ေက်ာက္မဲၿမိဳ႕နယ္တြင္ ေမြးရပ္ေျမကိုခ်စ္ေသာသူငယ္ခ်င္းမ်ားအဖြဲ႕က မူလတန္းလြန္ေက်ာင္း အေဆာက္အဦႏွင့္ သင္ေထာက္ကူမ်ား လွဴဒါန္း

ေက်ာက္မဲၿမိဳ႕နယ္တြင္ ေမြးရပ္ေျမကိုခ်စ္ေသာသူငယ္ခ်င္းမ်ားအဖြဲ႕က မူလတန္းလြန္ေက်ာင္း အေဆာက္အဦႏွင့္ သင္ေထာက္ကူမ်ား လွဴဒါန္း
အောက်တိုဘာ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္၊ မက္မန္းကုန္းေက်းရြာ အေျခခံပညာ မူလတန္းလြန္ ေက်ာင္းတြင္ ေက်ာက္မဲၿမိဳ႕မွ ေမြးရပ္ေျမကို ခ်စ္ေသာ သူငယ္ခ်င္းမ်ားအဖြဲ႔က ေဆာက္လုပ္လွဴဒါန္းသည့္ စာသင္ေက်ာင္းေဆာင္သစ္ႏွင့္ သင္ေထာက္ကူပစၥည္းမ်ားကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၇) ရက္ေန႔တြင္ ေက်ာင္းတာဝန္ရိွသူမ်ားထံ လႊဲေျပာင္းအပ္ႏွံလုိက္ေၾကာင္း သိရသည္။

အဆိုပါ လွဴဒါန္းမႈမွာ ေက်ာက္မဲၿမိဳ႕ခံ ေက်ာင္းသူ၊ေက်ာင္းသားေဟာင္းမ်ား စုေပါင္းဖြဲ႔စည္းထားသည့္ ေမြးရပ္ေျမကို ခ်စ္ေသာ သူငယ္ခ်င္းမ်ားအဖြဲ႔၏ စတုတၳေျမာက္လွဴဒါန္းမႈျဖစ္ေၾကာင္း သိရသည္။

“ေက်ာင္းေဆာင္က က်ပ္သိန္း (၁၁၀) ေက်ာ္ကုန္က်မွာ ျဖစ္ပါတယ္။ စာသင္ခံုေတြရယ္၊ သင္ေထာက္ကူ ပစၥည္းေတြနဲ႔ အခန္းကန္႔ဖို႔အတြက္ေတြကေတာ့ က်ပ္ (၁၀) သိန္းေက်ာ္ရွိပါတယ္။ သူငယ္ခ်င္းေဟာင္းေတြ စုစည္းလွဴဒါန္းတဲ့ ေငြေတြနဲ႔ စာသင္ေက်ာင္းအတြက္ လွဴဒါန္းတာျဖစ္ပါတယ္” ဟု ေမြးရပ္ေျမကိုခ်စ္ေသာ သူငယ္ခ်င္းမ်ားအဖြဲ႔မွ  ဦးစိုင္းထြန္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသစ္ေဆာက္လုပ္လွဴဒါန္းသည့္ ေက်ာင္းေဆာင္မွာ အက်ယ္ (၄၅ ေပ× ၂၀ ေပ) ရွိၿပီး သြပ္မိုး၊ အုတ္ကာ၊ သံကူကြန္ကရစ္အမ်ိဳးအစား အေဆာက္အဦျဖစ္ကာ လက္ရွိတြင္ေဆာက္လုပ္ေနဆဲျဖစ္ၿပီး ၂၀၁၈ ခုႏွစ္အတြင္း အသံုးျပဳ ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ရွိ ေက်ာင္းသူ၊ေက်ာင္းသားေဟာင္းမ်ား စုေပါင္းကာ ေမြးရပ္ေျမကို ခ်စ္သာသူငယ္ခ်င္းမ်ား အဖြဲ႔ကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၈) ရက္ေန႔က စတင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မက်မန်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ကျောက်မဲမြို့မှ မွေးရပ်မြေကို ချစ်သော သူငယ်ချင်းများအဖွဲ့က ဆောက်လုပ်လှူဒါန်းသည့် စာသင်ကျောင်းဆောင်သစ်နှင့် သင်ထောက်ကူပစ္စည်းများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကျောင်းတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုမှာ ကျောက်မဲမြို့ခံ ကျောင်းသူ၊ကျောင်းသားဟောင်းများ စုပေါင်းဖွဲ့စည်းထားသည့် မွေးရပ်မြေကို ချစ်သော သူငယ်ချင်းများအဖွဲ့၏ စတုတ္ထမြောက်လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

“ကျောင်းဆောင်က ကျပ်သိန်း (၁၁၀) ကျော်ကုန်ကျမှာ ဖြစ်ပါတယ်။ စာသင်ခုံတွေရယ်၊ သင်ထောက်ကူ ပစ္စည်းတွေနဲ့ အခန်းကန့်ဖို့အတွက်တွေကတော့ ကျပ် (၁၀) သိန်းကျော်ရှိပါတယ်။ သူငယ်ချင်းဟောင်းတွေ စုစည်းလှူဒါန်းတဲ့ ငွေတွေနဲ့ စာသင်ကျောင်းအတွက် လှူဒါန်းတာဖြစ်ပါတယ်” ဟု မွေးရပ်မြေကိုချစ်သော သူငယ်ချင်းများအဖွဲ့မှ ဦးစိုင်းထွန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသစ်ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်မှာ အကျယ် (၄၅ ပေ× ၂၀ ပေ) ရှိပြီး သွပ်မိုး၊ အုတ်ကာ၊ သံကူကွန်ကရစ်အမျိုးအစား အဆောက်အဦဖြစ်ကာ လက်ရှိတွင်ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ ကျောင်းသူ၊ကျောင်းသားဟောင်းများ စုပေါင်းကာ မွေးရပ်မြေကို ချစ်သာသူငယ်ချင်းများ အဖွဲ့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~