ေက်ာက္မဲတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ပ်ံလြန္ေတာ္မူသြားသည့္ ဆရာေတာ္၏ အႏၱိမ အဂၢိစ်ာပန အခမ္းအနား က်င္းပ

ေက်ာက္မဲတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ပ်ံလြန္ေတာ္မူသြားသည့္ ဆရာေတာ္၏ အႏၱိမ အဂၢိစ်ာပန အခမ္းအနား က်င္းပ
အောက်တိုဘာ 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္အတြင္း အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့သည့္ ေက်ာင္းထုိင္ဆရာေတာ္ ဘဒၵႏၱ ကလ်ာဏဝံသ၏  အႏၱိမ အဂၢိစ်ာပန အခမ္းအနားအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၁)ရက္ေန႔ ညေနတြင္ က်င္းပရာ သီတဂူဆရာေတာ္ဘုရာႀကီးလည္း ၾကြေရာက္ေတာ္မူေၾကာင္း သိရသည္။

သက္ေတာ္(၄၇)ႏွစ္၊ ဝါေတာ္ (၂၇)ဝါရွိ ေက်ာင္းထိုင္ဆရာေတာ္ကို ေအာက္တိုဘာလ (၅)ရက္ေန႔ ည(၆)နာရီခြဲ ဝန္းက်င္က  ေက်ာင္းရွိသံဃာမ်ားႏွင့္အတူ ဘုရားဝတ္ျပဳေနစဥ္ ေက်ာင္းေဆာင္၏ ေတာင္ဘက္ အျခမ္း၌ ေဗ်ာက္အိုးေဖါက္သံၾကားသျဖင့္ ထသြားၾကည့္ရႈရာမွ ဆရာေတာ္သည္ ဘုရားဝတ္ျပဳရာသို႔ ျပန္လည္ ေရာက္ရွိလာျခင္း မရွိသျဖင့္ ကိုရင္တစ္ပါးက လိုက္လံၾကည့္ရႈရာ ေက်ာင္းဝန္းေရွ႕ စႀကၤန္တြင္ ပက္လက္လွန္ကာ လဲေနသည့္ ဆရာေတာ္ကို ေတြ႔ရွိခဲ့သျဖင့္ ေက်ာင္းရွိ ေမာ္ေတာ္ယာဥ္ႏွင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေနစဥ္ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာအား သက္ဆိုင္ရာမ်ားက ရွာေဖြစစ္ေဆးရာ 9mm Luger အမ်ိဳးအစား ( ၉ မမ ) က်ည္ခြံ (၇) ခုကိုေတြ႔ရွိခဲ့ၿပီး အခင္းျဖစ္ရာ ဘုန္းႀကီးေက်ာင္း၏ ေတာင္ဘက္မုခ္ဝအနီးတြင္လည္း 125 CC ေမာ္ေတာ္ဆိုင္ကယ္တစ္စီး ရပ္ထားလ်က္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္အား အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ခတ္သြားမႈႏွင့္ ပတ္သက္၍   ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ (ပ)၄၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး ပစ္ခတ္သူမ်ားအား ေဖၚထုတ္ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဆရာေတာ္သည္ ၂၀၁၁ခုႏွစ္က  ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္အား ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း(ဘ.က)အျဖစ္ ေျပာင္းလဲခဲ့ၿပီး ၀ုန္းေမတၱာ အသင္း ႏွင့္ နမ့္ခံုးရွမ္းမ်ား ပရဟိတအဖြဲ႔တို႔အား ဦးေဆာင္ တည္ေထာင္ခဲ့ကာ ၂၀၁၆ခုႏွစ္မွစ၍ သံုးထပ္ေက်ာင္းေဆာင္ႀကီးအား ဦးေဆာင္ တည္ေဆာက္ေနစဥ္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၅)ရက္ေန႔ ညတြင္ အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်အတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကလျာဏဝံသ၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့ ညနေတွင် ကျင်းပရာ သီတဂူဆရာတော်ဘုရာကြီးလည်း ကြွရောက်တော်မူကြောင်း သိရသည်။

သက်တော်(၄၇)နှစ်၊ ဝါတော် (၂၇)ဝါရှိ ကျောင်းထိုင်ဆရာတော်ကို အောက်တိုဘာလ (၅)ရက်နေ့ ည(၆)နာရီခွဲ ဝန်းကျင်က ကျောင်းရှိသံဃာများနှင့်အတူ ဘုရားဝတ်ပြုနေစဉ် ကျောင်းဆောင်၏ တောင်ဘက် အခြမ်း၌ ဗျောက်အိုးဖောက်သံကြားသဖြင့် ထသွားကြည့်ရှုရာမှ ဆရာတော်သည် ဘုရားဝတ်ပြုရာသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ကိုရင်တစ်ပါးက လိုက်လံကြည့်ရှုရာ ကျောင်းဝန်းရှေ့ စင်္ကြန်တွင် ပက်လက်လှန်ကာ လဲနေသည့် ဆရာတော်ကို တွေ့ရှိခဲ့သဖြင့် ကျောင်းရှိ မော်တော်ယာဉ်နှင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာအား သက်ဆိုင်ရာများက ရှာဖွေစစ်ဆေးရာ 9mm Luger အမျိုးအစား ( ၉ မမ ) ကျည်ခွံ (၇) ခုကိုတွေ့ရှိခဲ့ပြီး အခင်းဖြစ်ရာ ဘုန်းကြီးကျောင်း၏ တောင်ဘက်မုခ်ဝအနီးတွင်လည်း 125 CC မော်တော်ဆိုင်ကယ်တစ်စီး ရပ်ထားလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်အား အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သွားမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ)၄၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပစ်ခတ်သူများအား ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဆရာတော်သည် ၂၀၁၁ခုနှစ်က ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်အား ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘ.က)အဖြစ် ပြောင်းလဲခဲ့ပြီး ဝုန်းမေတ္တာ အသင်း နှင့် နမ့်ခုံးရှမ်းများ ပရဟိတအဖွဲ့တို့အား ဦးဆောင် တည်ထောင်ခဲ့ကာ ၂၀၁၆ခုနှစ်မှစ၍ သုံးထပ်ကျောင်းဆောင်ကြီးအား ဦးဆောင် တည်ဆောက်နေစဉ် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ ညတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~