ တိုင်း လယ်/စီ နဲ့ ဗဟိုလယ်/စီအထိ အဆင့်ဆင့်ပို့ရပါတယ်။ သူတို့ရဲ့တွက်ချက်မှုကို အတည်ပြုပြီးတဲ့နောက် ဗဟိုလယ်/စီက သက်ဆိုင်ရာ ရထားဆို ရထားပို့ဆောင်ရေးဝန်ကြီးဌာနဆီကို အကြောင်းကြားရပါတယ်။ အဲဒီဌာနကမှ ဌာနဘတ်ဂျက်နဲ့ လျော်ကြေးပေးရပါတယ်။ ခုဖြစ်တဲ့ပြဿနာက ရထားလမ်းဖြတ်သန်းဖောက် လုပ်ခံရခြင်းမရှိဘဲနဲ့ လျော်ကြေးထုတ်ယူရရှိနပြေီး တကယ်နစ်နာသူတွေက မရကြတာကြောင့် အဲဒီမကျေ နပ်မှုနဲ့ ဆန္ဒဖော်ထုတ်ကြတာလို့ မြင်ပါတယ်။ အဲဒီကိစ္စအတွက် မြို့နယ် လယ်/စီ ဥက္ကဋ္ဌနဲ့ မြို့နယ်လယ်/စီ အတွင်းရေးမှူးတို့မှာ တာဝန် အရှိဆုံးဖြစ်ပါတယ်။ ကျွန်တော် တစ်ဦးတည်း သဘောပြောရရင် ဒီကိစ္စကိုစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ဘယ်လို မှားယွင်းသွားသလဲ ဆိုတာကို စစ်ဆေးမှ အမှန်တရား ပေါ်ပေါက်လိမ့်မယ်လို့ မြင်ပါတယ်”ဟု တိုင်းဒေသကြီး မြေစစ်ကော်မတီဝင် ဦးအောင်ကျော်ကျော်က ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အသိပေးတင်ပြ၍ ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~