လူထုအမွတ္သညာ ဓါတ္ပံုျပပြဲ ၿပိဳင္ပြဲ၏ ပထမဆံုးပြဲေတာ္ကို မေကြးတြင္ စတင္ က်င္းပ

လူထုအမွတ္သညာ ဓါတ္ပံုျပပြဲ ၿပိဳင္ပြဲ၏ ပထမဆံုးပြဲေတာ္ကို မေကြးတြင္ စတင္ က်င္းပ
အောက်တိုဘာ 19, 2018
By Tachileik News Agency

ပန္းဆိုးတန္းဂယ္လာရီကစီစဥ္သည့္ လူထုအမွတ္သညာ ဓါတ္ပံုျပပြဲ ၿပိဳင္ပြဲ၏ ပထမဆံုးပြဲေတာ္ကို မေကြးၿမိဳ႕၌ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁၉)ရက္ေန႔တြင္ စတင္ဖြင့္လွစ္လုိက္ၿပီး ေအာက္တိုဘာလ (၂၁)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“သမုိင္းက ဓာတ္ပံုေတြမွာ အမ်ားႀကီး ထင္ဟပ္ပါတယ္။ ဓာတ္ပံုေတြကုိၾကည့္ၿပီး လူ႔အဖြဲ႔အစည္းမွာ တစ္ ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ၊ ေခတ္တစ္ေခတ္နဲ႔ တစ္ေခတ္ အကူးအေျပာင္းရဲ႕ နားလည္မႈေတြ ပုိၿပီးေတာ့ ရွိလာၾကမယ္။ ဒါေၾကာင့္ဒီလုိ အမွတ္သညာပြဲမ်ိဳးကုိ ျပဳလုပ္တာျဖစ္ပါတယ္။ တစ္နုိင္ငံလံုး အတုိင္းအတာ အေနနဲ႔ လူထုအမွတ္သညာ ပြဲေတာ္ဆုိတဲ့ ေခါင္းစဥ္နဲ႔ မေကြးၿမိဳ႕မွာ ပထမဆံုး က်င္းပ တာျဖစ္ၿပီး တျခား ျပည္နယ္၊ တုိင္းအသီးသီးမွာရွိတဲ့ၿမိဳ႕ေတြမွာလည္း ဆက္လက္ျပဳလုပ္သြားဖို႔ အစီအစဥ္ ရွိပါတယ္”ဟု ပဲြစီစဥ္သူ ပန္းဆိုးတန္းဂယ္လာရီမွ ဦးေအာင္စိုးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတြင္ က်င္းပသည့္ ပဲြေတာ္၌ မေကြးနွင့္ပတ္သက္ေသာ သမုိ္င္းမွတ္တမ္းဆုိင္ရာ ဓာတ္ပံု(၂၅၀)ခန္႔ႏွင့္  ပန္းခ်ီကားမ်ား၊ မေကြး ေဒသခံဓာတ္ပံုဆရာမ်ား၏ ၿပိဳင္ပဲြဝင္လက္ရာမ်ား၊ ၿပိဳင္ပဲြဝင္ မွတ္တမ္း ရုပ္ရွင္ကားမ်ားကို ျပသထားၿပီး အေကာင္းဆံုးဓာတ္ပံုဆု (၃)ဆုႏွင့္ အေကာင္းဆံုး မွတ္တမ္းရုပ္ရွင္ဆု(၃)ဆု ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲဝင္ဓာတ္ပံု (၅၆)ပံုအနက္မွ ပထမဆု က်ပ္ (၃)သိန္း၊ ဒုတိယဆု က်ပ္(၂)သိန္း၊ တတိယဆု က်ပ္(၁)သိန္း၊ မွတ္တမ္းရုပ္ရွင္ ၿပိဳင္ပဲြဝင္(၁၁)ကားအနက္မွ ပထမဆု က်ပ္(၆)သိန္း၊ ဒုတိယဆု က်ပ္(၄)သိန္း၊ တတိယဆု က်ပ္(၂)သိန္း ေရြးခ်ယ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္းသိရၿပီး ႏုိုင္ငံတကာပညာရွင္(၂)ဦးႏွင့္ ေဒသခံ ဓာတ္ပံုပညာရွင္(၂)ဦးတို႔က အကဲျဖတ္ေရြးခ်ယ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီပဲြ က်င္းပေပးတဲ့ အတြက္ ၾကည့္ရႈခြင့္ရတဲ့ ေက်ာင္းသား ေက်ာင္းသူေတြဟာ သူတုိ႔ မသိမမီတဲ့ ဓာတ္ပံုေတြကို ၾကည့္ရႈ ေလ့လာခြင့္ရၿပီး သူတုိ႔ဆီမွာရွိေနတဲ့ ဓာတ္ပံုေတြ အေပၚမွာလည္း တန္ဖုိးထား လာနုိ္င္ၾကမယ္။ ဒါ့ေၾကာင့္ဒီလုိပြဲကို နွစ္စဥ္က်င္းပေပးျခင္းျဖင့္ ဒီထက္ စိတ္ဝင္စားစရာေကာင္းမယ့္ သမုိ္င္းအေထာက္အထားေတြ ဒီထက္မ်ားမ်ားေပၚထြက္လာနို္င္မယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္”ဟု အေျခခံပညာအထက္တန္းေက်ာင္းခြဲ ဆားစည့္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚညြန္႔ညြန္႔လြင္က ေျပာသည္။

အဆိုပါ ပဲြေတာ္ အခမ္းအနားသို႔ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌ၊ ဒုတိယ ဥကၠဌႏွင့္ အစိုးရအဖဲြ႔ ဝန္ႀကီးမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု  - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

ပန်းဆိုးတန်းဂယ်လာရီကစီစဉ်သည့် လူထုအမှတ်သညာ ဓာတ်ပုံပြပွဲ ပြိုင်ပွဲ၏ ပထမဆုံးပွဲတော်ကို မကွေးမြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီး အောက်တိုဘာလ (၂၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“သမိုင်းက ဓာတ်ပုံတွေမှာ အများကြီး ထင်ဟပ်ပါတယ်။ ဓာတ်ပုံတွေကိုကြည့်ပြီး လူ့အဖွဲ့အစည်းမှာ တစ် ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ၊ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် အကူးအပြောင်းရဲ့ နားလည်မှုတွေ ပိုပြီးတော့ ရှိလာကြမယ်။ ဒါကြောင့်ဒီလို အမှတ်သညာပွဲမျိုးကို ပြုလုပ်တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လူထုအမှတ်သညာ ပွဲတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ မကွေးမြို့မှာ ပထမဆုံး ကျင်းပ တာဖြစ်ပြီး တခြား ပြည်နယ်၊ တိုင်းအသီးသီးမှာရှိတဲ့မြို့တွေမှာလည်း ဆက်လက်ပြုလုပ်သွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ပွဲစီစဉ်သူ ပန်းဆိုးတန်းဂယ်လာရီမှ ဦးအောင်စိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတွင် ကျင်းပသည့် ပွဲတော်၌ မကွေးနှင့်ပတ်သက်သော သမို်င်းမှတ်တမ်းဆိုင်ရာ ဓာတ်ပုံ(၂၅၀)ခန့်နှင့် ပန်းချီကားများ၊ မကွေး ဒေသခံဓာတ်ပုံဆရာများ၏ ပြိုင်ပွဲဝင်လက်ရာများ၊ ပြိုင်ပွဲဝင် မှတ်တမ်း ရုပ်ရှင်ကားများကို ပြသထားပြီး အကောင်းဆုံးဓာတ်ပုံဆု (၃)ဆုနှင့် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု(၃)ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံ (၅၆)ပုံအနက်မှ ပထမဆု ကျပ် (၃)သိန်း၊ ဒုတိယဆု ကျပ်(၂)သိန်း၊ တတိယဆု ကျပ်(၁)သိန်း၊ မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲဝင်(၁၁)ကားအနက်မှ ပထမဆု ကျပ်(၆)သိန်း၊ ဒုတိယဆု ကျပ်(၄)သိန်း၊ တတိယဆု ကျပ်(၂)သိန်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပြီး နိုင်ငံတကာပညာရှင်(၂)ဦးနှင့် ဒေသခံ ဓာတ်ပုံပညာရှင်(၂)ဦးတို့က အကဲဖြတ်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲ ကျင်းပပေးတဲ့ အတွက် ကြည့်ရှုခွင့်ရတဲ့ ကျောင်းသား ကျောင်းသူတွေဟာ သူတို့ မသိမမီတဲ့ ဓာတ်ပုံတွေကို ကြည့်ရှု လေ့လာခွင့်ရပြီး သူတို့ဆီမှာရှိနေတဲ့ ဓာတ်ပုံတွေ အပေါ်မှာလည်း တန်ဖိုးထား လာနို်င်ကြမယ်။ ဒါ့ကြောင့်ဒီလိုပွဲကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် ဒီထက် စိတ်ဝင်စားစရာကောင်းမယ့် သမို်င်းအထောက်အထားတွေ ဒီထက်များများပေါ်ထွက်လာနို်င်မယ်လို့ မျှော်လင့်မိပါတယ်”ဟု အခြေခံပညာအထက်တန်းကျောင်းခွဲ ဆားစည့်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်လွင်က ပြောသည်။

အဆိုပါ ပွဲတော် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~