တာခ်ီလိတ္တြင္ က်င္းပမည့္ စုေပါင္းကရင္ႏွစ္သစ္ကူးပြဲေတာ္သို႔ တာခ်ီလိတ္ခရိုင္အတြင္းမွ ကရင္တိုင္းရင္းသားမ်ား တက္ေရာက္ၾကရန္ ဖိတ္ေခၚထား

တာခ်ီလိတ္တြင္ က်င္းပမည့္ စုေပါင္းကရင္ႏွစ္သစ္ကူးပြဲေတာ္သို႔ တာခ်ီလိတ္ခရိုင္အတြင္းမွ ကရင္တိုင္းရင္းသားမ်ား တက္ေရာက္ၾကရန္ ဖိတ္ေခၚထား
အောက်တိုဘာ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ ၂၀၁၉ ခုနွစ္ ဇန္နဝါရီလ(၁)ရက္ေန႔တြင္ က်ေရာက္မည့္ ကရင္ႏွစ္သစ္ကူးေန႔တြင္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပႏုိင္ေရး စီစဥ္ေနၿပီျဖစ္ၿပီး တာခ်ီလိတ္ခရို္င္အတြင္းမွ ကရင္အမ်ိဳးသားမ်ား စုေပါင္းတက္ေရာက္ၾကရန္ ပြဲက်င္းပေရးေကာ္မတီက ဖိတ္ေခၚထားသည္။

“မႏွစ္ကလိုပဲ စုေပါင္းပြဲေတာ္က်င္းပမွာပါ။ ေနရာကေတာ့ ႏိုဝင္ဘာလ(၁၀)ရက္ေန႔မွာ က်င္းပမယ့္ အစည္းအေဝးမွာ ေနရာကို အတည္ျပဳမွာပါ။ အမ်ားစု ခန္႔မွန္းထားတာကေတာ့ ဟုတ္တက္ခန္းမမွာ မွန္းထားပါတယ္။ အခမ္းအနားကေတာ့ ႏွစ္တုိင္းေတြလိုပဲ မနက္ပို္င္း အလံတင္ အခမ္းအနားလုပ္မယ္။ ၿပီးရင္ အေကၽြးအေမြးနဲ႔ ဧည့္ခံမယ္။ တစ္ခုေျပာခ်င္တာကေတာ့ တာခ်ီလိတ္မွာရိွတဲ့ ကရင္အမ်ိဳးသားမ်ား စုေပါင္းက်င္းပၾကမွာမို႔ အားလံုး စုေပါင္း တက္ေရာက္ေပးၾကပါလို႔ ဖိတ္ေခၚခ်င္ပါတယ္”ဟု ႏွစ္သစ္ကူးပြဲေတာ္က်င္းပေရး ေကာ္မတီ ဥကၠဌ မန္းျမေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားကုိ ၂၀၁၆ ခုႏွစ္မတိုင္မီက ေနရာ (၃)ခုခြဲ၍ က်င္းပေနရာမွ ၂၀၁၆ ခုႏွစ္မွစတင္၍ တစ္ေနရာထဲတြင္ စုေပါင္းက်င္းပခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္တြင္ အလံတင္အခမ္းအနား၊ ဘိုးဘြားကန္ေတာ့ျခင္းမ်ားအျပင္ စတိတ္ရိႈး၊ ဒံုးယိမ္းအကႏွင့္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားလည္း ထည့္သြင္း က်င္းပေလ့ရိွၿပီး ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က ပြဲေတာ္သို႔ တာခ်ီလိတ္ႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွ ကရင္တိုင္းရင္းသား (၁၀၀၀)၀န္းက်င္ ပါ၀င္ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကရင္အမ်ဳိးသားနာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး စီစဉ်နပြေီဖြစ်ပြီး တာချီလိတ်ခရို်င်အတွင်းမှ ကရင်အမျိုးသားများ စုပေါင်းတက်ရောက်ကြရန် ပွဲကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားသည်။

“မနှစ်ကလိုပဲ စုပေါင်းပွဲတော်ကျင်းပမှာပါ။ နေရာကတော့ နိုဝင်ဘာလ(၁၀)ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ နေရာကို အတည်ပြုမှာပါ။ အများစု ခန့်မှန်းထားတာကတော့ ဟုတ်တက်ခန်းမမှာ မှန်းထားပါတယ်။ အခမ်းအနားကတော့ နှစ်တိုင်းတွေလိုပဲ မနက်ပို်င်း အလံတင် အခမ်းအနားလုပ်မယ်။ ပြီးရင် အကျွေးအမွေးနဲ့ ဧည့်ခံမယ်။ တစ်ခုပြောချင်တာကတော့ တာချီလိတ်မှာရှိတဲ့ ကရင်အမျိုးသားများ စုပေါင်းကျင်းပကြမှာမို့ အားလုံး စုပေါင်း တက်ရောက်ပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဌ မန်းမြစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ၂၀၁၆ ခုနှစ်မတိုင်မီက နေရာ (၃)ခုခွဲ၍ ကျင်းပနေရာမှ ၂၀၁၆ ခုနှစ်မှစတင်၍ တစ်နေရာထဲတွင် စုပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့၌ ကျင်းပသည့် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်တွင် အလံတင်အခမ်းအနား၊ ဘိုးဘွားကန်တော့ခြင်းများအပြင် စတိတ်ရှိုး၊ ဒုံးယိမ်းအကနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်း ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပွဲတော်သို့ တာချီလိတ်နှင့် အနီးဝန်းကျင်ဒေသများမှ ကရင်တိုင်းရင်းသား (၁၀၀၀)ဝန်းကျင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကရင်အမျိုးသားနာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~