ကျိုင်းတုံမြို့အ၀င်တွင် လမ်းသားပြိုကျ၍ ရေပိုက်များ ပျက်စီးသွာခြင်းကြောင့် ကျိုင်းတုံမြို့တွင်း ရေပေးဝေရေး (၃)ရက်ခန့် ဖြတ်တောက်မည်
ကျိုင်းတုံမြို့အ၀င်တွင် လမ်းသားပြိုကျ၍ ရေပိုက်များ ပျက်စီးသွာခြင်းကြောင့် ကျိုင်းတုံမြို့တွင်း ရေပေးဝေရေး (၃)ရက်ခန့် ဖြတ်တောက်မည်
အောကျတိုဘာ 11, 2018
By Tachileik News Agency
မိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ တောင်ကြီး မှ ကျိုင်းတုံအ၀င် မြို့ဝင်ဆိုင်းဘုတ်အနီးတွင် ရေတိုက်စားရာမှ လမ်းသားတစ်ဝက်ခန့် မြေပြိုကျသွားပြီး စည်ပင်သာယာရေး ဌာန၏ ရေပေးဝေရေး ရေပိုက်လိုင်းများ ပါသွားရာ မြို့တွင်းရေပေးဝေရေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့မှစ၍ (၃)ရက်ကြာ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
ပြိုကျသွားသည့်လမ်းပိုင်း ပြင်ဆင်ရေးအတွက် လမ်းဦးစီးဌာနက ဆောင်ရွက်နေပြီး စည်ပင်သာယာရေး ဌာနက ချောင်းတွင်းပြုတ်ကျသွားသည့် ရေပိုက်လိုင်းအား ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ တောင်ကြီး မှ ကျိုင်းတုံအဝင် မြို့ဝင်ဆိုင်းဘုတ်အနီးတွင် ရေတိုက်စားရာမှ လမ်းသားတစ်ဝက်ခန့် မြပြေိုကျသွားပြီး စည်ပင်သာယာရေး ဌာန၏ ရေပေးဝေရေး ရေပိုက်လိုင်းများ ပါသွားရာ မြို့တွင်းရေပေးဝေရေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့မှစ၍ (၃)ရက်ကြာ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
"ကျိုင်းတုံမြို့အဝင် ဆိုင်းဘုတ်နားက အကွေ့မှာ ကျိုင်းဖောင်းချောင်း(နမ့်အော်ချောင်း) ရေတိုက်စားပြီး လမ်းသားတစ်ဝက်လောက် ပဲ့ပါသွားတယ်။ မြေထိန်းနံရံ ပါပြိုကျသွားတော့ ကျွန်တော်တို့ ရေပေးဝေရေးက ပိုက်တွေက အဲဒီမှာ မြုပ်ထားတော့ ပါသွားတာ။ ပေ(၄၀)၊ ပေ(၅၀)လောက်တော့ရှိမယ်။ လမ်းသား ပြုပြင်ပြီးမှ ပိုက်တွပြေန်ဆက်လို့ရမှာဆိုတော့ လောလောဆယ်တော့ (၃)ရက်လောက် ရေပေးဝေမှု ဖြတ်တောက်ရမယ်လို့ ခန့်မှန်းထားပါတယ်။ အခြေအနေအရ ထပ်တိုးရမယ် ဆိုရင်လည်း ကြိုတင် အသိပေးမှာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၁)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံမြို့တွင် အောက်တိုဘာလ(၁၁)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုးလာရာ ကျိုင်းတုံ - တောင်ကြီးကားလမ်းမ ကျိုင်းတုံမြို့အဝင် လမ်းအကွေ့နေရာမှာ ကျိုင်းဖောင်းချောင်း ရေတိုက်စား၍ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။
ပြိုကျသွားသည့်လမ်းပိုင်း ပြင်ဆင်ရေးအတွက် လမ်းဦးစီးဌာနက ဆောင်ရွက်နပြေီး စည်ပင်သာယာရေး ဌာနက ချောင်းတွင်းပြုတ်ကျသွားသည့် ရေပိုက်လိုင်းအား ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~