အဂၤလန္ ပရီးမီးယားလိဂ္မွ လက္စတာစီးတီးအသင္းပိုင္ရွင္ ထုိင္းသန္းၾကြယ္သူေဌး ရဟတ္ယာဥ္ပ်က္က်၍ ေသဆံုး

အဂၤလန္ ပရီးမီးယားလိဂ္မွ လက္စတာစီးတီးအသင္းပိုင္ရွင္ ထုိင္းသန္းၾကြယ္သူေဌး ရဟတ္ယာဥ္ပ်က္က်၍ ေသဆံုး
အောက်တိုဘာ 28, 2018
By Tachileik News Agency

အဂၤလန္ ပရီးမီးယားလိဂ္မွ လက္စတာစီးတီးအသင္းပိုင္ရွင္ ထိုင္းသန္းႂကြယ္သူေဌး ဝီခ်ိဳင္း ဆရီဝပ္ထာနာ ပရာဘားသည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၂၇)ရက္ေန႔ ညပိုင္းက King Power အားကစားရံုမွ အျပန္ ရဟတ္ယာဥ္ပ်က္က်မႈတြင္ ပါဝင္သြားေၾကာင္း ႏိုင္ငံတကာသတင္းမ်ားအရ သိရသည္။

လက္စ္တာရွိ ဝက္စ္ဟမ္းႏွင့္ လက္စတာအသင္း ကစားပြဲအၿပီး King Power အားကစား႐ုံမွအျပန္ ရဟတ္ယာဥ္ ပ်က္က်ျခင္းျဖစ္ၿပီး ရဟတ္ယာဥ္တြင္ လုိက္ပါသြားသူမ်ားႏွင့္ ပတ္သက္၍ သတင္းအတိအက် ထုတ္ျပန္ျခင္း မရိွေသးေသာ္လည္း အသက္ (၆၁) ႏွစ္အရြယ္ မစၥတာ ဝီခ်ဳိင္းပါဝင္ဖြယ္ ရိွသည္ဟု အားကစားရံုမွ ရဟတ္ယာဥ္ထြက္ခြာသြားသည္ကို မ်က္ျမင္ေတြ႔သူက ေျပာၾကားထားသည့္ အျပင္ မစၥတာ ဝီခ်ဳိင္း ရဟတ္ယာဥ္တြင္ ပါသြားသည္ဟု သတင္းရရိွေၾကာင္းကိုလည္း ၎၏မိသားစုက BBC ကို ေျပာၾကားေၾကာင္း သိရသည္။

ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆံုးသူ အေရအတြက္ကို မသိရေသးေသာ္လည္း ေအာက္တိုဘာလ(၂၈)ရက္ေန႔ နံနက္ပိုင္းတြင္ အဆိုပါ အားကစားရံုေရွ႕၌ ေဘာလံုးပရိတ္သတ္မ်ားက ဝမ္းနည္းျခင္း အထိမ္းအမွတ္ ပန္းမ်ားလာပို႔ထားသည္ကို ေတြ႔ေနရေၾကာင္း သိရသည္။

မစၥတာ ဝီခ်ိဳင္းက လက္စတာစီးတီးအသင္းကို ၂၀၁၀ ခုႏွစ္က ဝယ္ယူခဲ့ၿပီးေနာက္ တႏွစ္အၾကာတြင္ အသင္းဥကၠဌအျဖစ္ တာဝန္ယူခဲ့ကာ အသင္းအတြက္ ေငြသန္းနဲ႔ခ်ီသုံးစြဲခဲ့ၿပီး ၂ဝ၁၆ ၌ ပရီမီယာလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့သည္အထိ ေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။

ဝက္စ္ဟမ္းအသင္းကို လက္ခံကစားၿပီး တစ္ဂိုးစီ သေရက်ခဲ့သည့္ ပရီမီယာလိဂ္ပြဲအၿပီး တစ္နာရီအၾကာ ေဒသစံေတာ္ခ်ိန္ ည(၈)နာရီခြဲတြင္ King Power အားကစားကြင္းမွ ပ်ံအတက္ ရဟတ္ယာဥ္ပ်က္က်ကာ အားကစား ကလပ္အသင္း၏ ဝန္ထမ္းမ်ားယာဥ္ရပ္နားရာကြင္းအတြင္း ေပါက္ကြဲမီးေလာင္သြားေၾကာင္း သိရသည္။

အဆိုပါ သတင္းေၾကာင့္ ေဘာလံုးအသင္းပရိတ္သတ္မ်ား ထိတ္လန္႔ တုန္လႈပ္ခဲ့ရၿပီး ငိုယိုခဲ့ၾကေၾကာင္း သိရသည္။

ရဟတ္ယာဥ္မွာ လူ(၈)ဦး စီးနင္းလုိက္ပါႏုိင္ၿပီး အားကစားရံု၏ CCTV ကင္မရာမွတ္တမ္းအရ မစၥတာဝီခ်ိဳင္း လုိက္ပါသြားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

မ်က္ျမင္သက္ေသမ်ား အေျပာအရ ရဟတ္ယာဥ္သည္ ပ်ံတက္သြားၿပီး မၾကာမီ ထိန္းမရဘဲ လည္ေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ရဟတ္ယာဥ္ပ်က္က်ရာသို႔ ပထမဆံုးေရာက္သြားသည့္ ရဲအရာရိွက ရဟတ္ယာဥ္တံခါးေပါက္ကို ဆြဲဖြင့္ရန္ ႀကိဳးစားေသာ္လည္း ေပါက္ကြဲမႈေၾကာင့္ ေနာက္ဆုတ္ခဲ့ရေၾကာင္း သိရၿပီး ရဟတ္ယာဥ္ ပ်က္က် ေလာင္ကၽြမ္းမႈကို မိနစ္(၂၀)ၾကာ ၿငိႇမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

မစၥတာ ဝီခ်ဳိင္းသည္ ထိုင္းႏွင့္ အာရွႏုိင္ငံမ်ား၏ ေလဆိပ္မ်ားတြင္ King Power အေကာက္ခြန္ ကင္းလြတ္ခြင့္ရ အေရာင္းဆုိင္မ်ား ဖြင့္လွစ္ရာမွ သန္းၾကြယ္သူေဌးျဖစ္လာျခင္းျဖစ္သည္။

Tachileik News Agency
Ref; Dailymail
Photo: EPA ၊ Ryan Browne ၊ BTSport၊ Graham Chadwick၊ Reuters ၊ Dailymail




~~~~~~~~⊰❂ unicode ~~~~~~~~

အင်္ဂလန် ပရီးမီးယားလိဂ်မှ လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသန်းကြွယ်သူဌေး ဝီချိုင်း ဆရီဝပ်ထာနာ ပရာဘားသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ ညပိုင်းက King Power အားကစားရုံမှ အပြန် ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သွားကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

လက်စ်တာရှိ ဝက်စ်ဟမ်းနှင့် လက်စတာအသင်း ကစားပွဲအပြီး King Power အားကစားရုံမှအပြန် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်ပြီး ရဟတ်ယာဉ်တွင် လိုက်ပါသွားသူများနှင့် ပတ်သက်၍ သတင်းအတိအကျ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အသက် (၆၁) နှစ်အရွယ် မစ္စတာ ဝီချိုင်းပါဝင်ဖွယ် ရှိသည်ဟု အားကစားရုံမှ ရဟတ်ယာဉ်ထွက်ခွာသွားသည်ကို မျက်မြင်တွေ့သူက ပြောကြားထားသည့် အပြင် မစ္စတာ ဝီချိုင်း ရဟတ်ယာဉ်တွင် ပါသွားသည်ဟု သတင်းရရှိကြောင်းကိုလည်း၎င်း၏မိသားစုက BBC ကို ပြောကြားကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ကို မသိရသေးသော်လည်း အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အားကစားရုံရှေ့၌ ဘောလုံးပရိတ်သတ်များက ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းများလာပို့ထားသည်ကို တွေ့နေရကြောင်း သိရသည်။

မစ္စတာ ဝီချိုင်းက လက်စတာစီးတီးအသင်းကို ၂၀၁၀ ခုနှစ်က ဝယ်ယူခဲ့ပြီးနောက် တနှစ်အကြာတွင် အသင်းဥက္ကဌအဖြစ် တာဝန်ယူခဲ့ကာ အသင်းအတွက် ငွေသန်းနဲ့ချီသုံးစွဲခဲ့ပြီး ၂ဝ၁၆၌ ပရီမီယာလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဝက်စ်ဟမ်းအသင်းကို လက်ခံကစားပြီး တစ်ဂိုးစီ သရေကျခဲ့သည့် ပရီမီယာလိဂ်ပွဲအပြီး တစ်နာရီအကြာ ဒေသစံတော်ချိန် ည(၈)နာရီခွဲတွင် King Power အားကစားကွင်းမှ ပျံအတက် ရဟတ်ယာဉ်ပျက်ကျကာ အားကစား ကလပ်အသင်း၏ ဝန်ထမ်းများယာဉ်ရပ်နားရာကွင်းအတွင်း ပေါက်ကွဲမီးလောင်သွားကြောင်း သိရသည်။

အဆိုပါ သတင်းကြောင့် ဘောလုံးအသင်းပရိတ်သတ်များ ထိတ်လန့် တုန်လှုပ်ခဲ့ရပြီး ငိုယိုခဲ့ကြကြောင်း သိရသည်။

ရဟတ်ယာဉ်မှာ လူ(၈)ဦး စီးနင်းလိုက်ပါနိုင်ပြီး အားကစားရုံ၏ CCTV ကင်မရာမှတ်တမ်းအရ မစ္စတာဝီချိုင်း လိုက်ပါသွားသည်ကို တွေ့ရကြောင်း သိရသည်။

မျက်မြင်သက်သေများ အပြောအရ ရဟတ်ယာဉ်သည် ပျံတက်သွားပြီး မကြာမီ ထိန်းမရဘဲ လည်နေသည်ကို တွေ့ရကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျရာသို့ ပထမဆုံးရောက်သွားသည့် ရဲအရာရှိက ရဟတ်ယာဉ်တံခါးပေါက်ကို ဆွဲဖွင့်ရန် ကြိုးစားသော်လည်း ပေါက်ကွဲမှုကြောင့် နောက်ဆုတ်ခဲ့ရကြောင်း သိရပြီး ရဟတ်ယာဉ် ပျက်ကျ လောင်ကျွမ်းမှုကို မိနစ်(၂၀)ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မစ္စတာ ဝီချိုင်းသည် ထိုင်းနှင့် အာရှနိုင်ငံများ၏ လေဆိပ်များတွင် King Power အကောက်ခွန် ကင်းလွတ်ခွင့်ရ အရောင်းဆိုင်များ ဖွင့်လှစ်ရာမှ သန်းကြွယ်သူဌေးဖြစ်လာခြင်းဖြစ်သည်။

Tachileik News Agency
Ref; Dailymail
Photo: EPA၊ Ryan Browne၊ BTSport၊ Graham Chadwick၊ Reuters၊ Dailymail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~