ကယားပြည်နယ်တွင်း လူထုစိုးရိမ်မှု မဖြစ်စေရန် တပ်မတော်နှင့် KNPP ကြား ပြည်နယ်အစိုးရနှင့် လွှတ်တော် ကြားဝင် ဆွေးနွေးပေးရန် အရပ်ဖက်အဖွဲ့ (၁၈)ဖွဲ့မှ တောင်းဆို

ကယားပြည်နယ်တွင်း လူထုစိုးရိမ်မှု မဖြစ်စေရန် တပ်မတော်နှင့် KNPP ကြား ပြည်နယ်အစိုးရနှင့် လွှတ်တော် ကြားဝင် ဆွေးနွေးပေးရန် အရပ်ဖက်အဖွဲ့ (၁၈)ဖွဲ့မှ တောင်းဆို
အောကျတိုဘာ 23, 2018
By Tachileik News Agency


အဆိုပါ တိုက်ပွဲဖြစ်မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့မှ အပြန်အလှန် ထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်နေရာ ဒေသတွင်းပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိနေသဖြင့်  ပြည်နယ်အစိုးရနှင့် လွှတ်တော်အနေဖြင့် နှစ်ဖက် တပ်များအကြား ကြားဝင် စေ့စပ်ညှိနှိုင်းပေးခြင်းများ အမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


KNPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ပြည်ထောင်စုအဆင့်ထိ ရေးထိုးထားပြီး ကယားပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း လတ်တလောအခြေအနေများကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

နှစ်ဖက်တပ်များ အနေဖြင့် ပြည်နယ်၏ ငြိမ်းချမ်းရေးကိုရှေးရှု၍ ပြည်နယ်အဆင့်၊  ပြည်ထောင်စုအဆင့် သဘော တူညီချက်စာချုပ်ပါအတိုင်း လေးစားလိုက်နာပေးကြရန်နှင့် ဒေသခံလူထု၏ စိုးရိမ် ထိတ်လန့်ခြင်းများ ဖြစ်နေသည့်အပေါ် အမြန်ဆုံး ညှိနှိုင်းကြရန်၊ အစိုးရနှင့် လွှတ်တော်မှ နှစ်ဖက်တပ်ခေါင်းဆောင်များကို ကြားဝင်ဖြေရှင်းပေးရန၊် ပြည်နယ်တွင်းရှိ အရပ်ဖက်အဖွဲ့စည်း (၁၈)ဖွဲ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုထားသည်ကို တွေ့ရသည်။


သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့က တပ်မတော်နှင့် KNPP တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း အပေါ် ပြည်နယ်အစိုးရနှင့် လွှတ်တော်က ကြားဝင်ဆွေးနွေးပေးရန် ပြည်နယ်တွင်းရှိ အရပ်ဖက်အဖွဲ့စည်း (၁၈)ဖွဲ့က အောက်တိုဘာလ (၂၂)ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါ တိုက်ပွဲဖြစ်မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ကရင်နီ အမျိုးသား တို်းတက်ရေးပါတီ (KNPP)တို့မှ အပြန်အလှန် ထုတ်ပြန်ကြငြောချက်များ ထုတ်ပြန်နေရာ ဒေသတွင်းပြည်သူများအနဖြေင့် စိုးရိမ်မှုများရှိနေသဖြင့် ပြည်နယ်အစိုးရနှင့် လွှတ်တော်အနဖြေင့် နှစ်ဖက် တပ်များအကြား ကြားဝင် စေ့စပ်ညှိနှိုင်းပေးခြင်းများ အမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ ဒီလို အပြန်အလှန် ကန့်ကွက်တာတွေ လုပ်နေတယ်။ နှစ်ဖက် တင်းမာတာတွေရှိနေတဲ့ အပေါ် အစိုးရနဲ့ လွှတ်တော်က ဘယ်ဖက်မှ မပါဘဲ ကြားဝင် ညှိနှိုင်းပေးဖို့ရယ် လက်ရှိ NCA ထိုးဖို့ ကြိုးစားနေတဲ့ အချိန် ဒီလိုတွေ မဖြစ်သင့်ဘူးလေ။ အခုဆို တိုက်ပွဲဖြစ်ခဲ့တဲ့နားက ရွာတွေဒေသခံတွေ တောင်ယာတွေ မသွားဘူး နားထားရတယ်။ အစိုးရတပ်ကလည်း ပြန်မဆုတ်သေးဘူးဆိုတော့ ထပ်ပြီး မတင်းမာဖို့ ဒေသခံတွေကတော့ အရမ်း ဆိုးရိမ်နေတာပေါ့။ CSO တွေကဆက်ပြီး စောင့်ကြည့်နေပါတယ်။ ဒါကြောင့်ဒီထုတ်ပြန်ချက်ကို ထုတ်တာ"ဟု အနာဂတ်အမျိုးသမီးအစည်းအရုံး (FWA) ဒါရိုက်တာ ဒေါ်စန္ဒါဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

KNPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ပြည်ထောင်စုအဆင့်ထိ ရေးထိုးထားပြီး ကယားပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း လတ်တလောအခြေအနေများကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နကြေကြောင်း သိရသည်။

နှစ်ဖက်တပ်များ အနဖြေင့် ပြည်နယ်၏ ငြိမ်းချမ်းရေးကိုရှေးရှု၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘော တူညီချက်စာချုပ်ပါအတိုင်း လေးစားလိုက်နာပေးကြရန်နှင့် ဒေသခံလူထု၏ စိုးရိမ် ထိတ်လန့်ခြင်းများ ဖြစ်နေသည့်အပေါ် အမြန်ဆုံး ညှိနှိုင်းကြရန်၊ အစိုးရနှင့် လွှတ်တော်မှ နှစ်ဖက်တပ်ခေါင်းဆောင်များကို ကြားဝင်ဖြေရှင်းပေးရန၊် ပြည်နယ်တွင်းရှိ အရပ်ဖက်အဖွဲ့စည်း (၁၈)ဖွဲ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုထားသည်ကို တွေ့ရသည်။

နန်းကစ်ကျေးရွာနှင့် ဗဟန်းလော့ကျေးရွာကြားတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၇)နာရီခွဲကျော်က တပ်မတော်နှင့် KNPP တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းသို့ဖြစ်ပွားခြင်းမှာ တပ်မတော်က KNPP တပ်စခန်းများအနီးသို့ သဘောတူညီချက်ပါစည်းကမ်းချက်များအတိုင်း ကြိုတင်အကြောင်းမကြားဘဲ ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု KNPP က ပြောကြားထားသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~