ေရစႀကိဳၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ထုတ္ေပးထားမႈမ်ား ျပန္လည္စိစစ္ေပးရန္ ဆႏၵထုတ္ေဖၚေတာင္းဆို

ေရစႀကိဳၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ထုတ္ေပးထားမႈမ်ား ျပန္လည္စိစစ္ေပးရန္ ဆႏၵထုတ္ေဖၚေတာင္းဆို
အောက်တိုဘာ 29, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ (ပံုစံ - ၇)ကို လယ္ယာေျမတစ္ခုထဲအတြက္ လူ(၂)ဦးကို ထုတ္ေပးထားျခင္း အပါအဝင္ ေျမယာဥပေဒႏွင့္မညီဘဲ လုပ္ေဆာင္ေပးထားမႈမ်ားကို သက္ဆုိင္ရာမွ စိစစ္ေပးရန္ ေဒသခံေတာင္သူမ်ားက ဆႏၵထုတ္ေဖၚၾကသည္။

ေဒသခံေတာင္သူ (၁၀၀)ခန္႔က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉)ရက္ေန႔ နံနက္ပိုင္းတြင္ ေရစႀကိဳၿမိဳ႕တြင္းလွည့္လည္၍ ဆႏၵေဖၚထုတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

 “လယ္/စီေတြ လယ္/စစ္ေတြ ေျမယာဥပေဒနဲ႔ ညီညြတ္ျခင္းမရိွဘဲလုပ္ခဲ့ၾကတာကို ေျဖရွင္းေပးဖို႔ တိုင္းေဒသႀကီးအစိုးရတို႔ ဗဟို လယ္/စီ တို႔၊ လယ္/ဆည္ ဝန္ႀကီးတို႔ဆီ တင္ျပခဲ့ၾကေပမဲ့လည္း ထူးျခားမႈ လံုးဝမရိွခဲ့ပါဘူး။ ဒါကို သက္ဆိုင္ရာေတြ သိရိွေဆာင္ရြက္ေပးႏိုင္ေအာင္ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ဆႏၵေဖာ္ထုတ္ၾကတာပါ”ဟု ဆႏၵေဖာ္ထုတ္ပဲြဦးေဆာင္သူ ဦးသန္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်းရြာ/ရပ္ကြက္ေျမအား ပံုစံ(၇)ထုတ္ေပးထားျခင္း၊ ေျမယာတစ္ကြက္တည္းကို လူႏွစ္ဦးအား ပံုစံ(၇) ထုတ္ေပးထားျခင္း၊ ထန္းေတာေျမကို ပံုစံ(၇)ထုတ္ေပးထားျခင္း၊ လယ္ယာေျမတြင္ လူေနအိမ္မ်ားေဆာက္လုပ္ထားျခင္းတို႔အား စိစစ္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္ကို ေတြ႔ရသည္။

အဆိုပါ ဆႏၵထုတ္ေဖၚမႈကို သက္ဆုိင္ရာထံ ခြင့္ျပဳတင္ၿပီး လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု-Soe Tun



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ - ၇)ကို လယ်ယာမြေတစ်ခုထဲအတွက် လူ(၂)ဦးကို ထုတ်ပေးထားခြင်း အပါအဝင် မြေယာဥပဒေနှင့်မညီဘဲ လုပ်ဆောင်ပေးထားမှုများကို သက်ဆိုင်ရာမှ စိစစ်ပေးရန် ဒေသခံတောင်သူများက ဆန္ဒထုတ်ဖော်ကြသည်။

ဒေသခံတောင်သူ (၁၀၀)ခန့်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့တွင်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

 “လယ်/စီတွေ လယ်/စစ်တွေ မြေယာဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲလုပ်ခဲ့ကြတာကို ဖြေရှင်းပေးဖို့ တိုင်းဒေသကြီးအစိုးရတို့ ဗဟို လယ်/စီ တို့၊ လယ်/ဆည် ဝန်ကြီးတို့ဆီ တင်ပြခဲ့ကြပေမဲ့လည်း ထူးခြားမှု လုံးဝမရှိခဲ့ပါဘူး။ ဒါကို သက်ဆိုင်ရာတွေ သိရှိဆောင်ရွက်ပေးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒဖော်ထုတ်ကြတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးသန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျေးရွာ/ရပ်ကွက်မြေအား ပုံစံ(၇)ထုတ်ပေးထားခြင်း၊ မြေယာတစ်ကွက်တည်းကို လူနှစ်ဦးအား ပုံစံ(၇) ထုတ်ပေးထားခြင်း၊ ထန်းတောမြေကို ပုံစံ(၇)ထုတ်ပေးထားခြင်း၊ လယ်ယာမြေတွင် လူနေအိမ်များဆောက်လုပ်ထားခြင်းတို့အား စိစစ်ပေးရန် တောင်းဆိုခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာထံ ခွင့်ပြုတင်ပြီး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ-Soe Tun

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~