တောင်ကြီး - တာချီလိတ်သွားလမ်း လွိုင်လင်တောင်အဆင်းတွင် လမ်းချော်နေ၍ ယာဉ်ကြီးများ အဆင်ပြေစွာ သွားလာရန် စောင့်ဆိုင်းနေရ

တောင်ကြီး - တာချီလိတ်သွားလမ်း လွိုင်လင်တောင်အဆင်းတွင် လမ်းချော်နေ၍ ယာဉ်ကြီးများ အဆင်ပြေစွာ သွားလာရန် စောင့်ဆိုင်းနေရ
အောကျတိုဘာ 7, 2018
By Tachileik News Agency



အဆိုပါ လမ်းတွင် မိုးရွာထားသည့်အတွက် မြေများ လမ်းပေါ်သို့ ရောက်ရှိနေပြီး တာဝန်ရှိသူများမှ ဘက်ဖိုးယာဉ်များဖြင့် ရှင်းလင်းမှုများကို ပြုလုပ်နေလျက်ရှိပြီး၊ ဖြတ်သန်းသွားလာ၍ ရသည့် ယာဉ်ငယ်များသာ သွားလာနေပြီး ယာဉ်ကြီးများမှ သွားလာ၍ အဆင်ပြေရန်အတွက် စောင့်ဆိုင်း နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး - တာချီလိတ်သွားလမ်း၊ နမ့်စန်ဘက်အခြမ်း လွိုင်လင်တောင် အဆင်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ ည(၄)နာရီဝန်းကျင်က စ၍ လမ်းချော်မှုနှင့် ကြုံတွေ့နေရသည့် အတွက် ယာဉ်တန်းရှည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ညနေ(၅)နာရီ မိနစ်(၂၀)အထိ ယာဉ်ကြီးများ အဆင်းအတက် သွားလာရ အဆင်မပြေသေးကြောင်း သိရသည်။

"ကားလေးတွေတော့ သွားလို့ရတဲ့ ကားရတယ်၊ မရတဲ့ကား မရဘူး၊ လမ်းက အရမ်းကျဉ်းတယ်၊ ကားကြီးကတော့ အတက်ရော အဆင်းပါ မရဘူး၊ ရွှံ့စေးတွေ လမ်းပေါ်ကျပြီး လူသွားရင်တောင် ချော်နေတယ်" တာချီလိတ်မှ (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းတွင် မိုးရွာထားသည့်အတွက် မြေများ လမ်းပေါ်သို့ ရောက်ရှိနပြေီး တာဝန်ရှိသူများမှ ဘက်ဖိုးယာဉ်များဖြင့် ရှင်းလင်းမှုများကို ပြုလုပ်နေလျက်ရှိပြီး၊ ဖြတ်သန်းသွားလာ၍ ရသည့် ယာဉ်ငယ်များသာ သွားလာနပြေီး ယာဉ်ကြီးများမှ သွားလာ၍ အဆင်ပြေရန်အတွက် စောင့်ဆိုင်း နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဆင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~