ကယားပြည်နယ်တွင်း မိုးသည်းထန်သဖြင့် ရေကြီးနစ်မြုပ်သည့် မြို့နယ်များသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့ ကွင်းဆင်း ကူညီဆောင်ရွက်

ကယားပြည်နယ်တွင်း မိုးသည်းထန်သဖြင့် ရေကြီးနစ်မြုပ်သည့် မြို့နယ်များသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့ ကွင်းဆင်း ကူညီဆောင်ရွက်
အောကျတိုဘာ 4, 2018
By Tachileik News Agency

ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့နှင့် (၄)ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ရာဒေသများသို့ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းကြည့်ရှုကာ စီမံဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရေကြီးသည့် ဒေသများအတွက် လိုအပ်သည့်အစီအမံများ၊ ရေကြီးမှုကြောင့် လူ၊ တိရိစ္ဆာန်၊ ပစ္စည်း ပျက်ဆီး ဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပြည်သူများ ပူးပေါင်းဆောင်နိုင်ရေးအတွက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး ၀န်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က အောက်တိုဘာလ (၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် နံနက်(၉)နာရီခွဲအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာရှိ ရေကြီးနစ်မြုပ်သည့်နေရာများမှ ရိတ်သိမ်းရန်နီးကပ်နေသော စပါးများရှိနေပြီး ကုန်ထုတ်လမ်း မရှိသည်ကို တွေ့ရသဖြင့် ပွင့်လင်းရာသီတွင် ရွာတွင်းလမ်း ဖိုးဖျားချောင်း တာဘောင် လမ်းအား အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သည်ကို တွက်ချက်တင်ပြသွားရန်နှင့် အရေးပေါ် ကူညီမှုများအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးထံသို့ ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း ရေဝင်နစ်မြုပ်သည့် ၀ါရီကောခူကျေးရွာ အခြေအနေကို စစ်ဆေးကာ မိုးစပါးအောင်ရေပေးဝေပြီး နိုဝင်ဘာလကုန်ခန့်တွင် ၀ါရီကောခူကျေးရွာ အထက်ဘက် မင်္ဂလာတံတား အနီးရှိ မိုးဗြဲလက်ဝဲမြောင်းဖြတ် ရေငုတ်ပြွန်(Syphom) (၁) ခုပြုလုပ်ပြီး ဘီလူးချောင်းအထိ ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ရန်နှင့် ၀ါရီကောခူကျေးရွာ အောက်ဘက်တွင် ရေငုတ်ပြွန်(Syphom) (၁) ခုပြုလုပ်ပြီး ဘီလူးချောင်းအထိ ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကာ ရေဝင်နစ်မြုပ်နေအိမ်များ အတွက် ကူညီပေးနေသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအတွက် ချက်ပြုတ် ကျွေးမွေးနိုင်ရေး အတွက် ငွေကျပ် (၃) သိန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ရေကြီးနစ်မြုပ်နေသည့် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်းကောခူကျေးရွာရှိ အိမ်ခြေ (၂၆) အိမ်၊ လူဦးရေ (၁၃၀) ဦး၊ ၀ါရီကောခူကျေးရွာရှိ အိမ်ခြေ (၆၆) အိမ်၊ လူဦးရေ (၃၂၇) ဦး၊ ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အိမ်ခြေ (၁၄၇) အိမ်၊ လူဦးရေ (၈၂၈) ဦး၊ ဖောင်းတော ကျေးရွာရှိ အိမ်ခြေ (၈၃) အိမ်၊ လူဦးရေ (၃၉၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် (၃,၅၂၅,၉၀၀) ထောက်ပံ့ ဆောင်ရွက်နိုင်ရေး ကယား ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့နှင့် (၄)ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရကြေီးနစ်မြုပ်မှု ဖြစ်ရာဒေသများသို့ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းကြည့်ရှုကာ စီမံဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရကြေီးသည့် ဒေသများအတွက် လိုအပ်သည့်အစီအမံများ၊ ရကြေီးမှုကြောင့် လူ၊ တိရိစ္ဆာန်၊ ပစ္စည်း ပျက်ဆီး ဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပြည်သူများ ပူးပေါင်းဆောင်နိုင်ရေးအတွက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က အောက်တိုဘာလ (၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် နံနက်(၉)နာရီခွဲအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာရှိ ရကြေီးနစ်မြုပ်သည့်နေရာများမှ ရိတ်သိမ်းရန်နီးကပ်နေသော စပါးများရှိနပြေီး ကုန်ထုတ်လမ်း မရှိသည်ကို တွေ့ရသဖြင့် ပွင့်လင်းရာသီတွင် ရွာတွင်းလမ်း ဖိုးဖျားချောင်း တာဘောင် လမ်းအား အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သည်ကို တွက်ချက်တင်ပြသွားရန်နှင့် အရေးပေါ် ကူညီမှုများအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးထံသို့ ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း ရေဝင်နစ်မြုပ်သည့် ဝါရီကောခူကျေးရွာ အခြေအနေကို စစ်ဆေးကာ မိုးစပါးအောင်ရေပေးဝပြေီး နိုဝင်ဘာလကုန်ခန့်တွင် ဝါရီကောခူကျေးရွာ အထက်ဘက် မင်္ဂလာတံတား အနီးရှိ မိုးဗြဲလက်ဝဲမြောင်းဖြတ် ရေငုတ်ပြွန်(Syphom) (၁) ခုပြုလုပ်ပြီး ဘီလူးချောင်းအထိ ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ရန်နှင့် ဝါရီကောခူကျေးရွာ အောက်ဘက်တွင် ရေငုတ်ပြွန်(Syphom) (၁) ခုပြုလုပ်ပြီး ဘီလူးချောင်းအထိ ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကာ ရေဝင်နစ်မြုပ်နေအိမ်များ အတွက် ကူညီပေးနေသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအတွက် ချက်ပြုတ် ကျွေးမွေးနိုင်ရေး အတွက် ငွေကျပ် (၃) သိန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နာနတ်တောရပ်ကွက်၊ နောင်ယားဈေးအနီး ထေးငှါးလျားကန် ရေဝင်ပေါက်တွင် ရေလျှံမှုဖြစ်ပွား သဖြင့် ဘာဒိုကန်မှ တစ်ဆင့် ပိုလျှံလာသည့် ရေများကို မှုံပြာကျေးရွာမှ တစ်ဆင့် ဘီလူးချောင်းသို့ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ရန်၊ သီရိမင်္ဂလာဈေးကြီး အတွင်း ရေဝင်နေသဖြင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေသွားလမ်းကြောင်း စနစ်တကျ ဖော်ဆောင်မည့် အစီအမံများ ထည့်သွင်းဆောင်ရွက်တို့ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ရကြေီးနစ်မြုပ်နေသည့် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်းကောခူကျေးရွာရှိ အိမ်ခြေ (၂၆) အိမ်၊ လူဦးရေ (၁၃၀) ဦး၊ ဝါရီကောခူကျေးရွာရှိ အိမ်ခြေ (၆၆) အိမ်၊ လူဦးရေ (၃၂၇) ဦး၊ ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အိမ်ခြေ (၁၄၇) အိမ်၊ လူဦးရေ (၈၂၈) ဦး၊ ဖောင်းတော ကျေးရွာရှိ အိမ်ခြေ (၈၃) အိမ်၊ လူဦးရေ (၃၉၄) ဦးတို့အတွက် ဆန်ရိက္ခါ (၇) ရက်စာအတွက် (၃,၅၂၅,၉၀၀) ထောက်ပံ့ ဆောင်ရွက်နိုင်ရေး ကယား ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ကယားပြည်နယ်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~