မေကြးတိုင္းေဒသႀကီး တစ္ႏုိင္တစ္ပိုင္ေရနံခ်က္ဖိုလုပ္ကိုင္ခြင့္အတြက္ ဒုတိယေန႔အျဖစ္ ဆႏၵထုတ္ေဖၚ ေတာင္းဆို

မေကြးတိုင္းေဒသႀကီး တစ္ႏုိင္တစ္ပိုင္ေရနံခ်က္ဖိုလုပ္ကိုင္ခြင့္အတြက္ ဒုတိယေန႔အျဖစ္ ဆႏၵထုတ္ေဖၚ ေတာင္းဆို
အောက်တိုဘာ 5, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖို လုပ္ကိုင္ခြင့္ျပဳေရးအတြက္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၄)ရက္ေန႔က သေျပညိဳေရနံေမွာ္၌ ဆႏၵထုတ္ေဖၚေတာင္းဆိုၿပီးေနာက္ ေအာက္တိုဘာလ (၅)ရက္ေန႔တြင္ ေပါက္ၿမိဳ႕နယ္ႏွင့္ ၿမိဳင္ ေဒသခံ (၃၀၀)ဦးခန္႔ကလည္း ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ၾကေၾကာင္း သိရသည္။

 “မေကြးတိုင္း အတြင္းမွာ ကၽြန္ေတာ္တို႔ ေပါက္နဲ႔ ၿမိဳင္ၿမိဳ႕နယ္က သရက္ကန္၊ လက္ပံတို၊ လယ္အို၊ သေျပညိဳ ရြာေတြမွာရိွတဲ့ေမွာ္ေတြက ေရနံအထြက္ဆံုးပါ။ အစိုးရအေနနဲ႔ ေရနံခ်က္စက္ရံုတည္ႏိုင္တဲ့ သူေဌးေတြကိုပဲ အခြင့္အေရးေပးတာမ်ိဳးမလုပ္ဘဲ ေဒသခံ ကၽြန္ေတာ္တို႔လို မရိွဆင္းရဲသားေတြလည္း လုပ္ ခြင့္ရရိွေအာင္ တစ္ႏိုင္တစ္ပိုင္ ေရနံခ်က္ဖိုလုပ္ငန္း လုပ္ကိုင္ခြင့္ေပးဖို႔ကို ဆႏၵေဖာ္ထုတ္ေတာင္းဆိုရျခင္း ျဖစ္ပါတယ္”ဟု ဆႏၵေဖာ္ထုတ္ပဲြတြင္လိုက္ပါသူ ေပါက္ၿမိဳ႕နယ္ သရက္ကန္ေက်းရြာမွ ကိုဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုမ်ား တည္ေထာင္လုပ္ကိုင္ခြင့္ရ႐ွိေရး၊ ေဒသအတြင္း အလုပ္အကိုင္ရ႐ွိေရး၊ ေရနံလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရးအတြက္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားမွ ပံ့ပိုးကူညီေရး၊ ေရနံတြင္း တိမ္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔အတြက္ ေတာင္းဆိုခဲ့ၾကကာ ေပါက္ၿမိဳ႕ရိွ ေပါက္ေခ်ာင္းဝမွစတင္၍ ေဆးေပါင္းရံုအထိ  ၿငိမ္းခ်မ္းစြာ လွည့္လည္ စီတန္း ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ဆို မူလက ေတာင္သူပါ။ ဒီေဒသမွာ ေရနံထြက္လာတာေၾကာင့္ (၆) သိန္းေလာက္ရင္းရတဲ့ ခ်က္ဖိုတစ္ခု ေထာင္မိပါတယ္။ အဲဒီခ်က္ဖိုေလးေၾကာင့္ပဲ ကၽြန္ေတာ့္သားကို ၿမိဳ႕ေက်ာင္းမွာ သြားထားႏိုင္ခဲ့ ပါတယ္။ တစ္ေလာေလးကပဲ ခ်က္ဖိုေတြ ဖမ္းတဲ့အထဲမွာ ကၽြန္ေတာ့္ခ်က္ဖိုလည္း အဖမ္း ခံလိုက္ရတာေၾကာင့္ ကၽြန္ေတာ့္သားကို ေက်ာင္းဆက္ထားႏိုင္ဖို႔ အရမ္း ခက္ခဲသြားပါၿပီ။ ဒါေၾကာင့္ ကၽြန္ေတာ့္သားကို ၿမိဳ႕ေက်ာင္းကေန ျပန္ေခၚဖို႔လုပ္ေနရပါၿပီ”ဟု ဆႏၵေဖာ္ထုတ္ပဲြတြင္ လိုက္ပါသူ ၿမိဳင္ၿမိဳ႕နယ္ေန ကိုသန္းေဇာ္ထိုက္က ေျပာသည္။

တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုမ်ား လုပ္ကိုင္ခြင့္အတြက္ ေအာက္တိုဘာ(၄)ရက္ေန႔ နံနက္ပိုင္းကလည္း သေျပညိဳေရနံေမွာ္၌ ေဒသခံ (၁၅၀)ေက်ာ္က ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖၚေတာင္းဆိုခဲ့ၾကသည္။

အဆိုပါ ဆႏၵထုတ္ေဖၚမႈမ်ားအား သက္ဆုိင္ရာထံမွ ခြင့္ျပဳခ်က္ျဖင့္လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~



မကွေးတိုင်းဒေသကြီးအတွင်း တစ်နိုင်တစ်ပိုင် ရေနံချက်ဖို လုပ်ကိုင်ခွင့်ပြုရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့က သပြေညိုရေနံမှော်၌ ဆန္ဒထုတ်ဖော်တောင်းဆိုပြီးနောက် အောက်တိုဘာလ (၅)ရက်နေ့တွင် ပေါက်မြို့နယ်နှင့် မြိုင် ဒေသခံ (၃၀၀)ဦးခန့်ကလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

 “မကွေးတိုင်း အတွင်းမှာ ကျွန်တော်တို့ ပေါက်နဲ့ မြိုင်မြို့နယ်က သရက်ကန်၊ လက်ပံတို၊ လယ်အို၊ သပြေညို ရွာတွေမှာရှိတဲ့မှော်တွေက ရေနံအထွက်ဆုံးပါ။ အစိုးရအနေနဲ့ ရေနံချက်စက်ရုံတည်နိုင်တဲ့ သူဌေးတွေကိုပဲ အခွင့်အရေးပေးတာမျိုးမလုပ်ဘဲ ဒေသခံ ကျွန်တော်တို့လို မရှိဆင်းရဲသားတွေလည်း လုပ် ခွင့်ရရှိအောင် တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုလုပ်ငန်း လုပ်ကိုင်ခွင့်ပေးဖို့ကို ဆန္ဒဖော်ထုတ်တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲတွင်လိုက်ပါသူ ပေါက်မြို့နယ် သရက်ကန်ကျေးရွာမှ ကိုဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုများ တည်ထောင်လုပ်ကိုင်ခွင့်ရရှိရေး၊ ဒေသအတွင်း အလုပ်အကိုင်ရရှိရေး၊ ရေနံလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များမှ ပံ့ပိုးကူညီရေး၊ ရေနံတွင်း တိမ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တောင်းဆိုခဲ့ကြကာ ပေါက်မြို့ရှိ ပေါက်ချောင်းဝမှစတင်၍ ဆေးပေါင်းရုံအထိ ငြိမ်းချမ်းစွာ လှည့်လည် စီတန်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ဆို မူလက တောင်သူပါ။ ဒီဒေသမှာ ရေနံထွက်လာတာကြောင့် (၆) သိန်းလောက်ရင်းရတဲ့ ချက်ဖိုတစ်ခု ထောင်မိပါတယ်။ အဲဒီချက်ဖိုလေးကြောင့်ပဲ ကျွန်တော့်သားကို မြို့ကျောင်းမှာ သွားထားနိုင်ခဲ့ ပါတယ်။ တစ်လောလေးကပဲ ချက်ဖိုတွေ ဖမ်းတဲ့အထဲမှာ ကျွန်တော့်ချက်ဖိုလည်း အဖမ်း ခံလိုက်ရတာကြောင့် ကျွန်တော့်သားကို ကျောင်းဆက်ထားနိုင်ဖို့ အရမ်း ခက်ခဲသွားပါပြီ။ ဒါကြောင့် ကျွန်တော့်သားကို မြို့ကျောင်းကနေ ပြန်ခေါ်ဖို့လုပ်နေရပါပြီ”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါသူ မြိုင်မြို့နယ်နေ ကိုသန်းဇော်ထိုက်က ပြောသည်။

တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုများ လုပ်ကိုင်ခွင့်အတွက် အောက်တိုဘာ(၄)ရက်နေ့ နံနက်ပိုင်းကလည်း သပြေညိုရေနံမှော်၌ ဒေသခံ (၁၅၀)ကျော်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုများအား သက်ဆိုင်ရာထံမှ ခွင့်ပြုချက်ဖြင့်လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~