တရားမဝင္ ေက်ာက္စိမ္းသယ္လာသူကို ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ထပ္မံဖမ္းမိ

တရားမဝင္ ေက်ာက္စိမ္းသယ္လာသူကို ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ထပ္မံဖမ္းမိ
အောက်တိုဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ေန႔ နံနက္အေစာပိုင္းက ဒုတိယေျမာက္ ဖမ္းဆီးရမိမႈအျဖစ္ ေက်ာက္စိမ္း သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းရိွ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ေန႔ နံနက္(၄)နာရီအခ်ိန္က မူဆယ္ဘက္သို႔ အတက္ယာဥ္မ်ားမွ ေက်ာက္စိမ္းတင္လာသည့္ ေမာ္ေတာ္ယာဥ္အား ဖမ္းဆီးရမိေသာ္လည္း ယာဥ္ေမာင္းထြက္ေျပးသြားခဲ့ကာ ေန႔လယ္ (၁၂)နာရီခြဲ ဝန္းက်င္တြင္ ခရီးသည္(၄)ဦး တင္လာသည့္ေမာ္ေတာ္ယာဥ္၌ ဝွက္၍သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္၏ ေနာက္ထုိင္ခံုေအာက္တြင္ အံဝွက္လုပ္၍ သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို ယာဥ္ေမာင္း သူရိန္ဝင္းႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းမႀကီးတြင္ တရားမဝင္ကုန္စည္သယ္ယူပို႔ေဆာင္မႈမ်ားအား သိန္းနီၿမိဳ႕နယ္ရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - အေကာက္ခြန္ဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက် ဖမ်းဆီးရမိမှုအဖြစ် ကျောက်စိမ်း သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်(၄)နာရီအချိန်က မူဆယ်ဘက်သို့ အတက်ယာဉ်များမှ ကျောက်စိမ်းတင်လာသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိသော်လည်း ယာဉ်မောင်းထွက်ပြေးသွားခဲ့ကာ နေ့လယ် (၁၂)နာရီခွဲ ဝန်းကျင်တွင် ခရီးသည်(၄)ဦး တင်လာသည့်မော်တော်ယာဉ်၌ ဝှက်၍သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်၏ နောက်ထိုင်ခုံအောက်တွင် အံဝှက်လုပ်၍ သယ်လာသည့် ကျောက်စိမ်းများကို ယာဉ်မောင်း သူရိန်ဝင်းနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် တရားမဝင်ကုန်စည်သယ်ယူပို့ဆောင်မှုများအား သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~