ေလာက္ကိုင္တြင္ စိတ္ႀကြေဆးျပား တစ္သိန္းနီးပါးကို အမ်ဳိးသား(၂)ဦးႏွင့္အတူ ကြင္းဆက္တို႔အား ဖမ္းဆီးရမိ

ေလာက္ကိုင္တြင္ စိတ္ႀကြေဆးျပား တစ္သိန္းနီးပါးကို အမ်ဳိးသား(၂)ဦးႏွင့္အတူ ကြင္းဆက္တို႔အား ဖမ္းဆီးရမိ
အောက်တိုဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕တြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၁)သိန္းနီးပါးကို သယ္ေဆာင္လာသူ (၂)ဦးႏွင့္ ကြင္းဆက္ (၁)ဦးတုိ႔အား ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၂)ရက္ေန႔ ညေန(၅)နာရီခြဲက ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၂၁) ကြမ္းလံုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တရခလရ(၂၃၉)မွ တပ္ဖြဲ႕ဝင္မ်ား၊ စစ္ဖက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား၊ ေလာက္ကုိင္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ႏွင့္ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေလာက္ကုိင္ၿမိဳ႕၊ ရပ္ကြက္(၂)၊ စိေအာလမ္းႏွင့္ မင္ဆူလမ္းသြယ္(၂)ေထာင့္တြင္ ေစာင့္ဆုိင္းေနစဥ္ အသက္(၂၃)ႏွစ္အရြယ္ လိဝိန္ပင္းႏွင့္ အသက္(၃၀)အရြယ္ လီေကာ္ျမင္တုိ႔  (၂) ဦးအား စိတ္ၾကြ ရူးသြပ္ေဆးျပား (၉၇,၅၀၀) ျပားႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ကြင္းဆက္ေဖၚထုတ္ခ်က္အရ ေလာက္ကုိင္ၿမိဳ႕ရွိ KTV ဆုိင္ စာရင္းကုိင္ျဖစ္သူ အသက္(၂၅)ႏွစ္အရြယ္ ရန္ေကာ္က်င္းကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ လိဝိန္ပင္း၊ လီေကာ္ျမင္ႏွင့္ ရန္ေကာ္က်င္းတို႔အား ေလာက္ကုိင္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆုိင္ရာ ဥပေဒပုဒ္မ ၁၉(က)/၂၁အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်းနီးပါးကို သယ်ဆောင်လာသူ (၂)ဦးနှင့် ကွင်းဆက် (၁)ဦးတို့အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ ညနေ(၅)နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၁) ကွမ်းလုံမှ တပ်ဖွဲ့ဝင်များနှင့် တရခလရ(၂၃၉)မှ တပ်ဖွဲ့ဝင်များ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လောက်ကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့်အဖွဲ့နှင့် ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လောက်ကိုင်မြို့၊ ရပ်ကွက်(၂)၊ စိအောလမ်းနှင့် မင်ဆူလမ်းသွယ်(၂)ထောင့်တွင် စောင့်ဆိုင်းနေစဉ် အသက်(၂၃)နှစ်အရွယ် လိဝိန်ပင်းနှင့် အသက်(၃၀)အရွယ် လီကော်မြင်တို့ (၂) ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား (၉၇,၅၀၀) ပြားနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ လောက်ကိုင်မြို့ရှိ KTV ဆိုင် စာရင်းကိုင်ဖြစ်သူ အသက်(၂၅)နှစ်အရွယ် ရန်ကော်ကျင်းကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် လိဝိန်ပင်း၊ လီကော်မြင်နှင့် ရန်ကော်ကျင်းတို့အား လောက်ကိုင်မြို့မရဲစခန်းတွင် မယ(ပ)၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~