ကယားျပည္နယ္ လိြဳင္ေကာ္တြင္ ခြင့္ျပဳခ်က္ ေက်ာ္လြန္ဆႏၵထုတ္ေဖၚမႈျဖင့္ တရားစြဲခံရသူ (၄)ဦးအား ဒဏ္ေငြတစ္ေသာင္းစီ အမိန္႔ခ်

ကယားျပည္နယ္ လိြဳင္ေကာ္တြင္ ခြင့္ျပဳခ်က္ ေက်ာ္လြန္ဆႏၵထုတ္ေဖၚမႈျဖင့္ တရားစြဲခံရသူ (၄)ဦးအား ဒဏ္ေငြတစ္ေသာင္းစီ အမိန္႔ခ်
အောက်တိုဘာ 6, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၊ နမ့္ေဘာ္ဝမ္း(က)ရပ္ကြက္ရိွ ေနအိမ္မ်ားမွာ သာသနာ့ေျမအတြင္း က်ဴးေက်ာ္ေနသျဖင့္ ဖယ္ရွားေပးခိုင္းျခင္းႏွင့္ ပတ္သက္၍ ဆႏၵထုတ္ေဖၚသူမ်ားက ခြင့္ျပဳခ်က္ထက္ ေက်ာ္လြန္ လုပ္ေဆာင္ေနသည္ဟုဆိုကာ  ဦးေဆာင္သူ ေလးဦးအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔တြင္ လိြဳင္ေကာ္တရား႐ုံးက  ဒဏ္ေငြတစ္ေသာင္းစီေပးေဆာင္ရန္ အမိန္႔ခ်မွတ္လုိက္ေၾကာင္း သိရသည္။

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္ရွမ္း(က) ရပ္ကြက္ရိွ ေနအိမ္ (၁၅၀)ေက်ာ္အား သာသနာ့ပိုင္ေျမ အတြင္း က်ေရာက္ေနသည္ဟု ဆိုကာ ဖယ္ရွားခိုင္းမႈကို ျပည္နယ္အစိုးရအေနျဖင့္ ေျဖရွင္းေပးရန္ စက္တင္ဘာလ (၂၃) ရက္ေန႔က ဆႏၵေဖာ္ထုတ္ရာ၌  ခြင့္ျပဳခ်က္ထက္ ေက်ာ္လြန္၍ လုပ္ေဆာင္ခဲ့သည္ဟု ဆိုကာ  ဦးေဆာင္ပါဝင္သူ (၄)ဦးကို စက္တင္ဘာလ (၂၈) ရက္ေန႔တြင္ ၿငိမ္းစုစီ ပုဒ္မ (၂၀)ျဖင့္ တရားစြဲဆို ခဲ့ျခင္းျဖစ္သည္။

"ဥပေဒေၾကာင္းအရေတာ့ အျပစ္ရွိပါတယ္။ ဒါေပမဲ့ လုပ္ရပ္ မွန္ပါတယ္ ေျဖလိုက္ေတာ့ ႐ုံးခ်ိန္လည္း မရွိေတာ့သလို လူေတြလည္း ဒုကၡမေရာက္ေတာ့ဘူးေပါ့။ အခုက်ေတာ့ ကိုယ့္ဖက္က လူထုကလည္း ပါေတာ့ သူတို႔က တစ္ေန႔လုပ္ တစ္ေန႔စားေတြေလ။ အဲဒါေၾကာင့္ ဒဏ္ေငြ ေဆာင္ခဲ့ပါတယ္" ဟု တရားစြဲခံခဲ့ရသည့္ ခူးၾကဴးဖဲေကးက ေျပာသည္။

ဆႏၵေဖာ္ထုတ္ရန္ ခြင့္ျပဳခ်က္တင္စဥ္က မပါဝင္သည့္ အေၾကာင္းအရာမ်ားျဖင့္ ဆႏၵေဖာ္ထုတ္ခဲ့သျဖင့္ ဦးေဆာင္ခဲ့သူ (၄) ဦးျဖစ္သည့္ ခူးၾကဴးဖဲေကး၊ ခူးကေလာရယ္၊ ဦးေအာင္ႏိုင္ဝင္းႏွင့္ ဦးေက်ာ္မင္းဦးတို႔ကို တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

လိြဳင္ေကာ္ၿမိဳ႕ ၊ နမ့္ေဘာ္ဝမ္း (က)ရပ္ကြက္ အုပ္စု (၉) ႐ွိ ေနအိမ္ (၁၅၀)ေက်ာ္ႏွင့္ ၿခံမ်ားမွာ သာသနာ့ေျမ အတြင္း ေရာက္႐ွိေနသည္ဟု ဆိုကာ ၂၀၁၆ ခုႏွစ္မွစ၍ က်ဴးအျဖစ္သတ္မွတ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ အဆိုပါ ေနအိမ္ ၿခံမ်ားအား မိုးတြင္းကာလ ၿပီးဆုံးပါက အၿပီးေရႊ႕ေျပာင္းေပးၾကရန္ သတိေပးထားသျဖင့္ အစိုးရ ထုတ္ထားသည့္ ပုဒ္မ (၁၈၈)ကို ဖ်က္သိမ္းေပးရန္၊ ေနထိုင္သူမ်ားကို တရားဝင္ ေျမဂရန္ထုတ္ေပးရန္ႏွင့္ အေရာင္းအဝယ္ျဖစ္ေသာေျမအျဖစ္ တရားဝင္လႊဲေပးရန္၊ နမ့္ေဘာ္ဝမ္ ရပ္ကြက္ထဲမွ တရားဝင္ ရပ္ကြက္တစ္ခု အျဖစ္ေပးရန္ စသည့္အခ်က္မ်ားကို  ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်း(က)ရပ်ကွက်ရှိ နေအိမ်များမှာ သာသနာ့မြေအတွင်း ကျူးကျော်နေသဖြင့် ဖယ်ရှားပေးခိုင်းခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သူများက ခွင့်ပြုချက်ထက် ကျော်လွန် လုပ်ဆောင်နေသည်ဟုဆိုကာ ဦးဆောင်သူ လေးဦးအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် လွိုင်ကော်တရားရုံးက ဒဏ်ငွေတစ်သောင်းစီပေးဆောင်ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရှမ်း(က) ရပ်ကွက်ရှိ နေအိမ် (၁၅၀)ကျော်အား သာသနာ့ပိုင်မြေ အတွင်း ကျရောက်နေသည်ဟု ဆိုကာ ဖယ်ရှားခိုင်းမှုကို ပြည်နယ်အစိုးရအနဖြေင့် ဖြေရှင်းပေးရန် စက်တင်ဘာလ (၂၃) ရက်နေ့က ဆန္ဒဖော်ထုတ်ရာ၌ ခွင့်ပြုချက်ထက် ကျော်လွန်၍ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ဦးဆောင်ပါဝင်သူ (၄)ဦးကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် ငြိမ်းစုစီ ပုဒ်မ (၂၀)ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

"ဥပဒေကြောင်းအရတော့ အပြစ်ရှိပါတယ်။ ဒါပေမဲ့ လုပ်ရပ် မှန်ပါတယ် ဖြေလိုက်တော့ ရုံးချိန်လည်း မရှိတော့သလို လူတွေလည်း ဒုက္ခမရောက်တော့ဘူးပေါ့။ အခုကျတော့ ကိုယ့်ဖက်က လူထုကလည်း ပါတော့ သူတို့က တစ်နေ့လုပ် တစ်နေ့စားတွေလေ။ အဲဒါကြောင့် ဒဏ်ငွေ ဆောင်ခဲ့ပါတယ်" ဟု တရားစွဲခံခဲ့ရသည့် ခူးကြူးဖဲကေးက ပြောသည်။

ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တင်စဉ်က မပါဝင်သည့် အကြောင်းအရာများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်ခဲ့သူ (၄) ဦးဖြစ်သည့် ခူးကြူးဖဲကေး၊ ခူးကလောရယ်၊ ဦးအောင်နိုင်ဝင်းနှင့် ဦးကျော်မင်းဦးတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်း (က)ရပ်ကွက် အုပ်စု (၉) ရှိ နေအိမ် (၁၅၀)ကျော်နှင့် ခြံများမှာ သာသနာ့မြေ အတွင်း ရောက်ရှိနေသည်ဟု ဆိုကာ ၂၀၁၆ ခုနှစ်မှစ၍ ကျူးအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါ နေအိမ် ခြံများအား မိုးတွင်းကာလ ပြီးဆုံးပါက အပြီးရွှေ့ပြောင်းပေးကြရန် သတိပေးထားသဖြင့် အစိုးရ ထုတ်ထားသည့် ပုဒ်မ (၁၈၈)ကို ဖျက်သိမ်းပေးရန်၊ နေထိုင်သူများကို တရားဝင် မြေဂရန်ထုတ်ပေးရန်နှင့် အရောင်းအဝယ်ဖြစ်သောမြေအဖြစ် တရားဝင်လွှဲပေးရန်၊ နမ့်ဘော်ဝမ် ရပ်ကွက်ထဲမှ တရားဝင် ရပ်ကွက်တစ်ခု အဖြစ်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~