ကယားျပည္နယ္တြင္း တပ္မေတာ္ႏွင့္ KNPP တို႔ ထိေတြ႔ ပစ္ခတ္မႈအေပၚ ျပည္နယ္ နယ္လံု၀န္ႀကီးမွ ကန္႔ကြက္

ကယားျပည္နယ္တြင္း တပ္မေတာ္ႏွင့္ KNPP တို႔ ထိေတြ႔ ပစ္ခတ္မႈအေပၚ ျပည္နယ္ နယ္လံု၀န္ႀကီးမွ ကန္႔ကြက္
အောက်တိုဘာ 21, 2018
By Tachileik News Agency

ကယားျပည္နယ္ ဖားဆာင္းၿမိဳ႕နယ္၊ နန္းကစ္ေက်းရြာႏွင့္ ဘဟန္းေလာ့ေက်းရြာၾကား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀) ရက္ေန႔က တပ္မေတာ္ႏွင့္ KNPP တပ္ဖြဲ႔အခ်ိဳ႕ ထိေတြပစ္ခတ္မႈႏွင့္ပတ္သက္၍ ကယားျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက KNPP ထံ ေအာက္တိုဘာလ(၂၀)ရက္ေန႔တြင္ ကန္႔ကြက္စာေပးပို႔ေၾကာင္း သိရသည္။

ဖားေဆာင္းၿမိဳ႕ ၊ နန္းကစ္ေက်းရြာႏွင့္ ဘဟန္းေလာ့ေက်းရြာၾကားတြင္ KNPP တပ္ဖြဲ႔ဝင္ (၇)ဦးခန္႔က တပ္မေတာ္ စစ္ေၾကာင္းအား လက္နက္ငယ္ (၄၀)မမမ်ားျဖင့္ စတင္ ပစ္ခတ္ခဲ့ေသာေၾကာင့္ အဆိုပါ ေက်းရြာေန ျပည္သူမ်ားမွာ ထိတ္လန္႔ေၾကာက္ရြံ႕လွ်က္႐ွိၿပီး KNPP အေနျဖင့္ အခုလို စတင္ပစ္ခတ္မႈသည္ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈကို ေဖာက္ဖ်က္ျခင္းျဖစ္ေၾကာင္း၊ အလားတူျဖစ္စဥ္ ထပ္မံ မျဖစ္ပြားရန္ ေအာက္ေျခတပ္ဖြဲ႔မ်ားကို ထိန္းသိမ္းသြားရန္ႏွင့္ ယခုျဖစ္စဥ္အား ကန္႔ကြက္ေၾကာင္း ကယားျပည္နယ္ လုံၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက KNPP ဆက္ဆံေရး႐ုံးသို႔ ေပးပို႔သည့္ အေၾကာင္းၾကားစာတြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။

"ကြၽန္ေတာ္တို႔ သေဘာတူထားတဲ့ စာခ်ဳပ္ထဲမွာ တပ္ေတြသြားလာလႈပ္႐ွားရင္ အေၾကာင္းၾကားရမယ္ လို႔ပါတယ္။ အခုက အေၾကာင္းမၾကားဘဲ ကြၽန္ေတာ္တို႔ ဂိတ္ကို ျဖက္တယ္။ ၿပီးေတာ့ ေ႐ွ႕ဆက္ သြားတယ္ေပါ့ ။ သူတို႔သြားမယ့္ ေ႐ွ႕မွာလည္း ကြၽန္ေတာ္တို႔ လူေတြ႐ွိေနတယ္ေလ။ အဲဒါေၾကာင့္ ဒီလို ျဖစ္သြားတာ" ဟု KNPP ဆက္ဆံေရး႐ုံးတာဝန္ခံ ဦးေညးရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္က KNPP တပ္ဖြဲ႔ဝင္မ်ားအား ႐ွားေတာၿမိဳ႕နယ္တြင္ တပ္မေတာ္က ပစ္သတ္ခဲ့မႈျဖစ္စဥ္ရိွခဲ့သျဖင့္ ေဒသတြင္း စိုးရိမ္ပူပန္မႈမ်ားရိွေနရာ ယခုကဲ့သို႔ အပစ္ရပ္သေဘာတူညီခ်က္ပါအတိုင္း တပ္ဖြဲ႕အခ်င္းခ်င္း အေၾကာင္းၾကား သြားလာမႈမျပဳျခင္းႏွင့္ပတ္သက္၍ ျပည္နယ္အစိုးရက ဦးေဆာင္၍  ႏွစ္ဖက္ တပ္ေခါင္းေဆာင္မ်ား အျမန္ဆုံး ေတြ႔ဆုံေဆြးေႏြးသင့္ေၾကာင္း ကယားျပည္နယ္႐ွိ LAIN Technical Support Group မွ ဒါ႐ုိက္တာ ကိုေက်ာ္ထင္ေအာင္က အၾကံျပဳေျပာဆိုသည္။

ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္ နန္းကစ္ေက်းရြာႏွင့္ ဘဟန္းေလာ့ေက်းရြာၾကားတြင္ KNPP နယ္ေျမအတြင္း တပ္မေတာ္က အေၾကာင္းၾကားျခင္းမရိွဘဲ ဝင္ေရာက္သျဖင့္ ထိေတြ႕ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဖားဆာင်းမြို့နယ်၊ နန်းကစ်ကျေးရွာနှင့် ဘဟန်းလော့ကျေးရွာကြား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့က တပ်မတော်နှင့် KNPP တပ်ဖွဲ့အချို့ ထိတွေပစ်ခတ်မှုနှင့်ပတ်သက်၍ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက KNPP ထံ အောက်တိုဘာလ(၂၀)ရက်နေ့တွင် ကန့်ကွက်စာပေးပို့ကြောင်း သိရသည်။

ဖားဆောင်းမြို့၊ နန်းကစ်ကျေးရွာနှင့် ဘဟန်းလော့ကျေးရွာကြားတွင် KNPP တပ်ဖွဲ့ဝင် (၇)ဦးခန့်က တပ်မတော် စစ်ကြောင်းအား လက်နက်ငယ် (၄၀)မမများဖြင့် စတင် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါ ကျေးရွာနေ ပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့လျှက်ရှိပြီး KNPP အနဖြေင့် အခုလို စတင်ပစ်ခတ်မှုသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ အလားတူဖြစ်စဉ် ထပ်မံ မဖြစ်ပွားရန် အောက်ခြေတပ်ဖွဲ့များကို ထိန်းသိမ်းသွားရန်နှင့် ယခုဖြစ်စဉ်အား ကန့်ကွက်ကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက KNPP ဆက်ဆံရေးရုံးသို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

"ကျွန်တော်တို့ သဘောတူထားတဲ့ စာချုပ်ထဲမှာ တပ်တွေသွားလာလှုပ်ရှားရင် အကြောင်းကြားရမယ် လို့ပါတယ်။ အခုက အကြောင်းမကြားဘဲ ကျွန်တော်တို့ ဂိတ်ကို ဖြက်တယ်။ ပြီးတော့ ရှေ့ဆက် သွားတယ်ပေါ့။ သူတို့သွားမယ့် ရှေ့မှာလည်း ကျွန်တော်တို့ လူတွေရှိနေတယ်လေ။ အဲဒါကြောင့် ဒီလို ဖြစ်သွားတာ" ဟု KNPP ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က KNPP တပ်ဖွဲ့ဝင်များအား ရှားတောမြို့နယ်တွင် တပ်မတော်က ပစ်သတ်ခဲ့မှုဖြစ်စဉ်ရှိခဲ့သဖြင့် ဒေသတွင်း စိုးရိမ်ပူပန်မှုများရှိနေရာ ယခုကဲ့သို့ အပစ်ရပ်သဘောတူညီချက်ပါအတိုင်း တပ်ဖွဲ့အချင်းချင်း အကြောင်းကြား သွားလာမှုမပြုခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက ဦးဆောင်၍ နှစ်ဖက် တပ်ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသင့်ကြောင်း ကယားပြည်နယ်ရှိ LAIN Technical Support Group မှ ဒါရိုက်တာ ကိုကျော်ထင်အောင်က အကြံပြုပြောဆိုသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာနှင့် ဘဟန်းလော့ကျေးရွာကြားတွင် KNPP နယ်မြေအတွင်း တပ်မတော်က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်သဖြင့် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~