ကယားပြည်နယ် လွိုင်ကော် မြို့ပတ်လမ်း မိုးသည်းထန်၍ လမ်းပိုင်းအက်ကွဲ မြေကျွံမှု ဖြစ်ပွား

ကယားပြည်နယ် လွိုင်ကော် မြို့ပတ်လမ်း မိုးသည်းထန်၍ လမ်းပိုင်းအက်ကွဲ မြေကျွံမှု ဖြစ်ပွား
အောက်တိုဘာ 4, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မြို့ရှောင်လမ်းဖြစ်သည့် ဘီလူးချောင်းဘေး ဥတ္တရာရုံ တံတားအောက် ကန်ပတ်လမ်းမှာ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နေ့လယ်ပိုင်းက စတင် အက်ကွဲလာခဲ့ရာ ညနေပိုင်းတွင် ထပ်မံပြိုကျမှု၊ လမ်းကျွံကျမှုများ ဖြစ်ပွားနေသဖြင့် လမ်းပိတ်ထားကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လွှတ်တော် ဒုဥက္ကဌတို့မှ သွားရောက် စစ်ဆေး လာရောက်စစ်ဆေးသွားပြီး မြေကျွံနေသည့် နေရာအနီးမှ ဓာတ်တိုင်များကို ဦးစွာ ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~