တာခ်ီလိတ္ခရိုင္အတြင္း လူကုန္ကူးမႈမ်ားတြင္ လိင္ပိုင္းဆုိင္ရာလူကုန္ကူးခံရမႈအမ်ားဆံုးျဖစ္ပြား

တာခ်ီလိတ္ခရိုင္အတြင္း လူကုန္ကူးမႈမ်ားတြင္ လိင္ပိုင္းဆုိင္ရာလူကုန္ကူးခံရမႈအမ်ားဆံုးျဖစ္ပြား
အောက်တိုဘာ 23, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ျဖစ္ပြားေလ့ရိွသည့္ လူကုန္ကူးမႈမွာ ေဒသတြင္းႏွင့္ ထုိင္းႏုိင္ငံတို႔တြင္ လိင္ပိုင္းဆိုင္ရာ လူကုန္ကူး ခံရမႈမ်ားျဖစ္ၿပီး ၂၀၁၈ ခုႏွစ္အတြင္း တရုတ္ႏိုင္ငံတြင္ အငွားကိုယ္ဝန္ေဆာင္ရန္ လူကုန္ကူးမႈကို စတင္ေတြ႔ရိွလာရေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာေတာ့ လူးကုန္ကူးခံရမႈေတြမွာ အမ်ားဆံုးက လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္ခံရမႈေတြ ျဖစ္ပါတယ္။ အရင္တုန္းကဆိုရင္ အရြယ္ေရာက္တာနဲ႕ အေမေတြကိုယ္တိုင္က ကိုယ့္သမီးကိုကိုယ္ ေရာင္းစားမွန္းမသိ ေရာင္းစားၾကပါတယ္။ အခုေနာက္ပိုင္းမွာ ပညာေပးတာေတြလုပ္ေတာ့ သူတို႔လည္း သိ လာပါၿပီ။ နားလည္လာပါၿပီ”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ေတြ႔ရိွရသည့္ လူကုန္ကူးမႈအမ်ိဳးအစားမ်ားတြင္ မိန္းကေလးမ်ားကို လိင္ပိုင္းဆုိင္ရာအတြက္ လူကုန္ကူးမႈအျပင္ လုပ္အားေခါင္းပံုျဖတ္မႈမ်ားကိုလည္း ေတြ႔ရေလ့ရိွေၾကာင္း သိရသည္။

“ဒီအမႈေတြက ထိုင္းႏိုင္ငံကို ဦးတည္ၿပီး ျဖစ္ပြားပါတယ္။ ဒါေၾကာင့္ ဒါေတြကို ေလ်ာ့နည္းေအာင္ လုပ္ဖို႔အတြက္ အရင္တုန္းကေတာ့ World Vision ရိွတဲ့အတြက္ သူတို႔နဲ႔ ပူးေပါင္းၿပီးေတာ့ စီမံခ်က္ဧရိယာ (၉၉) ရြာ ခ်မွတ္ၿပီးေတာ့ အသိပညာေပးတာေတြ စဥ္ဆက္မျပတ္လုပ္ပါတယ္။ ဒါေတြေၾကာင့္ ျပည္သူေတြကလည္း ကၽြန္ေတာ္တို႔နဲ႔ ပူးေပါင္းပါ၀င္တာေတြ၊ တို္င္ၿပီးေတာ့ အကူအညီ ေတာင္းလာေတြလည္း ေတြ႕ရပါတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စိတ္(၁) တာခ်ီလိတ္မွ ရဲအုပ္လွဘုန္းက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ လူကုန္ကူးမႈဆုိင္ရာ အသိပညာေပးျခင္းကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ႏွင့္အတူ NGO၊ INGO မ်ား၊ အရပ္ဖက္အဖြဲ႕မ်ားက ပူးေပါင္း ေဆာင္ရြက္မႈမ်ားလည္းရိွရာ World Vision အဖြဲ႕သည္ ၂၀၀၆ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အထိ စီမံခ်က္ဧရိယာ (၉၉) ရြာတြင္ အသိပညာေပးျခင္းကို လုပ္ေဆာင္ခဲ့ၿပီး ထိုင္းႏိုင္ငံရိွအဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသား ရိုးရာယဥ္ေက်းမႈအဖြဲ႕မ်ားကလည္း ပူးေပါင္းေဆာင္ရြက္မႈမ်ားရိွေၾကာင္း သိရသည္။

လူကုန္ကူးျခင္းဆုိသည္မွာ ေခါင္းပံုျဖတ္ရန္ရည္ရြယ္ခ်က္ျဖင့္ လူပုဂၢိဳလ္တစ္ဦးအား ၿခိမ္းေျခာက္ျခင္း (သို႔မဟုတ္) အင္အားသံုးျခင္း (သို႔) အျခားပံုစံျဖင့္ အတင္းအၾကပ္အႏုိင္အထက္ျပဳျခင္း၊ ျဖားေယာင္း ေခၚေဆာင္ျခင္း၊ လိမ္လည္လွည့္ဖ်ားျခင္း၊ အာဏာကိုအလြဲသံုးစားျပဳျခင္း၊ ရပ္တည္ရန္ ခက္ခဲေသာ အေျခအေနေပၚတြင္ အလြဲသံုးစားျပဳျခင္း၊ ခ်ဳပ္ကိုင္ႏုိင္သူတစ္ဦးတစ္ေယာက္၏ သေဘာတူညီမႈရရိွရန္ အက်ိဳးအျမတ္ေပးျခင္း (သို႔မဟုတ္) ရယူျခင္းျဖင့္ လူတစ္ဦးဦးအား သိမ္းသြင္းစုေဆာင္းျခင္း၊ သယ္ယူ ပို႔ေဆာင္ျခင္း၊ လႊဲေျပာင္းျခင္း၊ ခိုလံႈခြင့္ေပးျခင္း (သို႔မဟုတ္) လက္ခံထားျခင္းကို ဆိုလိုသည္။

ေခါင္းပံုျဖတ္ျခင္းဆိုသည္မွာ ျပည့္တန္ဆာအျဖစ္ ခိုင္းေစျခင္း၊ အျခားပံုစံျဖင့္ လိင္မႈကိစၥေခါင္းပံုျဖတ္ျခင္း၊ အဓမၼေစခိုင္းျခင္း၊ ေက်းကၽြန္သဖြယ္အသံုးျပဳျခင္း (သို႔မဟုတ္) ကၽြန္ကဲ့သို႔အလုပ္ လုပ္ရေသာ အေျခအေန၊ ခႏၶာကိုယ္တြင္းမွ အဂၤါအစိတ္အပိုင္းမ်ား ဖယ္ထုတ္ခံရျခင္းမ်ားကို ဆိုလိုျခင္းျဖစ္သည္။

သတင္း - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုမှာ ဒေသတွင်းနှင့် ထိုင်းနိုင်ငံတို့တွင် လိင်ပိုင်းဆိုင်ရာ လူကုန်ကူး ခံရမှုများဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် အငှါးကိုယ်ဝန်ဆောင်ရန် လူကုန်ကူးမှုကို စတင်တွေ့ရှိလာရကြောင်း သိရသည်။

“တာချီလိတ်မှာတော့ လူးကုန်ကူးခံရမှုတွေမှာ အများဆုံးက လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုတွေ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အရွယ်ရောက်တာနဲ့ အမေတွေကိုယ်တိုင်က ကိုယ့်သမီးကိုကိုယ် ရောင်းစားမှန်းမသိ ရောင်းစားကြပါတယ်။ အခုနောက်ပိုင်းမှာ ပညာပေးတာတွေလုပ်တော့ သူတို့လည်း သိ လာပါပြီ။ နားလည်လာပါပြီ”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် တွေ့ရှိရသည့် လူကုန်ကူးမှုအမျိုးအစားများတွင် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာအတွက် လူကုန်ကူးမှုအပြင် လုပ်အားခေါင်းပုံဖြတ်မှုများကိုလည်း တွေ့ရလေ့ရှိကြောင်း သိရသည်။

“ဒီအမှုတွေက ထိုင်းနိုင်ငံကို ဦးတည်ပြီး ဖြစ်ပွားပါတယ်။ ဒါကြောင့် ဒါတွေကို လျော့နည်းအောင် လုပ်ဖို့အတွက် အရင်တုန်းကတော့ World Vision ရှိတဲ့အတွက် သူတို့နဲ့ ပူးပေါင်းပြီးတော့ စီမံချက်ဧရိယာ (၉၉) ရွာ ချမှတ်ပြီးတော့ အသိပညာပေးတာတွေ စဉ်ဆက်မပြတ်လုပ်ပါတယ်။ ဒါတွေကြောင့် ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်တာတွေ၊ တို်င်ပြီးတော့ အကူအညီ တောင်းလာတွေလည်း တွေ့ရပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲအုပ်လှဘုန်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ NGO၊ INGO များ၊ အရပ်ဖက်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်မှုများလည်းရှိရာ World Vision အဖွဲ့သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စီမံချက်ဧရိယာ (၉၉) ရွာတွင် အသိပညာပေးခြင်းကို လုပ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိအဖွဲ့အစည်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။

လူကုန်ကူးခြင်းဆိုသည်မှာ ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား ခြိမ်းခြောက်ခြင်း (သို့မဟုတ်) အင်အားသုံးခြင်း (သို့) အခြားပုံစံဖြင့် အတင်းအကြပ်အနိုင်အထက်ပြုခြင်း၊ ဖြားယောင်း ခေါ်ဆောင်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကိုအလွဲသုံးစားပြုခြင်း၊ ရပ်တည်ရန် ခက်ခဲသော အခြေအနေပေါ်တွင် အလွဲသုံးစားပြုခြင်း၊ ချုပ်ကိုင်နိုင်သူတစ်ဦးတစ်ယောက်၏ သဘောတူညီမှုရရှိရန် အကျိုးအမြတ်ပေးခြင်း (သို့မဟုတ်) ရယူခြင်းဖြင့် လူတစ်ဦးဦးအား သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံထားခြင်းကို ဆိုလိုသည်။

ခေါင်းပုံဖြတ်ခြင်းဆိုသည်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစခြေင်း၊ အခြားပုံစံဖြင့် လိင်မှုကိစ္စခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကျေးကျွန်သဖွယ်အသုံးပြုခြင်း (သို့မဟုတ်) ကျွန်ကဲ့သို့အလုပ် လုပ်ရသော အခြေအနေ၊ ခန္ဓာကိုယ်တွင်းမှ အင်္ဂါအစိတ်အပိုင်းများ ဖယ်ထုတ်ခံရခြင်းများကို ဆိုလိုခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~