ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦး လွှတ်တော်တက်ရန် ခွင့်မဲ့ပျက်ကွက်
ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦး လွှတ်တော်တက်ရန် ခွင့်မဲ့ပျက်ကွက်
အောကျတိုဘာ 4, 2018
By Tachileik News Agency
ပြည်နယ်တွင်း ရေကြီးရေလျှံနေရာများသို့ သွားရောက်နေသည့် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ခွင့်မဲ့ပျက်ကွက်ကြောင်း သိရသည်။
ခွင့်မဲ့ပျက်ကွက်သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်ရေနစ်မြုပ်နေသော ကျေးရွာများသို့ အရေးပေါ်သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့က စတင် ကျင်းပနေခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်တွင်း ရကြေီးရေလျှံနေရာများသို့ သွားရောက်နေသည့် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ခွင့်မဲ့ပျက်ကွက်ကြောင်း သိရသည်။
"လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အစည်းအေဝးမှာ တတ်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် (၂၀)ဦးရှိသည့် အနက် ယနေ့ ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ (၂)ဦး ဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူ (၂)ဦး ဖြစ်ပါတယ် " ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက ကြေညာခဲ့သည်။
လွှတ်တော်အစည်းအဝေး တက်ရောက်ခွင့်ရှိသူ (၂၀)ဦးမှ (၄)ဦး ပျက်ကွက်သည့် အနက် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ခွင့်တိုင်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုတို့က ခွင့်မဲ့ ပျက်ကွက်ခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌက လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ခွင့်မဲ့ပျက်ကွက်သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်ရေနစ်မြုပ်နေသော ကျေးရွာများသို့ အရေးပေါ်သွားရောက်နခြေင်းဖြစ်ကြောင်း သိရသည်။
" မနေ့ညက ရေတွကြေီးလို့ အဲဒီနေရာကို အရေးပေါ်သွားတယ်လို့ သိရတယ်။ ဒါပေမဲ့ လွှတ်တော်စည်းကမ်း အရ သူတို့ ခွင့်တင်ရမယ်။ သူတို့ မမီရင်တောင် သူတို့ PSO တွေနဲ့ဖြစ်ဖြစ် တင်ခိုင်းရမှာပေါ့။ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လေးစားသင့်တယ်လေ။ ခွင့်မဲ့ ပျက်ကွက်တာကို ပထမဆုံးအကြိမ်ဆို အရေးယူလို့ ရတာမျိုးတော့ လုပ်လို့မရပေမဲ့ သူတို့လည်း ပြည်သူ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွဖြေစ်လို့ လွှတ်တော်ကို လေးစားရပါမယ်"ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့က စတင် ကျင်းပနခြေင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~